Skin Care တွေ မိတ်ကပ် product တွေက အသစ်အသစ်တွေ ပေါ်လာလိုက်တာ၊ ကိုယ်ကလည်း အသစ်ပေါ်တာလေးတွေ ဝယ်ရင်းဝယ်ရင်းနဲ့ ဘာကို ဘယ်အစီအစဉ်မှာ ထည့်လိမ်းရမယ်မသိဖြစ်လာရော။ အစီအစဉ်လေးတွေမှန်မှ အသားအရေအတွက် ရလာဒ်ကောင်းမှာဖြစ်သလို၊ မိတ်ကပ်လေးလည်း အသားတကျ ရှိနိုင်မှာပါ။ ဥပမာ။ ။ နေရောင်ကို ပြည့်ပြည့်ဝဝ ကာကွယ်နိုင်ဖို့ moisturizer လိမ်းပြီးမှ Sunscreen လိမ်းတာမျိုး၊ မိတ်ကပ်လိမ်းပြီးခါမှ ရှဲဒိုးအမှုန်တွေ မျက်နှာပေါ်ကျမှာ မပူရဖို့ အိုင်းရှဲဒိုးကို မျက်နှာမလိမ်းခင် ကြိုချယ်တာမျိုးပေါ့
။
ဒီနေ့ Pop Sugar မှာ You have been Applying your Skin Care and Makeup in wrong Order ခေါင်းစဉ်လေး ဖတ်မိလို့ သဘောကျတာနဲ့ ပျိုမေတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။
Skin Care
သတိလေးထားဖို့က skin care တစ်ခုခြောက်အောင်စောင့်ပြီးမှ တစ်ခုလိမ်းဖို့ပါ။ အစီစဉ် မကျိန်းသေဘူးဆိုရင် consistency အပေါ့ပါးဆုံး ကို အရင်လိမ်းပြီး နောက်တဖြည်းဖြည်းပျစ်တဲ့ product တွေကို လိမ်းပေးသွားနိုင်ပါတယ်။ ညမှာဆိုရင်တော့ နောက်ဆုံးအဆင့်မှာ night cream ကို အစားထိုးသွားပေးပေါ့။
အစီအစဉ်လေးတွေက-
- Cleanser
- Facial scrub
- Treatment mask
- Toner or Essence
- Acne spot treatment
- Serum
- Eye cream
- Moisturizer
- Facial Oil
- SPF (Sunscreen)
Makeup
မိတ်ကပ်လိမ်းတဲ့အခါ foundation က အရင်လား concealer က အရင်လား အငြင်းပွါးစရာရပါ။ ပညာရှင်တွေကတော့ blending ပိုင်နိုင်ဖို့သာ အရေးကြီးတယ်လို့ဆိုပါတယ်။ Eye makeup ကို မျက်နှာကို ဘာမှ မချယ်သခင် အရင်လိမ်းရမှာ တမျိုးကြီးဖြစ်ပေမယ့် ဒီအစီစဉ်တိုင်းလိမ်းပြီး final ပုံထွက်လာတဲ့အခါ သူတို့ကို ကျေးဇူးတင်နေပါလိမ့်မယ်တဲ့။
အစီအစဉ်လေးတွေက-
- Primer (Eye-shadow primer လည်းပါပါတယ်)
- Eye-shadow
- Eye liner
- Mascara +/- မျက်တောင်တု
- မျက်ခုံးဆွဲ ခဲတံ/ gel
- Concealer
- Foundation
- Contouring powder
- Bronzer
- ပါးနီ
- Highlighter
- Setting (မျက်နှာလိမ်း) powder
- နှုတ်ခမ်း liner
- နှုတ်ခမ်းနီ
- Lip gloss
- Makeup setting mist
မြတ်ကြည်လည်း လိမ်းသာ လိမ်းနေတာ ဒီနေ့မှ အစီအစဉ် ဂဃနဏ သိရတော့တယ်။ :D စာဖတ်သူ ပျိုမေတွေလည်း လက်တွေ့ လိမ်းတဲ့အခါ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
အလှတွေပိုနိုင်ကြပါစေ။