Perfect Eyebrow
မျက်ခုံးနှုတ်နည်းလေး တောင်းဆိုထားတာနဲ့ ဟိုအရင်က ရေးဖြစ်တဲ့ ဆောင်းပါးလေးကို ပြန်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ မြတ်ကြည် စာမေးပွဲ ၅ ရက်နေ့မှာရှိမှာမို့ ဒီ ကြားထဲ ပျောက်နေရင် ခွင့်လွှတ်ပေးကြပါနော်။
.........
ဒီတစ်ခေါက်မှာ ပျိုမေတွေအတွက် မျက်ခုံးမွေးကို ကိုယ့်မျက်နှာလေးနဲ့လိုက်ဖက်အောင် ဘယ်လိုပုံဖော်ရမယ်ဆိုတာကို တင်ပြပေးသွားမှာပါ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါနော်။
ပုံဖော်နည်း
ဒါလေးက အခြေခံပုံသေနည်းလေးပါ။
:: နှာခေါင်းဘေးကနေ မျဉ်းမတ်ထောင်လိုက်ရင် မျက်ခုံးကိုဖြတ်သွားတဲ့နေရာကနေ မျက်ခုံးစဆွဲပါ။
:: နှာခေါင်းနဲ့ မျက်လုံးထောင့်ကို ဆက်ဆွဲတဲ့အခါ ဖြတ်သွားတဲ့ အမှတ်က မျက်ခုံးဆုံးတဲ့နေရာဖြစ်ပါတယ်။
:: မျက်လုံးကို အလယ်တည့်တည့်ကြည့်၊ မျက်ဆံရဲ့ဘေးအစွန်ကနေထောင့်မှန် ဆွဲလိုက်ရင် ဖြတ်သွားတဲ့ အမှတ်ဟာ arch အကွေးညွတ်ဆုံး အမှတ်ဖြစ်ပါတယ်။
အမှတ် ၃မှတ်ကို ဆက်ဆွဲပါ။
စညှိမယ်...
1) မျက်ခုံးကို မျက်ခုံးဘီးသေးလေးနဲ့ အပေါ်ကိုဖြီးတင်ပါ၊ ရှည်နေတဲ့ မျက်ခုံးမွေးလေးတွေကို လိုက်ညှိပါ။
အောက်ကိုဖြီးချ၊ ရှည်နေတာလေးတွေကို ကတ်ကြေးနဲ့ လိုက်ညှိပါ။
2) ခုနမှတ်ထားတဲ့ ၃ မှတ်နဲ့ ဆက်ဆွဲထားတဲ့ မျဉ်း အရာ အပြင်ဘက်က အမွေးလေးတွေကို tweezer နဲ့ဖြစ်ဖြစ် မျက်ခုံးရိတ် ဓားနဲ့ဖြစ်ဖြစ် လိုက်ဖယ်ပါ။
3) ညှိရင် မျက်ခုံးအောက်ခြေ ကိုအသားပေး ညှိပါ။ ဒါမှသဘာဝကျမှာဖြစ်ပါတယ်။ arch အခုံးကို မျက်ခုံးရိုးလေးပေါ်အောင်ရှင်းပါ။ မျက်ခုံးရိုးလေးပေါ်တာက face lift ဖြစ်စေပါတယ်။ လိုချင်တဲ့ပုံရပြီဆိုမှ အပေါ်ကိုသွားပါ။ အပေါ်ကို သိပ်မညှိမိပါစေနဲ့။
4) ပေါ်နေတဲ့ မျက်ခုံးရိုးလေးကို highlight လုပ်လိုက်ရင် perfect ဖြစ်သွားပါပြီ။
Tips
:: ကိုယ်က မျက်ခုံးကို မရိတ်ပဲ နှုတ်တတ်တဲ့ သူဆိုရင် ဇာကနာလေးကို မနှုတ်ခင် freezer မှာ ခဏထားပါ။ နှုတ်ရင် နာမှန်းမသိသာတော့တဲ့ အပြင် နှုတ်ပြီးရင် မျက်ခုံးနီတာမျိုးလည်းမရှိပါဘူး။
:: ရိတ်ဖို့နှုတ်ဖို့ အချိန်မရဘူးဆို အကောင်းဆုံးက မျက်ခုံးမွေးကို နက်နက်လေးသာဆွဲသွားလိုက်ပါ။
ဒီဆောင်းပါးလေးက မမရီတာ အတွက်ရှာပေးထားတာပါ။ မမရီတာအပြင် ပျိုမေတွေအတွက်ပါ အဆင်ပြေမယ်မျှော်လင့်ပါတယ်ရှင်။ :)
ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေ။

6 comments
သိုင်းကျူး မြတ်ကြည်
ReplyDelete:cht: :love1:
သ္မီး၂ယောက်ကိုလက်တွေ.စမ်းရမယ်။သူတို.မျက်ခု့းမွှေး
ReplyDeleteတွေကအထူကြီး။ကျေးဇူးနော်။
အဟီး။ အဆင်ပြေပါစေ အန်တီဦး :)
ReplyDeleteမမရီတာ၊ ဆိုင်သွား မရိတ်နဲ့တော့နော်။ ညီမ အလကား ရိတ်ပေးမယ်။ ပုံပျက်ရင် တာဝန်မယူ :P
ဖတ်သွားတယ်... မြတ်ကြည်ရေ... :D
ReplyDeleteစိတ်ပဲရှိတယ်.. မလုပ်ရဲပါဘူး..
ReplyDeleteလုပ်လိုက်မှ မလှတဲ့သူ ပိုရုပ်ဆိုးသွားမှာစိုးရတယ်.. :P
အမ စမ်းသပ်လိုက်ဦးမယ် ကျေးဇူးနော်
ReplyDelete