အသားဖြူစေမယ့် သဘာဝနည်း

By 4:09 AM

အသားကိုဖြူစေတဲ့ အလှကုန်အများစုမှာ မယ်လနင် (melanin) ကို ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေကို သေစေနိုင်တဲ့ hydroquinone ဒါမှမဟုတ် mercury ပါဝင်ကြပါတယ်။ အနည်းငယ်ဆို ကိစ္စမရှိပေမယ့် အချိန်ကြာကြာသုံးစွဲလာရင်တော့ လူခန္ဒာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

ဒီဆောင်းပါးမှာဖော်ပြထားတဲ့ နည်းလမ်းလေးကို ယခင် CNN နဲ့ အမျိုးသမီး မဂ္ဂဇင်း တချို့မှာ editior လုပ်ခဲ့ဖူးပြီး သဘာဝအလှကုန် Petite Marie Organics ကိုဦးဆောင်နေတဲ့ Julie Gabirel ရေးတဲ့ The Green Beauty Guide မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အသားဖြူစေရုံသာမကပဲ မျက်နှာပေါ်မှာရှိတဲ့ အစက်အပျောက်၊အမာရွတ်တွေကိုလည်း မှိန်စေနိုင်ပါတယ်။





လိုအပ်တာတွေက-


ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာရည် လက်ဘက်ရည်ဇွန်း ၄ဇွန်း
ဒိန်ချဉ် လက်ဘက်ရည်ဇွန်း ၃ဇွန်း
ကြက်ဥတစ်လုံး (အကာ) တို့ဖြစ်ကြပါတယ်။


အသုံးပြုပုံ
အထက်မှာဖော်ပြထားတဲ့ ပစ္စည်းတွေကို သမအောင်မွှေပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်စောင့်ပြီး ရေကြက်သီးနွေးနဲ့  ဆေးချလိုက်ရုံပါပဲ။ လက်ကျန်ကို ရေခဲသတ္တာထဲမှာ တစ်ပတ်စာလောက် သိမ်းထားနိုင်ပါတယ်။

သံပုရာသီးနဲ့ ဒိန်ချဉ်က အစက်အပျောက်နဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး ကြက်ဥအကာက အသားအရည်ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ ပျားရည်ကတော့ ရောဂါပိုးတွေကို သေစေနိုင်ပြီး အသားကိုနူးညံ့ချောမွေ့စေမှာပါ။

၈ ကြိမ်လောက်လုပ်ပြီးရင်၊ ထူးခြားချက်ကို မြင်တွေ့ရပါလိမ့်မယ်. :)

လတ်တလော မြတ်ကြည်

ဒီနေ့ရွ ထပြီး ဆံပင်သွားညှပ်လိုက်တာ၊ ပုံဆိုးပန်းဆိုးဖြစ်သွားတယ်။

မညှပ်ခင်
ညှပ်ပြီး














:ball3: ယူကြုံးမရဖြစ်နေပုံ


စာလုပ်စရာတွေ တောင်ပုံရာပုံဖြစ်နေလို့၊ ဆောင်းပါးလေးတွေ အတင်ကျဲနေပါတယ်။ အသစ်တင်တာမရှိလို့ စာဖတ်သူတွေ စိမ်းသွားမှာစိုးတယ်။ အချိန်ရရင်တော့ ရသလို၊ တင်ပေးသွားမှာပါ။  
သနပ်ခါးမေ စာဖတ်ပရိတ်သတ်များအားလုံး Sweet december ပါရှင်။


You Might Also Like

10 comments

  1. ယူကြုံးမရစရာလား အဲဒါ
    ဒလောက်လှတာကို
    အဲ့ပုံမကြိုက်ရင်.မိစံနဲ့လဲမယ်လေး)
    ကိုရီးယားကေကနေ.ဂျပန်ကေပြောင်းသွားတာပေါ့ :P
    ဘယ်ဆိုင်မှာညှပ်တာလဲဟင်း)

    ReplyDelete
  2. ဘာကိုယူကြုံးမရတာတုန်း.. လှပါတယ်... ပိုတောင်နုသွားသေးတယ်.. မသိရင် ကိုရီးယားမ ကျနေတာပဲ... cute cute :D :D

    ReplyDelete
  3. လှပါတယ်မြတ်ကြည်လေးရဲ့ ..ဟုတ်တယ် ကင်ဒီပြောသလိုဘဲ ပိုတောင်နုသွားသေးတယ်။ ညှပ်ခါစဆိုရင် ဒီလိုဘဲခံစားရတယ်လေ။ တပါတ်လောက်ဆိုရင် ပုံကျသွားရော။ အဲဒီကျရင် ဓါတ်ပုံလေးထပ်တင်ပေးအုန်းနော်။း)
    အိုင်အိုရာ

    ReplyDelete
  4. အေးလေ...ဒီလောက်လှတာကို
    ပြုံးပြုံးလေးနေလိုက် ပိုတောင်လှအုံးမှာ

    ReplyDelete
  5. ဟီးဟီး ဒီနေ့ ကွကိုပြန်ကြည့်တော့ စိတ်ချမ်းသာနေသား ..

    ReplyDelete
  6. Cutie Myat Kyi!
    Do what you have to study straight.Don't worry for your block.We regular visitors won't be green and ever pink to you......:P
    Gyidaw

    ReplyDelete
  7. ဒီပုံကို ပုံဆိုးပန်းဆိုးဆို တို့ တွေတော့ တေဖို့ ပဲရှိတယ် မျက်ကျိ မွမွ သိပ်ချစ်ဖို့ ကောင်း

    ReplyDelete
  8. မပြောဘူးလား။ တပါတ်တောင်မကြာလိုက်ဘူး ပုံကျသွားပြီလို့ ထင်တယ်မဟုတ်လား။ ချစ်ဘို့ ကောင်းတဲ့မြတ်ကြည်လေး စိတ်ချမ်းသာသွားတယ်ဆိုလို့ ဝမ်းသာပါတယ်ရှင်။
    အိုင်အိုရာ

    ReplyDelete