အမျိုးသားများသဘောကျသော မိန်းကလေးတို့၏ ဆံပင်ပုံစံ(၃) မျိုး (Hair styles that Men Love about Women)

By 7:37 PM

အမျိုးသားများဟာ သိပ် မပြင်ဆင်ထားပဲ လှနေတဲ့ မိန်းကလေးမျိုး ကိုပိုပြီး နှစ်ခြိုက်ကြပါတယ်။ သဘာဝအတိုင်းလှတဲ့အလှမျိုးပေါ့။ အမှန်တော့ မပြင်ပဲနဲ့လှတယ်ဆိုတာ ရှာမှရှားပါပဲ။ အဲဒီတော့၊ အသင့်အတင့်လေးနဲ့ အချိန်ကုန်လဲသက်သာ၊ သဘာဝလဲကျမယ့် ဆံပင်စတိုင် လေးတွေကိုရွေးချယ် ပေးလိုက်ပါတယ်။


ဆံပင်ဖြောင့်ဖြောင့်


ဘယ်လောက်ပဲ  တိုးတက် ပြောင်းလဲလာ တယ်ပြောပြော အမျိုးသားတွေရဲ့မသိစိတ်ထဲမှာ ရိုးရှင်း သန့်ပြန့် တဲ့ဆံပင်ဖြောင့်ဖြောင့်ပိုင်ရှင်မလေးဆိုရင် သဘောကျတတ်ကျပါတယ်။ သန့်ရှင်းဖြောင့်ဆင်းတဲ့ ဆံနွယ်ဟာ မျှတတဲ့အစားအသောက်၊ ကျန်းမာတဲ့ ကိုယ်ခန္ဓ^ ကို ဖော်ပြသလိုပါပဲ။


ဘယ်လိုလုပ်မလဲ :

ဆီလီကွန်ပါတဲ့ Hair Serum ကို ဆံပင် Dryer မမှုတ်ခင် ဆံပင်မခြောက်တ ခြောက် အချိန်မှာ လိမ်းပေးပါ။ ဆံသားအထူအပါးပေါ်လိုက်ပြီး ၄ ပိုင်းမှ ၆ပိုင်းထိ ခွဲ၍ ကလစ်ဖြင့်ထိုးထားပါ။ ပြီးလျှင် တစ်ပိုင်းချင်းစီ ဖြည် ၍ Dryer မှုတ်ရင်း Brush နှင့်ဖြီးချပါ။ Dryer ထိပ် သည် အောက်သို့ဆိုက်ပါစေ။





ဆံပင်အပြောင်သိမ်းမလား

အခု ပြန်ခေတ်စားနေတဲ့ ဆံပင်ပုံစံလေး ပါ။ ဆံပင်ကို အပြောင်သိမ်းတာက သင့်ရဲ့လည်တိုင်၊ ပခုံးတို့ရဲ့အလှကို ပိုမိုပေါ်လွင်စေ သလို ဆံပင်အရှေ့ပိုင်းကို ခပ်ဖောင်းဖောင်းလေး လုပ်ထားခြင်းက ဆံပင်အုံထူတဲ့အမြင်ဖြစ်စေပါတယ်။ 


ဘယ်လိုလုပ်မလဲ :

မျက်ခုံးနှစ်ဖက်ပေါ်မှာရှိတဲ့ဆံစများကို ခေါင်းအထက်သို့မတင်၍ လက်ဖြင့်စုစည်းလိုက်ပါ။ ပြီးလျှင်ထို ဆံစ ကို နှစ်ရစ်သုံးရစ်လိမ် ပြီး အရှေ့သို့အနည်းငယ်တွန်းခြင်းဖြင့် ရှေ့ဆံပင် မို့မို့ ကိုရရှိမှာပါ။ အဆင်ပြေပြီ ဆိုလျှင် ကလစ်အမည်းတချို့ သို့မဟုတ် ညပ်ကလစ်ဖြင့် ထိုးထားလိုက်ပါ။ ထို့နောက် ကျန်နေတဲ့ဆံပင် ကိုယူ၍ ခပ်မြောက်မြောက် စည်းလိုက်ရင်၊ အဆင်ပြေသွားပါပြီ။



ဘေးတစ်စောင်း စည်းမယ်

ဆံပင်ကို  ခပ်စွေစွေလေးစည်းထားခြင်းက ဘယ်မျက်နှာမျိုးနဲ့မဆို လိုက်ဖက်ပြီး ကြည့်လို့ကောင်းပါတယ်။ ဘယ်သူမှ တစ်ယောက်ချင်းစီမှာ ဘယ်နဲ့ညာနဲ့ ထပ်တူကျတာမရှိပါဘူး။ဘေးတစ်စောင်းစီးတာဟာ သင့်ချို့ယွင်းချက်လေးတွေကို လူမရိပ်မိစေတဲ့ လွယ်ကူတဲ့နည်းလေးပါ။


ဘယ်လိုလုပ်မလဲ:

Dryer မှုတ်ရင် စည်းလိုသော ဘေးတစ်ဘက် သို့ ဆွဲပေးပါ။ သင့် နားရွက်အောက်နားလေးမှာ ဆံပင်ကို ခေါင်းစီးလှလှ လေးတစ်ခုနှင့် ကောက် စည်းလိုက်ပါ။ လျော့လျော့စည်းခြင်းက ကပိုကရိုလေးနှင့် သဘာဝကျစေပါတယ်။ အချိန်ရလျှင် ဆံပင်အောက်ခြေကို အပူချောင်းဖြင့် ကောက်ပေးလို့ရပါတယ်။အပြစ်အနာအဆာကင်းတဲ့ သင့်ကို သူတို့ကြည့်နေကျမှာ မလွဲပါဘူး။




ဒီဆောင်းပါးလေးကတော့ဒီမျှပါပဲ။ စာဖတ်သူတွေလဲလက်တွေ့အသုံးချလို့ရမယ်ထင်ပါတယ်။ အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။

မြတ်ကြည်







You Might Also Like

1 comments

  1. ကိုယ့်ဆံပင်က နဂိုလှိုင်းရှိတဲ့သူဆိုတော့ ဘေးတစောင်းပဲစည်းစည်းထားတတ်တာ အခု ဒီပိုစ့်လေးဖတ်လိုက်ရတော့ သဘောကျသွားပြီ။ ကျေးဇူးပဲ။ :)

    ReplyDelete