တိမ်ပြာပြာနေ့တစ်နေ့ နဲ့ Ethiopian Spaghetti
Picnic Day
ကလေးတွေရဲ့ သူငယ်ချင်းက Ethiopia က။ သူ့ဆီက ချက်နည်း သင်ပြီး ပြန်လက်စွမ်းပြကြတာ။ ဒီက စားသုံးသူ။ :)))
စားကောင်းတာနဲ့ ကလေးတွေကို မေးကြည့်ပြီး ပြန်ပြီးဝေမျှလိုက်ပါတယ်။
ချက်နည်း
ခရမ်းချဉ်သီး spaghetti ဆော့စ် ကို နွှေးပြီး တစ် ပန်းကန် သပ်သပ်ထည့်။ ဝက်သားကို ကြက်သွန်နီနဲ့ ချက်၊ ပြီးရင် မုန်လာဥ၊ အာလူး၊ ငရုတ်ပွ၊ ပန်းဂေါ်ဘီစိမ်း တို့နဲ့ပြန်ရော၊ အဲဒါက တစ်ခွက်။ ခေါက်ဆွဲက spaghetti ခေါက်ဆွဲကို မကပ်အောင်ဆီထည့်ပြီး ပြုတ်။ စားခါနီးမှ အကုန်လုံးကို ပုံပေးပြီး စားကြပါတယ်။ အအီကြိုက်ရင်တော့ chedder cheese ကို ခြစ်ထည့်ပါတယ်။
Nature Republic : Style Lean Nail Stickers
အခု Nature Republic က လက်သည်း stickers လေးတွေ လှတယ်။ ဒီဇိုင်း မျိုးစုံရှိတယ်။ တစ်ခု အစမ်းဝယ်ပြီး လုပ်ကြည့်ထားတာ။ တစ်ခု နှစ်ထောင်ဆိုပေမယ့် လှတော့ ဝယ်ရတာ တန်ပါတယ်။
Style Lean Nail Sticker
ကပ်တဲ့ အခါ နည်းနည်း ရှည်ထွက်တာရှိတယ်။ ကပ်ပြီးမှ လက်သည်းညှပ် ကပ်ကြေးနဲ့ ပြန်ညှိပါတယ်။ အဲဒါပိုအဆင်ပြေတယ်။ :)
မညှပ်ခင်
ညှပ်ပြီး
Instagram application
Before |
After |
ပြောချင်တာတွေများတာနဲ့ အသုပ်စုံ ဆန်သွားမလားမသိ။ ရေးတဲ့ထဲက တစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြတ်ကြည် ရှေ့လျှောက်အတွက် tutorial လေးတွေ လုပ်ဖို့ ရှိပါတယ်။ အရပ်ရှည်တဲ့ နည်းလည်း ရှာပြီးရင် ရေးပေးပါမယ်နော်။
စာဖတ်သူများ သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
16 comments
အီသီယိုးပီးယားဆိုလို့လိုက်ရှာနေတာ African လည်းတစ်ယောက်မှ မတွေ့ဘူးနော်.အစ်မ.
ReplyDeleteလာရောက်စပ်စုသွားပါကြောင်း..
ReplyDeleteအကုန်လုံးချစ်ချာလေးတွေ...း)
ReplyDeleteစပါကတီကိုဝက်သားနဲ့ တခါမှမစားဖူးဘူး
လက်သည်းတောင်ဘာမှမလုပ်တာကြာပြီ
ဘီဖိုးရော အပ်ဖ်ထှာရော လတ်တလောကောအကုန်လှတယ်း)
စပါဂတီက စားချင်းစရာလေး
ReplyDeleteအရောင်လေးလည်း လှတယ်
မြတ်ကြည်လက်သည်းလေးလည်း လှတယ်တော့
အဲဒီစတစ်ကာလေး လိုချင်သားနော် :P
အကုန် အချောလေးတွေ..ကျောင်းမှာလည်း အင်သီယိုးပီးယန်းတွေက အုပ်တောင့်တယ်..ပျော်စရာကြီး...
ReplyDeleteချစ်စရာလေးတွေတော့
ReplyDeleteအားကျတယ် ညလေးရေ
အမ စိတ်ထဲမှာ ညလေး တို့ဒီလောက် အဖွဲ့ကောင်းလိမ့်မယ်လို့ မထင်ထားဖူး တကယ်
ချစ်တဲ့ Qt
မန့် ထားတာ ဘယ်ပျောက်သွားလဲ မသိဖူး
ReplyDeleteညလေးတို့က ချစ်စရာလေးတွေ ပါလား
သူငယ်ချင်းတွေလဲ အများကြီးပဲ ... အဲ့လောက် အဖွဲ့ကောင်းလိမ့်မယ်လို့တောင် ထင်မထားဖူး
အား ကျ ထှာ..........
လက်သည်းစတိုင်လေးလဲ မိုက်တယ် :)
အားသွားပြီပေါ့.. လျှောက်လည်ပြီး စာလည်း တင်နေပြီဆိုတော့ :D
ReplyDeleteကွန်မကောင်းဘူး အစ်မရယ် ...
ReplyDeleteအောက်ဆုံးက Before And After ပုံလေးနှစ်ပုံပဲ
ကြည့်ခဲ့ရတယ်
သူငယ်ချင်းလေးတွေ အများကြီးပဲ... ပျော်စရာ... လက်သည်းမှာ ကပ်ရတာလေး စိတ်ဝင်စားသွားတယ်... ဒီမှာ ရှာကြည့်အုံးမယ်...
ReplyDeleteသမီးရေ..
ReplyDeleteစပါကတီစားတာလည်း အားကျတယ်..
သူငယ်ချင်းတွေနဲ့ တိမ်ပြာပြာနေ့မှာ အပန်းဖြေတာလည်း အားကျတယ်..
အကုန်လုံးပါပဲ..
မြတ်ကြည်လေး ဒီ့ထက်ပိုပြီးပျော်ရွင်ပါစေ..
What a nice day!
ReplyDeleteIora
group ပုံလေးမြင်ရင် ကိုရီးယားမင်းသမီးလေးတွေ ထိုင်ငိုသွားဦဒမယ်နော်... ကဲ-စပါဂတီကျွေးတော့ :-)
ReplyDeleteအသုတ်စုံလေးက ကောင်းလိုက်တာ..
ReplyDeleteစားလို့တောင်မ၀ချင်ဘူး...
လက်သည်းလေးလုပ်တာ သဘောကျတယ်...
သူငယ်ချင်းမလေးတွေလည်း ချောမှချော...
မြတ်ကြည်ကလည်း ချောမှချော...
မြတ်ကြည်ရေ..
ReplyDeleteစပါဂတီလာစားသွားတယ်..
ဒါနဲ့..
လုပ်နည်းသိပ်မခက်တဲ့ ထသွားထလာ ဆံပင်ပုံဆံလေးတွေ ရှိရင် ပြန်မျှပါဦးနော်..
ခင်တဲ့
အိမ်မက်
အားကြီးလှတယ်း))
ReplyDeleteချစ်ခင်လျှက်
မိစံ