ချစ်ခြင်း အမှတ်တရ
မြတ်ကြည်နဲ့ မြတ်ကြည်ချစ်သူနဲ့ အမှတ်တရ ဆင်တူလေး တစ်ခုခု လုပ်မယ်လို့ စဉ်းစားထားတာကြာပြီ။ တစ်နေ့ ဟိုကြည့် ဒီကြည့်နဲ့ ဒီ ဆိုင်လေးကိုသွားတွေ့တယ်။ လက်စွပ်ပေါ်မှာ ကိုယ်ရေးချင်တဲ့ စာလုံးကို လေဆာနဲ့ထိုးပေးတာ။ လက်စွပ်လေးဆိုတော့ အမြဲတမ်းဝတ်ထားလို့ရတယ်၊ ပြီးတော့ သူနဲ့ ကိုယ့်နာမည်လေးလည်း ပါတယ်လေ။ :)
လက်စွပ်ကတော့ ငွေ (99.9% silver) ပါ။ တစ်ခုကို ဒေါ်လာအနေနဲ့ဆို ၁၇ ကျပ်ပဲကျတယ်။ ပလက်တီနမ် အုပ်မယ်ဆိုရင်တော့ ၈ ကျပ် ထပ်ပေးရတယ်။ warranty လည်းပါတယ်။
ဒီလိုလေး :)
လှလားဟင်?
စိတ်ဝင်စားတဲ့သူတွေ အတွက် ဝေမျှလိုက်ပါတယ်နော်။ ပန်းတိမ်က မြတ်ကြည်တို့ ကျောင်းနားတင်။ လက်စွပ်အတိုင်း၊ ရေးစေချင်တဲ့ စာသား၊ ပို့ရမယ့် လိပ်စာ (မြန်မာ အပါအဝင်) ကို မြတ်ကြည် myatkyi1988@gmail.com ဆီ ရေးပေးလိုက်ရုံပါပဲ။ ပို့ဆောင်ခ စရိတ်တွက်ချက်ပြီး လှမ်းပို့ပေးပါမယ်။ :)
သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။
9 comments
အို...
ReplyDeleteချစ်စရာလေးတွေ
မှာချင်လိုက်တာ
ခက်တာက
တစ်ဖက်လူကိုရှာတုန်း..း)
:D kee kee
ReplyDeleteအယ် အယ်.. မြတ်ကြည်က ဒါမျိုးတွေတောင် ကူညီလို့ ဟတ်ဟတ် :D
ReplyDeleteရင်ခုန်ဘက်က ရှိပါသော်လည်း...လတ်တလောတွင်
ReplyDeleteအချစ်ရေးက အဆင်မပြေ..ထို့ကြောင့်
လာငေးရုံပဲ ငေးသွားပါ၏.....:(
ယတြာခြေနေတာ.. lol :P
ReplyDeleteတစ်ကွင်းထဲ မှာလို့ ရဘူးလားဟင်.. ခိ
ReplyDeleteချစ်စရာလေး..လက်စွပ်လေးက
ရပါ့ :)
ReplyDeleteဒီပို့စ်လေး သဘောကျမိပါတယ်။
ReplyDeleteကိုယ့်အတွက်လဲ လုပ်ချင်မိတယ် ...
မှာမလို့ မေးလ်ပို့ထားတယ်လေ.. အစ်မ။ မေးလ်လည်းပြန်လာပူး..။
ReplyDelete