လက်သည်းဆိုးဆေးနဲ့ ဘာလုပ်လို့ရပါသလဲ
လက်သည်း ဆိုးဆေးတွေက ပျိုမေ တို့ အတွက် လက်သည်း အလှဆင်တဲ့ နေရာတင် အသုံးဝင်တာ မဟုတ်ပါဘူး နေ့စဉ်ဘ၀မှာ တခြား အသုံးဝင်တာလေးတွေ အများကြီးရှိတာမို့ ဗဟုသုတ အဖြစ် ဝေမျှလိုက်ပါတယ်နော်။
Fancy လက်ဝတ်လက်စား လေးတွေက လေသလပ်တာ များတဲ့အခါ အရောင်လွင့်လာတတ်ပါတယ်။ လက်သည်းဆိုးဆေးအကြည်လေးနဲ့ ကြို သုတ်ထားရင် လေကို တိုက်ရိုက်မထိတွေ့စေတာ ကြောင့် မူလ အရောင်ကို တောက်ပမှု မလျော့ပဲ အကြာကြီး ထိန်းသိမ်းနိုင်ပါတယ်။
Stocking ၀တ်တဲ့ အခါ ငြိသွားခဲ့သည်ရှိသော် ငြိတဲ့ နေရာကနေ ဆက်မပြဲအောင် အနားတ၀ိုက်မှာ သူ့ကို သုတ်ထားလိုက်ပါနော်။ အချိန်မီသုတ် အစုတ်သက်သာ။ :)
ကိုယ့်မှာရှိတဲ့ fancy လေးတွေ အရောင် ရိုးနေပြီ အသစ်ဆန်းဖြစ်ချင်ရင် လက်သည်းဆိုးဆေးနဲ့ စိတ်ကြိုက် ခြယ်ပြီး အသွင်သစ် ပြောင်းလို့ ရပါတယ်။
ရိုးရိုး ကလစ်အမည်းလေးတွေကို ကတ်ထူ တစ်ခုမှာ ညှပ်ပြီး အရောင်တောက်တောက် အလက်လက်လေးတွေသုတ် အခြောက်ခံထားလိုက်ပါ။ ကလစ်လေးတွေနဲ့ တစ်နေ့ တစ်မျိုး မရိုးအောင် စတိုင်လ် ထုတ်လို့ရပါတယ်။
အပ်ပေါက်ထိုးရခက်လို့ စိတ်ညစ်နေပါသလား။ လက်သည်းဆိုးဆေးနဲနဲတို့ပြီး စမ်းကြည့်ကြည့်နော်။ အရမ်းလွယ်သွားမယ်။
သော့ တခါတခါ ဖွင့်ဖို့ ခတ်ဖို့ အရေး၊ သော့တွဲ တပြွတ်ထဲက ပြန်ရှာရတာ အချိန်ကုန် လူပန်း စရာ။ သော့ လေးတွေကို အရောင်လေးတွေနဲ့ တွဲမှတ်ထားရင် အချိန်တိုတိုနဲ့ ကိစ္စ ပြတ်ပြီပေါ့။
ကော် အနားမှာမရှိတဲ့ အချိန် တစ်ခုခုကို ကပ်ဖို့လိုရင် သူ့ကို သုံးကြည့်လို့ ရပါတယ်။
တောင်းထဲ ထည့်ထားတဲ့ လက်သည်းနီလေတွေ ဘယ်ဟာက ဘာအရောင် ထုတ်မကြည့်ပဲ သိနိုင်ဖို့ ပုလင်းထိပ်လေးတွေမှာ အရောင်လေးတွေ တို့ထားလိုက်ပါနော်။
ကိုယ့် ဒေါက်လေးတွေပုံစံရိုးနေပြီ မလန်းတော့ဘူးဆိုရင် ဖိနပ်အောက်သားကို အရောင်လွင်လေး သုတ်ကြည့်ကြည့်နော်။ မသုံးတော့တဲ့ ပါးနီဘရပ်ရှ် တစ်ချောင်းပဲလိုတယ်။ ヅ
အထူးသဖြင့် အရောင်နုနု ဖိနပ်တွေမှာ ခလုတ်တိုက်လို့ ထိပ်ပွန်းပဲ့သွားရင် သိသာပြီး ကြည့်လို့မကောင်းတော့ဘူး။ ပုံးထဲ ထိုးထည့်ထားဖို့ကလည်း နှမြောစရာ။ ဖိနပ်နဲ့လိုက်တဲ့ လက်သည်းဆိုးဆေး တစ်ရောင်ဝယ်ပြီး ချောင်ထိုးခံဘ၀မှ ကယ်တင် လိုက်ပါ။ ပုလင်းက အရောင်နဲ့ တကယ်ဆိုးလိုက်တဲ့ အခါ အရောင် မကိုက်တာမျိုးမဖြစ်အောင် လက်သည်းပေါ် အရင်ဆိုးကြည့်ပြီး ကိုက်မှ ဖိနပ်ပေါ်တင်ပါနော်။
စာဖတ်သူ ညီမလေးတွေကို လက်သည်းဆိုးဆေး ၀ယ်တာများလို့ အိမ်ကဆူရင် ဒီဆောင်းပါးလေးပြလိုက်နော်။ အလကားဝယ်တာမဟုတ်ဘူးလို့။ ဟီး :P
မြတ်ကြည် အခုရေးတဲ့ တိုတိုထွာထွာ မှတ်စရာ ဆောင်းပါး လေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
ရေးစရာလေးတွေ အများကြီးရှိပေမယ့် သုံးနေကျ မြန်မာ font ပြောင်းပေးတဲ့ engine က ကြောင်နေတာရယ်၊ မြတ်ကြည်ရဲ့ ဖုန်းလေး screen ကွဲသွားတာရယ် [အခု တခြမ်းမမြင်ရ... မှန်းရေးနေတာ :P] အတင်ကျဲရင် ခွင့်လွှတ်ပါနော် ။
မွမွ
Please visit http://www.facebook.com/thanakharmay for latest updates.
1 comments
အဲလိုအတိုအထွာလေးတွေဖတ်ရတာလည်းပျော်စရာကောင်းတယ်။
ReplyDeleteအိုင်အိုရာ