ဟိုမရောက်၊ ဒီမရောက် ပို့စ်
အချက်အပြုတ်
မြတ်ကြည်လုပ်ထားတာလေးတွေပါ။ စားကြပါနော်။ ပြီးတော့ မြတ်ကြည်ပဲစားသည်။ ဟီဟိ :D တစ်ယောက်တည်းပဲရှိသည်ကိုး။ Scottish Egg, ဝက်သား ကြက်ဥအစာသွတ် ချက်နည်းကို ဟင်းချက်နည်းလေးတွေကို ပုံလေးတွေနဲ့ တစ်ဖုံ၊ ဗီဒီယိုနဲ့တစ်သွယ် တင်ပေးတတ်တဲ့ ညီမလေး ဘရဏီ ဆီကယူပါတယ်။
နောက်တစ်ခုက ကြက်ဥပူတင်းမုန့်ပါ။ စတော်ဘယ်ရီမရှိလို့ လိမ်မော်သီးကို တင်လိုက်ပါတယ်။ တူတော့မှာပဲ။ :P
မုန့်လုပ်နည်းလေးက ဒီမှာ ရှိပါတယ်။
ချွေးထုတ်ခန်း
မြတ်ကြည်လေ နှစ်ရက်ရှိပြီ။ ဘုံပျောက်နေတာ။ ပထမရက်က minor လေးနှစ်ခုပြီးလို့ စောပြီးလို့ ပြန်လာတာ၊ ကြမ်းခင်းတွေ ဖယောင်းတိုက်နေလို့တဲ့၊ ပေးမဝင်ဘူး။ အဲဒါနဲ့ ချွေးထုတ်ခန်းမှာသွားနေရတယ်။ ဆိုးပါ့။
![]() |
အဲဒီက ရောင်းတဲ့ ရေနွေးကြမ်း |
![]() |
အားဂျောရှိ နဲ့ အဖွဲ့ကျရင်း ကြက်ဥပြုတ် စား |
အီဟွာ
နောက်ရက်ကလည်း OT မရှိဘူးဆိုတော့ ဒီနေ့အေးအေးဆေးဆေးနားမယ်ပေါ့။ ပြန်လည်းလာရော၊ ခုံတွေသန့်ရှင်းရေးတဲ့။ ဒါနဲ့ တခါမှ မရောက်ဖူးတဲ့ အိမ်သာဥယျာဉ်သွားမယ်၊ ဓာတ်ပုံရိုက်ပြီးတင်မယ်လို့စိတ်ကူးတာ၊ စဉ်းစားကြည့်တော့ တဝေါ့ဝေါ့ဖြစ်နေပါဦးမယ်လေ။
အဲဒါ ဆိုးလ်မြို့ အီဟွာ တက္ကသိုလ်က ညီမလေးတစ်ယောက်ဆီ ခြေဦးဆန့်လိုက်တယ်။ အမျိုးသမီးတက္ကသိုလ်ဆိုတော့ ကျောင်းအဝင်လမ်းမှာ ဖက်ရှင်ဆိုင်တွေ အများကြီး တန်းစီရှိတယ်။ ဒီဇိုင်းတွေလှတယ်၊ ဈေးလည်းလှတယ်။ :) အီဟွာသူတွေ ပေါင်တံသွယ်တာ နာမည်ကြီးတယ်လို့တော့ မမကျူတီပြောတာ ကြားဖူးတာပဲ။
သူ့ကျောင်းမှာ ဟိုရိုက်ဒီရိုက်ပေါ့။ |
အင်္ကျီက ကုတ်အောက်မှာပဲ သုံးထပ် :P |
ညနေ ရုပ်ရှင်ကြည့်ပြီးမှ အခန်းပြန်လာတာ။ War Horse ဆိုတာ။ တော်တော်ကောင်းတယ်။ Online မှာကြည့်လို့ရပြီနဲ့ တူတယ်။ Steven Speilberg ရိုက်တာဆိုတော့ လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ကားလေးပါ
War Horse ဇာတ်ဝင်ခန်းတစ်ခန်း |
ပြီးပါပြီ :D
ရေးရင်း၊ ရေးရင်းနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်သွားတယ်။
ရေးရင်း၊ ရေးရင်းနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်သွားတယ်။
အချိန်ယူဖတ်ပေးလို့ ကျေးဇူးပါနော်။
ဒီတစ်ပတ်တော့ ပို့စ် ကောင်းကောင်းလေးတွေ မရှာဖြစ်တာနဲ့ မတင်ဖြစ်သေးပါဘူး။
စာဖတ်သူများ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
22 comments
မုန့်တွေငမ်းသွားတယ်အမရေ
ReplyDeleteဂလု..ဂလု..(စားချင်လိုက်တား)
ReplyDeleteအဲသလို..စားစရာတွေတင်ပြီး
များများနှိပ်စက်ကြပါ။ ;)
ရိုက်တဲ့သူက.ခုံခုရိုက်တယ်နဲ့တူတယ်
ကလေးပုံက..တစ်ဝက်စီဘဲပါတယ်။ :P
ကိုယ့်ဟာကိုယ်ဖုန်းနဲ့ လှည့်ရိုက်လိုက်တာ မိစံရေ။ အဲလို။ :)
ReplyDeleteမုန့်တွေစားကြည့်ချင်တယ်. ဟဟ.အစ်မရေ. အောက်ဆုံးက
ReplyDeleteစတီဗင်စပီးဘက်ရိုက်တဲ့ကားလေး ရှာကြည့်ဦးမှပဲ..။
ဒီညီမလေးက မုန့်လှလှလေးတွေလည်း လုပ်တတ်တာကိုး... တော်လိုက်တာ...း)
ReplyDeleteမင်းသမီး တင်တာနောက်ကျတယ် သစ်ထူးလွင်မှာရှိတယ်
ReplyDeleteဟိဟိ အစကအိပ်ငိုက်နေတာ နောက်မှကောင်းမှန်းသိတယ် မြတ်ကြည်ရယ် ...
တို့မြန်မာကိုရီးယားမင်းသမီးမြတ်ကြည်ကွ.ကြိတ်ထား ...
မြတ်ကြည်ရေ.. အဲ့ပေါက်ပေါက်တွေ တယောက်တည်း ကုန်လို့လား ကြည့်လည်းလုပ်ဦး ဟိဟိ :D
ReplyDeleteကျေးဇူးပြု ၍ သားသားလေးကို မြတ်ကြည်ပုံ ပြပါ...၁၀မှတ်... ဘူလဲကွ မြတ်ကြည်ဆိုတာ..မောင်တလုံးတဲ့..ငှဲငှဲငှဲ
ReplyDeleteမြတ်ကြည်ကို မဒမ်က ဘာတွေ ကျိတ်ခိုင်းနေတာတုန်း.:D
ReplyDeleteကြက်ဥစားလိုက် ကျောင်းရောက်လိုက် ၀ါးဟောက်လိုက်နဲ့ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး.. ဟိုရောက်ဒီရောက် အစစ်ဗျ :D
မွေးနေ့မတိုင်ခင် မုန့်တွေကြိုလုပ်ကျင့်ရင်းအမြည်းတွေကျွေးနေတယ်ပေါ့လေ...း)
ReplyDeleteစားချင်စရာလေးတွေ... ကြက်ဥပူတင်းအရမ်းကြိုက်ပါတယ်။
camomilla
အဲ့ ဒီကားကြည့် ပြီးပြီ ။ အရမ်း အရမ်းကိုကြည့် လို့ ကောင်းတယ်။ :)
ReplyDeleteမြတ်ရေ မုန့်လုပ်လေစားချင်တယ် ဂလု သူရေသံနော်
ReplyDeleteမေမြို့မိုး << ရှာကြည့်ကြည့်၊ မြင်းက ဇာတ်တော်တော်နာတယ်။ အစ်မ ကြည့်ရင်း မျက်ရည် ဝဲတဲဝဲတဲနဲ့
ReplyDeleteအစ်မသက်ဝေ << မတော်ပါဘူးအစ်မရယ်၊ ဘီဂင်နာလေးပါ။ မလှတာတွေ အကုန် ဗိုက်ထဲထည့်ပြီးမှ ရိုက်တာလေ :D
အစ်မဒိုး << ဟုတ်လား? မတင်တော့ပါဘူး။ ကြိတ်ထားဆိုလို့ ကြိတ်လိုက်ဦးမယ်။
ကန်ဒီရေ၊ နှစ်ယောက်စားတာ မကုန်ဘူး၊ များဆို ညစာတောင်မစားနိုင်တော့ဘူး။
မောင်တစ်လုံး <<သွတ်သွတ်.. ဟန်ဂျီအင်းကိုမရလည်း တခြားသူရှာပေးပါမယ်။ မဂေါက်လိုက်ပါနဲ့ :D
ကိုရင် << မဒမ်က ဆီကြိတ်ခိုင်းနေတာ (ပဲ ကနေ ဆီထွက်အောင်) :P
အစ်မကမ်မိုမီလာ << ကြက်ဥပူတင်း ကြိုက်ရင်များများစားသွားနော်။
ဘရဏီလေး << ဟုတ်တယ်၊ အစ်မလည်း ကြိုက်တယ်။ ရသစုံပဲ။
အစ်မလမင်း << ညီမ လင့်ခ် လေးတွေ ချိတ်ထားတယ် အစ်မ။ အချိန်အားရင်လုပ်စားကြည့်လို့ရတာပေါ့။ :)
အိဟွာ တက္ကသိုလ်ကြီးကို ကိုရီးယားကားတွေမှာ တွေ့ ဖူးတယ် ထင်တယ်..ရမ်းတုတ်သွား၏ :D
ReplyDeleteဘယ်မလဲပေါင်တံသွယ်တာ မရိုက်လာခဲ့ဘူးလား ဟိဟိ
ReplyDeleteအစ်မရေ . . .
ReplyDeleteခေါင်းစဉ်က ဟိုမရောက် ဒီမရောက် ပို့စ် တဲ့
ဘယ်ကြောင့် ဒီလိုပေးထားတာလည်း
အစ်မမြတ်ကြည်ရေ . . .
အစားတွေ ငမ်းသွားတယ်
ဇာတ်လမ်းလေးလည်း ကြည့်ရဦးမယ်
နော်က Movie Crazy ဗျ
War Horse !
ပေါက်ပေါက်ဆုပ်လည်း နှိုက်စားသွားတယ် :P
မပြောတတ်ဘူး၊ အစ်မစန်းထွန်းရေ၊ တချို့တက္ကသိုလ်တွေက ခပ်ဆင်ဆင်ရယ်။
ReplyDeleteMa VIst << ပေါင်တံက ရိုက်ခဲ့ရမှာ၊ သူတို့ လုံလုံခြုံခြုံဝတ်နေကြတော့ မရိုက်လာခဲ့ရဘူး။ :D
ဟိုနည်းနည်း၊ ဒီနည်းနည်း နဲ့ ဘာခေါင်းစဉ်ပေးရမှန်းမသိတော့လို့ ငါ့မောင်ရေ။
မြတ်ကြည်ရေ
ReplyDeleteဝက်သားကြက်ဥအဆာသွပ်လေးက စိတ်ဝင်စားဖို့ကောင်းလိုက်တာ ..
စားလို့လည်းကောင်းမှာ သေချာတယ်နော်။ ကြည့်တာနဲ့ အရသာရှိတာ သိသာတယ်..
ကြက်ဥပူတင်းကလည်း ချစ်စရာလေးတွေ..
စားရမှာ နှမျောစရာ....
မြတ်ကြည်လေးကချည်း ချစ်စရား)
လက်ရာလေးတွေက စားချင်စဖွယ်ပဲ မြတ်ကြည်...
ReplyDeleteမင်းသမီးလေးကလည်း ချစ်စရာ...:):)
မျက်မှန်လေးနဲ့ပုံ ချစ်စရာကောင်းတယ်။
ReplyDeleteကြက်ဥပြုတ်စားချင်သွားပြီ မျက်ကျိး))
ReplyDeleteဒီပို.စ်ကပုံတွေက ဇတ်လမ်းထည်းက မင်းသမီးလား။ တော်တော်ချောတယ်နော်။ မင်းသမီးချောလို .ဇတ်ကားကိုကြည်.လိုက်အုန်းမယ်-:P
ReplyDelete