ဘယ်အင်္ကျီ၊ ဘယ် Bra

By 7:06 AM



သာမန်ဝတ်နေကျဆိုရင်တော့ အထဲမှာ ဘာဝတ်ဝတ် support ပေးနေသရွေ့ သိပ်ကြီးဂရုစိုက်စရာမလိုဘူးပေါ့နော်။ လည်ဟိုက်တွေ ကျောဟိုက်တွေအတွက်ကျတော့ ရိုးရိုး bra တွေက အဆင်မပြေနိုင်ပါဘူး။ ဟော့ဟော့လေးတွေ ဝတ်တာစိတ်ဝင်စားတဲ့ ပျိုမေတွေအတွက် ဗီရိုထဲမှာ ရှိထားသင့်တဲ့ bra အမျိုးအစား လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

  လက်တလော celebrities တွေကြားမှာ  ခေတ်စားနေတဲ့ ကျောပြောင် ဂါဝန်တွေအတွက်ဆို ဒီ backless bra တွေက အသင့်တော်ဆုံးပါ။ ကျောလေး ဖော်ချင်ပါတယ်ဆိုမှ bra  ကြိုးက တရှုပ်ရှုပ် မဖြစ်တော့ဘူးပေါ့။ Backless bra ကခါး နေရာမှာ ပြန်ချိတ်ထားတာဆိုတော့ အရှေ့လေးတင် ကပ်တဲ့ silicon bra  တွေလို ဘယ်အချိန် ကပ်ထားတာ ပြုတ်ထွက်မလဲ ပူစရာမလိုဘူးပေါ့နော်။
 

 ရင်လျှားပဲဝတ်ဝတ်၊ ရင် အပေါ်ပိုင်းကို ဇာအပါးလေးနဲ့ တွဲချုပ်တာပဲဝတ်ဝတ်၊ ရိုးရိုးအင်္ကျီပဲဝတ်ဝတ်၊ တော်တော်များများ အင်္ကျီတွေမှာ convertible bra လေးတွေက အသုံးဝင်ပါတယ်။ ကြိုးက ဖြုတ်လို့တပ်လို့ရတယ်မဟုတ်လား? ရိုးရိုး ဘရာ bra တစ်ခုဝယ်၊ strapless တစ်ခုဝယ် ပိုက်ဆံ ၂ခါ ကုန်ခံစရာမလိုတော့ဘူး။ ချိုင်းပြတ် ဒါမှမဟုတ် ပုခုံးပေါ်တဲ့ အင်္ကျီလေးတွေ အတွက်ဆိုလည်း criss-cross ချိတ်ပြီး ဝတ်လို့ရတော့ အဆင်တော်တော်ပြေတယ်။

ညပွဲတက်ရှိလို့ ရင်ညွန့်လောက်ထိ ဟိုက်တဲ့ V shape လည်ဟိုက် အကျယ် လေးတွေဝတ်တဲ့ အခါ တခြားက ပြသနာမတက်ဘူး။ bra ဘေးသားကထွက်ထွက်လာတာ။ ထွက်လာတဲ့ braကို ပြန်ဖုံး၊ ပဲနဲ့ကလည်းစားရသေး။ ခဏမကြာပါဘူး ပြန်ပေါ်၊ ပြန်ဖုံးရ အလုပ်ကိုရှုပ်ရော။ ရင်သားကို ခြားထားတဲ့ plunge bra လေးတွေက ဒီပြသနာကို ဖြေရှင်းပါလိမ့်မယ်။ အဲလို plunge လေးတွေမှာ  push-up လေးပါ တွဲပေးထားတယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝယ်ရကျိုးနပ်တယ်ဆိုရမှာပေါ့နော်။

မိန်းကလေးတွေရဲ့ စိတ်က ဆန်းသားနော်။ အသားကျတော့ ပြချင်တယ်၊ bra ကျတော့ ကြိုးလေးပေါ်တာတောင် မကြိုက်ကြဘူး။ Bikini နဲ့ကျတော့ ဘာမှမဟုတ်တဲ့အတိုင်း beachမှာ လျှောက်သွားနေသား။ ဘာရယ်မဟုတ်ဘူး။ ဒီအတိုင်းတွေးကြည့်တာ။ :D


အလှတွေ ပိုနိုင်ကြပါစေရှင်။


www.facebook.com/thanakharmay




photo credit: Michelle Phan

You Might Also Like

6 comments

  1.ြ်မတ်ကြည်ပြောမှပဲစဉ်းစားမိတော့တယ်။
    အသားတော့ဖေါ်ပြီးကြိုးပေါ်တာကိုရှက်တတ်တဲ့မိန်းခလေးတွေရဲ့ သဘာဝကို။
    တစ်ခုခုတော့မှားနေပြီထင်တယ်နော်။း)
    ဘရာအကြောင်းလေးတွေမသိတဲ့သူများမယ်ထင်တယ်။
    အကျိုးရှိတဲ့ပို့ စ်ပါ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ် မမ။ တစ်ခုခုတော့မှားနေတာသေချာတယ်။ :)

      Delete
  2. မမမြတ်ကြည်ရေ မြတ် စဉ်းစားလို့မရဖြစ်နေတဲ့ အရာတစ်ခုက ဒီပို့စ်ဖတ်မှပဲ ရှင်းသွားတော့တယ်
    ကျောပြောင်ဝတ်တဲ့သူတွေကို မြတ် မြင်တော့ သူတို့ အတွင်းခံ ဘယ်လို ၀တ်ကြလဲပေါ့
    ခုမှပဲ backless bra ရှိတာ သိသွားတော့တယ် ..
    အသုံးဝင်တဲ့ ပို့စ်လေးပဲ မမ :)

    ReplyDelete
    Replies
    1. အစ်မလည်း သိတာသိပ်မကြာသေးဘူး။ :)

      Delete
  3. တို့ဆရာမဆီလာလိုက်ရင်တခုမဟုတ်တခုကိုဗဟုသုတတွေရရသွားတာဘဲ . ဘာလို့ဆို သူများတို့ကအန်းဒိတ်ကြီးတွေဖြစ်နေပြီလေ :P ( ဘိုင်သဝေးချဲလင့်ခေါ်ထားတယ်နော် )

    ReplyDelete
    Replies
    1. အစ်မ ဒိုးကန်၊ ပေါ်လာတော့လည်း ဆက်တိုက်ပါလား? :D Challenge ခေါ်ခံပြီးကာမှ ဘာရေးရမယ် စဉ်းစားမသေးဘူးဖြစ်နေတယ်။ :P

      Delete