Office friendly လေ့ကျင့်ခန်း များ
By Mrs. Bagel 10:49 PM အစားစာနှင့် လေ့ကျင့်ခန်း (Diet and Exercise)အလုပ်ဝင်ပြီဆို လေ့ကျင့်ခန်းရယ် လို့ တိတိကျကျ မလုပ်ဖြစ်ကြတော့ပါဘူး။ ကျွန်မကိုပဲ ကြည့်။ တစ်နေ့တစ်နေ့ ထိုင်ခုံမှာထိုင်လိုက်၊ အလုပ်လေး ထလုပ်လိုက်နဲ့။ :D ပြန်လာတော့ ပင်ပန်းတာလေး အကြောင်းပြ၊ တီဗီလေး ထိုင်ကြည့်၊ စာလေးနည်းနည်း ပါးပါး ဖတ်ပြီး အိပ်တော့တာပဲ။
တစ်နေကုန် အလုပ်မှာ ထိုင်နေရတာလည်း ပင်ပန်းတာပါပဲ။ ခါးနာ၊ ဇက်ကြောတက်၊ ဗိုက်ခေါက်ထူတာ သူ့ရဲ့ အကျိုးတွေပေါ့။ ဒီ တစ်ခေါက်တော့ Forbes မဂ္ဂဇင်းမှာ တင်ထားတဲ့ အလုပ်ခွင်မှာ လုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေ ဝေမျှလိုက်ပါတယ်။
မတ်မတ်ထိုင်၊ ဒူးခေါင်းကို ၉၀ ဒီဂရီကနေ ၁၈၀ ထိဆန့်၊ ပြန်ချ။ တစ်ဖက်ကို ၁၅ ကြိမ်။
ခြေထောက်ကို တင်ပလ္လင်ခွေ ချိတ်၊ ဗိုက်ကိုရှပ်၊ လက်ရမ်းပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို အားပြုပြီး ကိုယ်ကို မတင်ပါ။ ၁၀ - ၂၀ စက္ကန့် ထိန်းပြီး ပြန်ချပါ။
မတ်မတ်ရပ်၊ စားပွဲခုံကို ကျောပေးပြီး လက်နှစ်ဖက်ကို စားပွဲပေါ်တင်ထားပါ။ ပြီးနောက် စားပွဲနဲ့ တစ်တန်းတည်း ဖြစ်အောင်ထိုင်ချပါ။ ၁၀ကြိမ်မှ အကြိမ် ၂၀။
ဒါကတော့ ကွန်ပြူတာ တစ်နေ့လုံး သုံးရတဲ့ သူတွေအတွက်ပါ။ လက်ကို လက်ကောက်ဝတ်ကနေ ၁၅ စက္ကန့်လောက်ဖိပြီး တစ်နေကုန် စာရိုက်ရလို့ ညောင်းနေတဲ့လက်က အကြောလျှော့ပေးနိုင်ပါတယ်။
ညာဘက်လက်ကို စားပွဲပေါ်တင် ဘယ်ဘက်လက်ကို ဘေးမှာထား၊ ဘယ်ဘက်သို့လှည့်ပြီး ၁၀ စက္ကန့် ထိန်းပါ။ ညာဘက်ကို လည်း အလားတူ ပြုလုပ်ပါ။
ညာဘက်လက်ကို ကျောပေါ်မှကျော် ဘယ်ဘက်လက်နှင့် ညာလက် ကျောအလည်မှာ ဆုံတဲ့ အနေအထားမှာ ၁၀ စက္ကန့် ထိန်းထားပါ။ ဘယ်ဘက်ကိုလည်း အလားတူပြုလုပ်ပါ။
ခြေထောက်ကို ခုံပေါ်တင် လက်နှစ်ဘက်ကို အရှေ့ကိုဆန့်၊ ကိုယ်ကို ကိုင်းချပြီး ၁၀ စက္ကန့် ထိန်းပါ ။ခြေထောက် တစ်ဖက်ချင်းစီကို တစ်ကြိမ်စီ။
ဘယ်လက်ကောက်ဝတ်ကို ညာနဲ့ထိန်း ညာဘက်သို့ ကိုင်းချပြီး ၁၀ စက္ကန့် ထိန်းပါ။ ညာလက်ကောက်ဝတ်ကို ဘယ်နဲ့ထိန်း ဘယ်သို့ ၁၀ စက္ကန့် ကိုင်းချပါ။
ခန္ဒာကိုယ်ကို ၆၀ဒီဂရီလောက်ချိန်ပြီး စားပွဲခုံပေါ် လက်ထောက်ပါ။ လက်ကို ကွေးနိုင်သမျှကွေးပြီး နဂို အနေအထားသို့ ပြန်သွားပါ။ အကြိမ် ၂၀။
ထိုင်ခုံကို ကျောပေးပြီး မတ်မတ်ရပ်ပါ။ လူကို ထိုင်ခုံးနဲ့ ထိတဲ့ အနေအထားအထိဖြေးဖြေးချင်း ထိုင်ချပါ။ အကြိမ် ၂၀။
သူ့မှာ အကြောလျှော့တာရော၊ ကြွက်သား ကျစ်လစ်စေဖို့ အတွက်ရော ပါတာမို့ တကယ်လိုက်လုပ်နိုင်မယ်ဆို တော်တော် အဆင်ပြေမယ့် လေ့ကျင့်ခန်း အတွဲလေးပါ။ လေ့ကျင့်ခန်း ဟာ ခန္ဒာကိုယ် အသက်ရှည်ကျန်းမာဖို့ မရှိမဖြစ် လိုအပ်တာကြောင့် အလုပ်ကြောင့် အချိန်မပေးနိုင်သူများအတွက် ဒါလေးထဲက တချို့ဟာ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
( ညီမလေး Ash ရဲ့ Challenge အတွက်)
သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။ :)