Peeling အိမ်မှာ လုပ်ကြမလား (Papaya Yogurt Brightening Mask)
အခုဖော်ပြမယ့် နည်းလေးက တော့ ကိုယ့်ဘာသာ အိမ်မှာ စမ်းကြည့်နိုင်တဲ့ peeling လုပ်နည်းလေးပါ။ Peeling / Exfoliation လုပ်ခြင်းက မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးကို ဖယ်ရှားပေးမှာ ဖြစ်ပြီး ဆဲလ် အသစ်တွေ ဖြစ်ပေါ်ဖို့အားပေးတာကြောင့် မျက်နှာကို ကြည်လင်ဝင်းပစေမှာပါ။
မမှည့်သေးတဲ့ သင်္ဘောသီး အစိမ်းမှာ alpha-hygroxy acid နဲ့ မျက်နှာပေါ်မှာရှိတဲ့ ပျက်စီးပြီးသား ဆဲလ်တွေကို ပျော်ဝင်ဖယ်ရှားပေးနိုင်တဲ့ papain ဆိုတဲ့ဓာတ်တွေ အများကြီးပါဝင်တယ်လို့ ဆိုပါတယ်။ ဒိန်ချဉ်ကတော့ မျက်နှာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးမှာပါ။
လိမ်းထားနေစဉ်အတွင်းမှာ papain ရဲ့ exfoliation အာနိသင်ကြောင့် နည်းနည်း စပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။ Sensitive ဖြစ်တတ်တဲ့ မျက်နှာပိုင်ရှင်များအတွက်က အနည်းငယ်မှည့်နေတဲ့ သင်္ဘောသီးကို သုံးလို့ရပါတယ်။ အစိမ်းလောက် အာနိသင်မပြင်းလို့ အလွန်အမင်း နီမြန်းခြင်းကိုလည်း မဖြစ်စေပါဘူး။
ပါဝင်ပစ္စည်းတွေကတော့--

အကုန်လုံးကိုညက်သည်အထိ blender နဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ သမအောင်ခြေပါ။ မျက်နှာပေါ်ကို မံပြီး 8 မိနစ်မှ 10 မိနစ် ခန့်ထားပြီးရင် ရေဆေးလိုက်လို့ရပါပြီ။
Note

- သင်္ဘောသီး အစိမ်း ခွက်တစ်ဝက်စာ(ဓားနှင့် အတုံးသေးသေးတုံးထားပါ)
- ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်း၊
- ပျားရည် လက်ဘက်ရည်ဇွန်းတစ်ဇွန်း

အကုန်လုံးကိုညက်သည်အထိ blender နဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ သမအောင်ခြေပါ။ မျက်နှာပေါ်ကို မံပြီး 8 မိနစ်မှ 10 မိနစ် ခန့်ထားပြီးရင် ရေဆေးလိုက်လို့ရပါပြီ။
Note
- ဒါနဲ့ဒီနည်းလေးကို တစ်ပတ်မှာ ၂ခါထက်ပိုလုပ်လို့ မရပါဘူး။
- လုပ်မယ်ဆို အိမ်ပြန်ရောက်လို့ ညဘက်မှာ အေးအေးဆေးဆေးလုပ်တာပိုကောင်းပါတယ်။ ကိုယ့်မျက်နှာ နီတာ လူမသိတော့ဘူးပေါ့။
- အဆီပြန်တတ်တဲ့ အသားရည်ရှိသူတွေ အနေနဲ့ သံပုရာသီး တစ်စိတ်ကို ညှစ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
- နောက်နေ့ အပြင်ထွက်ရင်တော့ sunscreen လေးလိမ်းသွားဖို့ မမေ့နဲ့နော်။ ဘာလို့ဆို peeling လုပ်ပြီး အချိန်မှာ အသားအရေက သာမန်ထက်ပိုနုနယ်လို့ နေဒဏ်ကို ပိုခံရတတ်ပါတယ်။
- ဝက်ခြံ ထွက်တတ်တဲ့မျက်နှာမှာ ပိုပြီး နီမြန်းဆိုးရွားစေလို့ ဝေးဝေးရှောင်စေချင်ပါတယ်။
- Papaya Yogurt Maskကို အသေးစိတ်လိုက်လုပ်ဖို့ အချိန်သိပ်မရှိရင် ဈေးကွက်ထဲမှာ papain ပါတဲ့ ခရင်မ် တွေကို ဝယ်ယူလို့ရပါတယ်ရှင်။
ဒီနည်းလေးကို Martha Stewart ဆိုက်ဒ်က Donna Ress ရေးသားတဲ့ DIY skin brightening mask ဆောင်းပါးလေးကို ကောက်နှုတ်တင်ပြထားတာ ဖြစ်ပါတယ်။ လုပ်ကြည့်ပြီးရင် အဆင်ပြေမပြေ ပြန်ပြောပါမယ်နော်။ ဒီမှာ သင်္ဘောသီးရှားတယ်။ :D
စာဖတ်သူများ အလှတွေပိုနိုင်ကြပါစေရှင်။
စာဖတ်သူများ အလှတွေပိုနိုင်ကြပါစေရှင်။
8 comments
Mask အတွက် ပိုက်ဆံမကုန်တော့ဘူး..ကောင်းလိုက်တာ..ဘလော့ဒီဇိုင်းလေးက ရေလည် လန်းတယ် မြတ်ကြည်ရေ..
ReplyDeleteလုပ်ကြည့်ဦးမယ် မြတ်ကြည်လေးရေ
ReplyDelete(ကိုရင်ကဘာပြောလဲသိလား ညေးဝိတ်ကိုသာအရင်ချချေတဲ့း)
ချစ်တဲ့
မဒိုးကန်
ဒီစနေ သေချာပေါက် လုပ်မယ်။း)
ReplyDeleteကျေးဇူးပါ ညီမ မေ။
ခင်တဲ့
မြတ်
မဒမ် မေမြို့မိုး ကိုလုပ်ခိုင်းဦးမှပဲ..
ReplyDeleteဟီးဟီး အားလုံးရောကြိတ်ပြီးရင် မျက်နှာပေါ်မရောက်ဘဲ ပါးစပ်ထဲဘဲရောက်လိမ့်မယ်ထင်တယ်း)သင်္ဘောသီးအရမ်းကြိုက်တယ် ဒီမှာဈေးလဲအရမ်းကြီးတယ်.
ReplyDeleteခင်တဲ့ camomilla
Thanks Myat Kyi Lay..
ReplyDeleteI love Martha Stewart's creation.
Iora
အစ်မစန်းထွန်း သိုင်းကျူး။ background ပဲပြောင်းလိုက်တာ၊ ကျန်တာအတူတူပဲ။
ReplyDeleteလုပ်ကြည့်ပါ အစ်မဒိုးကန်။ ဝိတ်လျှော့နည်း ရှာရေးပေးဦးမယ်။
လုပ်ပြီးရင် အကြောင်းပြန်နော မမြတ်။
မေမြို့မိုး ပိုင်ရင် လုပ်ခိုင်းလေ၊ ဟစ်ဟစ်။
အင်းနော် အစ်မ camomilla၊ ဒိန်ချဉ်ရော၊အသီး ရော က စားချင်စရာ။
ma ma .. i like Martha Stewart too :)
ReplyDelete