Serum အကြောင်း သိသမျှ

By 2:43 AM


အခုလတ်တလောမှာ Serum နဲ့ပတ်သက်ပြီး မေးထားတာလေးတွေရှိတာမို့ Hello Magazine မှ All you ever wanted to know about serum ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ Serum နဲ့ပတ်သက်လို့ သိချင်တဲ့သူတွေ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

1. ဘာပါလိမ့်?

Serum တွေဟာ အသားအရေ ထဲကို လွယ်ကူလျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး လိမ်းလိုက်ရင် မစေးကပ်ပဲ အရေပြား အောက်အလွှာများထိ ဖောက်ထွင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ Active ဖြစ်တဲ့ ingredients တွေကို concentration မြင့်မြင့်နဲ့ထည့်ထားတာပါ။

2. Active Ingredients??

တခြား အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေလို serum ပဲ တွေမှာ ဘာအတွက်ရည်ရွယ် ထုတ်ထားသလဲဆိုတာ မူတည်ပြီး အမျိုးအစားတွေ ကွဲပြားသွားပါတယ်။ ဥပမာ။ ။ အိုမင်းရင့်ရော်တာကာကွယ်တာ တို့၊ အသားဖြူစေတာတို့၊ ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးတာတို့။

သူတို့ဆီမှာ အမျိုးအစားကို လိုက်ပြီး အာနိသင်ရှိတဲ့ ပစ္စည်းတွေကို ပြင်းအားများများနဲ့ထည့်ထားကြပါတယ်။ အဲဒီနည်းနဲ့ လိုအပ်တဲ့ အာဟာရကို အရေပြား အလွှာတွေဆီ အစွမ်းကုန်ဖြည့်ဆည်းပေးပါတယ်။

3. အာနိသင်

Active ဖြစ်တဲ့ ingredients တွေကို concentration မြင့်မြင့်နဲ့ထည့်ထားတာကြောင့် တခြားရိုးရိုး skincare တွေထက်စာရင် အချိန်တိုအတွင်းမှာ ပြောင်းလဲမှုကို သိသိသာသာ မြင်တွေ့နိုင်မှာပါ။

4. Sensitive ဖြစ်တဲ့ အသားအရေ

တခါတလေ အာနိသင်ပြင်းပြင်းနဲ့ထည့်ထားတဲ့ အခါ sensitive ဖြစ်တဲ့ အသားအရေကို သွားပြီး ဆွ တတ်တာကြောင့် အသားအရေ နီမြန်းလာတာတို့၊ မတည့်တာတို့ ဖြစ်တတ်ပါတယ်။

5. ဘယ်လိုသုံးမလဲ?

စုတ်ယူတာ အကောင်းဆုံးရစေဖို့ မျက်နှာသစ်ပြီးချင်းချင်းမှာ အသုံးပြုနိုင်ပါတယ်။ ဒါမှ မဟုတ်လည်း တခြား skincare တွေနဲ့ တွဲပြီး အသုံးပြုနိုင်ပါတယ်။ မျက်နှာကို လိမ်းနေစဉ် နှိပ်နယ်ပေးတာ၊ ပိုပြီး စိမ့်ဝင်အားကောင်းစေပါတယ်။

6. အသက်အရွယ်

Serum ကို ဘယ်အသက်အရွယ်မဆို အသုံးပြုလို့ရပါတယ်။

7. ဈေး

 concentrations တွေကို သာမန်ထက် ၂ဆ နည်းပါး တင်ထားပြီး အချိန်တိုအတွင်းမှာ သိသာစေတာကြောင့် တခြား တွေထက်စာရင် ဈေးပိုကြီးတတ်ပါတယ်။


ကျွန်မနဲ့ Serum

အဟီး ... မြတ်ကြည် နဲ့ မတည့်ပါဘူး။ ဟိုးအရင်တုန်းက La Mer လိမ်းဖူးတယ်။

ဒီဘူးလေး ...


အဲဒီတုန်းက မြတ်ကြည် ဝက်ခြံတော်တော်ထွက်နေတဲ့အချိန်။ အမေက သမီးလေး လှပါစေတော့ ဆိုပြီး ဝယ်လာတာ။ လိမ်းလိုက်မှ ဝက်ခြံတွေ ရောင်လာလို့ ရပ်လိုက်ရတယ်။ သူက oil-based မို့လို့ထင်တယ်။ အဲဒီကတည်းက မသုံးတော့တာ အခုထိပါပဲ။

 မြတ်ကြည်နဲ့သာ အဆင်မပြေတာ၊ ပြေတဲ့သူတွေလည်း အများကြီးရှိမှာပါ။ အဲဒါကြောင့်လည်း လူတွေ ပါးစပ်ဖျားမှာ နာမည်ကြီးလာတာ နေမှာပေါ့နော်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး ညီမလေး သဲအိစံ နဲ့ မေလင်းချို တို့ လည်း ကျေနပ်လိမ့်မယ်ထင်ပါတယ်။ :)

အလှတွေ ပိုနိုင်ကြပါစေရှင်။ 

You Might Also Like

7 comments

  1. ဝက်ခြံတွေယောင်လာတယ်တဲ့ aeeeeeeeeeee
    စမ်းရဲဝူးဂျ

    ReplyDelete
  2. သိပ်မသုံးဖြစ်ဘူး.. ဒီလိုရေးတော့လည်း ဗဟုသုတအနေနဲ့ သိထားတော့ ကောင်းပါတယ် ..ဝေမျှတဲ့အတွက် ကျေးဇူးမြတ်ကြည်လေးရေ :)

    ReplyDelete
  3. မမမြတ်ကြည် serum ကိုမျက်နှာသစ်ပြီးတာနဲ့လိမ်းလို့ရတယ်ဆိုတော့ သူက Toner ခံစရာမလိုဘူးပေါ့နော်? တစ်ခါမှမသုံးဖူးဘူး

    ReplyDelete
  4. တချို့ကတော့ တိုနာ၊ moisturizer ခံပြီး လိမ်းကြတယ် ညီမလေး။

    ReplyDelete
  5. မြတ်ကြည်လေးရေ..
    မိတ်ကပ်ကိုလိမ်းလို့သာ လိမ်းလိုက်တာ..သေချာသိပ်မသိဘူး..အခုသမီးပြောမှပဲသိတော့တယ်..
    ဗဟုသုတလည်းရ ကိုယ်နဲ့လည်းအဆင်ပြေတာလေး တွေရွေးချယ်လို့ရသွားတယ်..
    ကျေးဇူးသမီးရေ..နောက်လည်းဒီ့ထက်ပိုပြီး အများကြီး ရေးနိုင်ပါစေ..
    :)

    ReplyDelete
  6. ဒါကြောင့် သူက ဈေးကြီးတာကိုး..သုံးတာသုံးနေပြီး သိဘူးရယ်..ခုတော့ သိသွားပြီ...

    ReplyDelete
  7. အမ အဆီပြန်တဲ့ သူတွေ night cream လိမ်းရင် ဝက်ခြံ ထွက်လား

    ReplyDelete