Taking care of အိတ်

By 9:37 PM



ဈေးကြီးကြီး အိတ် မို့လို့ တခြားအိတ်တွေ ထက် ပိုကြာကြာခံတယ် ဆိုတာမရှိပါဘူး။ သူလည်း သူ့ အလျောက် ပျက်စီးတတ်တာပါပဲ။ သိန်းချီပေးပြီးမှ တန်အောင်တော့ ကိုင်ရမှာပေါ့နော်။ အိတ်တွေကို ကြာကြာ အထားခံအောင် ထားသို ထိန်းသိမ်းနည်းလေးတွေ ကြည့်ရအောင်နော်။

 

အိတ်ကို ခဏပဲ ထုတ်ကိုင်တဲ့ အချိန်ထက် သိမ်းထားမယ့် အချိန်က ပိုများမယ်ဆို ဒီ တိုင်းကြီး သိမ်းထားရင် ကြာလာတာနဲ့အမျှ အိတ်ကပြားပြီး ခေါက်ရိုးကျိုးသွားတတ်ပါတယ်။ မသုံးတော့တဲ့ ပလပ်စတစ်အိတ် ၄ ၅ လုံး ဖြစ်ဖြစ် မဝတ်တော့တဲ့ အနွေးထည်ဖြစ်ဖြစ်ထည့်ပြီး သိမ်းရင် ပြန်ကိုင်တဲ့အခါ ပုံစံမပျက်ပဲ ဖောင်းဖောင်းလေးဖြစ်တာပေါ့။


အိတ်တွေ ဝယ်တဲ့အခါ သူတို့ကိုထည့်တဲ့ အိတ်လေးတွေပါလာတတ်ပါတယ်။  သူ့ထဲထည့်ထားရင် ဘေးမှာထားတဲ့ အိတ်အချင်းချင်း ထိတာ ပွန်းတာ မဖြစ်တော့ဘူးပေါ့။ နောက်ပြီး အဲ့ထဲမှာ တခါတလေ snack ထဲမှာပါတဲ့ ရေငွေ့စုတ်တဲ့ အိတ်ကလေးတွေ ထည့်ထား
လိုက်ရင် ဇစ် တွေ ချိန်းတွေ သံချေးမတက်နိုင်တော့ပါဘူး။

အိတ်ထဲမှာ စုံပလုံစိအောင် မိတ်ကပ်တွေ၊ hand cream တွေ ပစ်ထည်၊ အဖုံး လုံအောင် မပိတ်မိလိုက်လို့က သွားပြီ သွားပါပြီ။ :P ယိုဖိတ်နိုင်တာဟာလေးတွေကို သပ်သပ် ဇစ်အိတ်သေးသေးလေးနဲ့ ထည့်ထားလိုက်ရင် အိတ်ထဲကို တိုက်ရိုက်ယိုဖိတ်တာလည်း ကာကွယ်၊ ဣစ္ဆသရ အိတ်ထဲကနေ လိုချင်တာရှိတိုင်း မွှေနှောက်ရှာရတဲ့ ဘဝက ကျွတ်သွားပါလိမ့်မယ်။ :)

သားရေ leather အိတ်တွေ အချိန်ကြာလို့ အရောင်မထွက်တော့ရင် ဟင်းရွက်ဆီနဲ့ တိုက်ပေး လို့ရပါတယ်။  အသစ်တိုင်း ပြန် တောက်ပြောင်သွားမှာနော်။


အဖြူရောင် အိတ်တွေ၊ အရောင်နုနုတွေ ကိုင်ရင် ကျွန်မတို့ အရမ်းသတိထားရတယ်။ ဟိုဟာနဲ့ စွန်း ဒီဟာနဲ့ ပေဆို၊ သိပ်သိသာတာပေါ့။ Rubbing alcohol လေး ဆောင်ထားရင် ဘာပဲပေပေ အလွယ်တကူဖျက်လို့ရပါတယ်။

စာဖတ်သူတွေရော အိတ်အတွက် နည်းလမ်းကောင်းလေးတွေ ရှိလား? ရှိရင် ဝေမျှပေးသွားပါဦးနော်။

Have a nice day :)
www.facebook.com/thanakharmay



You Might Also Like

14 comments

  1. မြတ်ကြည်ဆီလာရင် တစ်ခုမဟုတ်တစ်ခုမှတ်စရာတွေရတယ်
    ဒီပို့စ်လေးကို Challengeအတွက်ရေးပေးတယ်မှတ်လိုက်မယ်နော် :P

    ReplyDelete
    Replies
    1. မြတ်ကြည်လည်း challenge တွေ ရေးသာရေးတယ်၊ ပြန်မခေါ်ရသေးဘူး။ ဒီ တစ်ခေါက်တော့ ခေါ်တော့မယ်။ :D

      Delete
  2. အိတ်ခရေဇီထဲမှာတစ်ယောက်အပါအ၀င်မို့မှတ်သွားတယ် ဆရာမရေ :P

    ReplyDelete
    Replies
    1. အစ်မ အဆိပ်ရှိတဲ့ အပင်တွေအကြောင်းရေးတာလည်း တော်တော် ဗဟုသုတ ရတယ်။ :)

      Delete
  3. ကျေးဇူး မြတ်ကြည်..။ အကျိုးရှိတာလေးတွေ သိရလို့ <3

    ReplyDelete
  4. တီတင့်လဲ အိတ်ခရေးစီးပေါ့ ကိုင်ဘို့ အလှည့်မကျသေးရင် မြတ်ကြည်နည်းလေးအတိုင်း အမြဲသိမ်းတတ်တယ်။ အရောင်ကိုတော့ အနက်နဲ့အညိုရင့်မျိုး အသုံးပြုတာများတယ် :)

    ReplyDelete
    Replies
    1. မြတ်ကြည်က အရောင်နုနုလေးတွေ ကြိုက်တယ်။ :)

      Delete
  5. Hi, Sis, i am sure did u write about spray for foot afew weeks ago? i couldn't find in ur older posts..
    thanks
    Grace

    ReplyDelete
    Replies
    1. Yes i did. It was about two years ago actually :D you can find the older posts by viewing with the desktop computer. Mobile version is harder to search. :) Here's the post you mentioned >> http://thanakharmay.blogspot.com/2011/11/blog-post_4.html Thanks for the comment Grace. Have a nice day. :)

      Delete
  6. ဗဟုသုတ ယူသွားပါတယ်နော် အစ်မမြတ်ကြည်ရေ
    ပျိုမေတို့အတွက် သိကောင်းစရာတွေကို အမြဲတင်ပေးတဲ့အတွက် အစ်မမြတ်ကြည်ကို ကျေးဇူးတင်ပါတယ်ရှင့် :)

    ReplyDelete
    Replies
    1. Ash ပျောက်နေလို့ သတိရနေတာ။ :)

      Delete
  7. မြန်မာပြည်မှာတုန်းကပိုပြီးအိတ်ကိုခရေဇီဖြစ်တယ်။
    ရောင်စုံအဆင်စုံစုတယ်။ အ၀တ်အစားဘိနပ်နဲ့ လိုက်အောင်ကိုင်တယ်။
    ခုတော့အလုပ်များလွန်းလို့ အိတ်လဲရမှာကိုတောင်ပျင်းတယ်။
    တစ်လုံးထဲပေတေကိုင်နေတာခပ်များများ။
    မကိုင်ဖြစ်တာတွေတော့မြတ်ကြည်လိုဘဲအိတ်တွေစက္ကူတွေထဲ့ပြီးသိမ်းပါတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အိတ် လဲပျင်းတာက အတူတူပဲ။ :D

      Delete