Mascara 101 & Giveaway

By 6:30 AM






ဒီတစ်ပတ်အတွက် လူတိုင်းလိုချင်တဲ့ မျက်တောင်အတုလေးလို ထူထူကော့ကော့လေးဖြစ်ဖို့ mascara ဆိုးနည်း လျှို့ဝှက်ချက်လေးကို ဝေမျှပေးဖို့ စိတ်ကူးထားပါတယ်။

1. မျက်တောင် ထူထူလေးရဖို့ eyelash curler နဲ့ ကော့ပြီးတဲ့ အခါ mascara မထပ်ခင် ဆက်ကြား ဘရပ်ရှ်လေးနဲ့ ပေါင်ဒါပါးပါး လိုက်သုတ်ပါ။ တချို့တွေ baby powder သုံးကြတယ်။ ရလဒ်က မကွာပါဘူး။

2. နှစ်ထပ် သုံးထပ်ကော့ပါ။ တစ်ခါကော့ပြီးရင် ၂ မိနစ်လောက်စောင့် ပြီးမှ နောက်တစ်ထပ် ထပ် ပေးပါနော်။ မခြောက်ခင် ထပ်မိရင် မျက်တောင်တွေ ဟိုပူးဒီပူးနဲ့ အခဲခဲ အလုံးလုံးတွေ ဖြစ်သွားနိုင်တယ်။ ကြည့်မကောင်းဘူးဟုတ်။  နောက်တစ်ခုလုပ်နိုင်တာက ကော့တံကို  တစ်သျှူးပေါ် တခါလောက် ဖြန့်ပြီး တခါတခါ ကော့တံကို ထုတ်လိုက်ရင် ပိုပြီးပါလာတဲ့ mascara တွေကို ဖယ်လိုက်ပါနော်။

 3. မျက်ထောင်ထူချင်ရင် ကော့တံကို အလျားလိုက်ကိုင်ပြီး တစ်ချောင်းချင်းစီကို ရှည်ချင်ရင် ဒေါင်လိုက်ကိုင်ပြီး ဆိုးပေးပါ။



4. မျက်တောင်ဆိုးတဲ့အခါ ကော့တံကို မျက်တောင်အောက်ခြေကနေ အဖျားထိ ပင့်တင်လိုက်ပြီးရင်ပဲ ကိစ္စကြီး ပြီးမြောက်သွားပြီ မထင်ပါနဲ့။ :D အထူအပါး ညီညီ ညာညာလေး ဖြစ်ဖို့ မျက်တောင် ကော့နေတဲ့အချိန် ဘယ်ညာနည်းနည်း ရှေ့တိုးနောက်ဆုတ်လုပ်ပြီးကော့ပါနော်။


5. ဘယ်နေရာလွတ်သွားလဲ ပြန်ကြည့် ပြီး ကျွတ်ကြဲနေတဲ့ နေရာလေးကို ကော့တံ အဖျားလေးနဲ့ တစ်ချောင်းချင်းစီ လိုက်တင်ပေးပါ။ လိုင်နာ အရည်လေးနဲ့ လိုက်တို့လည်းရတယ်နော်။ ထိန်းရ ပိုလွယ်တာပေါ့။


Extra tip : မဆိုးတာကြာပြီမို့လို့ mascara တွေ ပျစ် ခြောက်ပြီး ဆိုးလို့မကောင်းတော့ဘူးလား? ရေနွေးလေး ခဏ စိမ်ထားလိုက်ပါနော်။



သနပ်ခါးမေ စာဖတ်သူများသို့ (Please read this)

 မြတ်ကြည် ဒီ ဘလော့လေးမှာ ဆောင်းပါးလေးတွေကို တပတ်တခါ၊ facebook မှာတော့ တိုတိုထွာထွာလေးတွေကို ၂ရက်ကို ၁ ခါလောက် ပုံမှန် တင်ပေးဖြစ်ပါတယ်။ အသစ်တင်တာနဲ့ ဖတ်ချင်တယ်ဆို မြတ်ကြည်ရဲ့ သနပ်ခါးမေ စာမျက်နှာလေးကို Like လုပ်ထားလိုက်ပါနော်။ တော်တော်များများတော့ လုပ်ပြီးသားနေမှာ။ :D

ဘာလို့ဆိုတော့ facebook page မှာ LIKE တစ်ထောင်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးဖို့ လုပ်ထားပါတယ်။ (၈၉ ယောက် ကျော်ပြီးမှ တရေးနိုး) လက်ဆောင်လေးက ကကြီးက ပါးနီ အရည်လေးပါ။ အမှုန့်သုံးတာနဲ့ ကွာပြီး မျက်နှာနဲ့ ပိုတသားတည်း ဖြစ်တယ်။ မြတ်ကြည်သုံးတာ ကုန်ခါနီးမို့ ထပ်မှာထားတာ။ ကွကို အတွက်တစ်ခု၊ စာဖတ်သူအတွက်တစ်ခု။ တစ်လုံးကမီးထွန်းဖို့၊ တစ်လုံးက ကက်စိ ဖွင့်ဖို့။ lol :P

အလှကုန် အသစ်လေး စမ်းသုံးကြည့်ချင်တယ်ဆို ဒီအောက်က လင့်လေးကို click ပြီး ဖတ်ခဲ့ဖူးတဲ့ အထဲမှ အကြိုက်ဆုံး ပို့စ် ခေါင်းစဉ်လေး တစ်ခုကို comment မန့်ခဲ့ပေးပါနော်။

www.facebook.com/thanakharmay  

မန့်ပေးတဲ့ သူတွေထဲမှ ပြန်ရွေးမှာမို့လို့ပါ။
(ဒီတစ်ခေါက်တော့ လက်ဆောင်လေးကို ပြည်တွင်းပဲ ပို့ပေးနိုင်တော့မယ်။ :( ဟိုမှာမရှိတော့ ပြည်ပကို ပါဆယ်ပို့ရတာ အရင်လောက်မလွယ်လို့ နားလည်ပေးပါနော်)

Thanks all and please feel free to participate in my little giveaway event. :)
xoxo







You Might Also Like

3 comments

  1. ချစ်စရာကောင်းတဲ့မြတ်ကြည်လေး။
    အိုင်အိုရာ

    ReplyDelete
  2. ဟယ် mascara tipsလေးအတွက်လဲသဘောကျ.
    လက်ဆောင်ပေးမယ့်အစီအစဉ်လေးကော သဘောကျ.. အိုအသိနောက်ကျနေပြီ။ပြေးမန့်လိုက်အုန်းမှ :P :P

    ReplyDelete