Vampy Eye ( non eyeshadow version )

By 5:43 PM

Long time no post!

မြတ်ကြည် နေရာပြောင်း တာနဲ့ အခြေချနေရတာနဲ့  blog လေးနဲ့ ဝေးပြန်တယ် ဆိုပါတော့။ အလုပ်အသစ်က နားချိန်သိပ်မရှိသလို ပင်ပန်းတော့ ပြန်ရောက်တာနဲ့ ဘာမှသိပ်မလုပ်ဖြစ်တော့ဘူး။ သင်္ကြန်ပိတ်ရက် သုံးရက်ရတော့ အားယူပြီး ပို့စ်အသစ်လေး ရေးတင်လိုက်ပါတယ်။

အပျိုး နည်နည်းများသွားပြီ။ :D

ဒီနှစ်အတွက် hit color က marsla အရောင် ( မျက်စိထဲတော့ ကြက်သွေးရောင်နဲ့ ဆင်သလိုလို ပဲ) ဖြစ်တဲ့ အပြင် vampy look လို့ ခေါ်ကြတဲ့ မျက်လုံးကို vampire လို အနီရောင် ခြယ်တာ ခေတ်စားလာပါတယ်။


ပိတ်ရက်လေးတိုက်တုန်း ခေတ်နဲ့အညီလိုက်ပြင်ကြည့်ဦးမှ အားခဲလိုက်တာ။ ခက်တာက မြတ်ကြည်ဆီမယ် eyeshadow မှာ အဲ့ အရောင်မရှိဘူး။ ဟိုမွှေဒီနှောက်နဲ့ တိုနီမိုလီက ဝယ်ထားတဲ့ lip tint မျက်လုံးပေါ်ကောက်တင်လိုက်တာ result က အားရစရာပဲ။ အရည်ဆိုတော့ blend ရလည်းလွယ်တယ်။ တစ်ထပ်တည်းကျ အရောင်ဖျော့နေတာနဲ့ နှစ်ထပ် တင်ဖြစ်တယ်။ vampy နဲ့တူအောင် အောက်မျက်ခမ်းပါ အနီရောင်တင်ပြီး အပြင်ထောင့်ကို အနက်ရောင်နဲ့ liner လိုက်ထားပါတယ်။



တကယ်ဆို အဲဒီ liptint က ၀ယ်ပြီး မဆိုးပဲထားထားတာ တော်တော်ကြာပြီ။ ပြန်အသုံးဝင်သွားတယ် ဆိုရမှာပေါ့နော်။ ပျိုမေတွေလည်း liptint တွေ ၀ယ်တားခဲ့သည်ရှိသော် ဒီlook လေးကို လက်တည့်စမ်းကြည့်လို့ ရတာပေါ့။


မြတ်ကြည်ရဲ့ liptint - Tony Tint Delight

အလှတွေပိုနိုင်ကြပါစေရှင်။ :)



You Might Also Like

4 comments

  1. အစ်မမြတ်ကြည် ပျောက်နေတာကြာလို့ ဘယ်များရောက်နေတာလဲလို့ :)
    မြန်မာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ပျောက်တာ တော်တော်ကြာသွားတယ်း)

      Delete
  2. ၀ါးး မိုက်တယ် Liptint ကို အဲ့လိုသုံးရင်လည်းရတာ ခုမှသိတယ်. စမ်း ပြင်ကြည့်ဦးမယ် မမရေ.

    ReplyDelete
    Replies
    1. :) စမ်းကြည့်ကြည့် ညီမလေး

      Delete