APRIL Be AWESOME.
ဒီလမှာ မြတ်ကြည်အတွက် စိတ်ချမ်းသာစရာတွေ အများကြီးပဲ။ အဓိက က တော့ ၀ိတ် ၁၀ ပေါင်ကျသွားတာပေါ့နော်။ နောက် မြတ်ကြည် အခု သဘောကျနေတဲ့ အကြောင်းအရာလေးတွေ ပြောချင်တာနဲ့ ဒီပို့စ်ကို ရေးးဖြစ်သွားတာ။
1.Manhattan fish market (Yangon)
Facebook page http://www.facebook.com/MFMMyanmar
2. မြတ်ကြည်၏ Diet စခန်း
မြတ်ကြည် diet လုပ်နေတာ စာဖတ်သူ တချို့တော့ ရိပ်မိမယ်ထင်တယ်။ ပေါင်က ၁၄၀ထိ တက်သွားတာ။ အောက်က ပုံက ၁၃၅ ပေါင်လောက်တုန်းက ရိုက်ထားတာ။ ၁၄၀ လည်းရောက်ရော ဓာတ်ပုံတောင် ရိုက်ချင်စိတ်မရှိတော့ဘူး။ :(
Before
အဲဒါနဲ့ ဒီလအစ ၇ ရက်အတွင်း ၁၀ပေါင်ချ diet ကို လုပ်ပစ်လိုက်တယ်။ သူ့ ရဲ့ အားသာချက်က စားချင်သလောက် စားလို့ ရတာပါပဲ။ မကောင်းတဲ့ အချက်က ဟင်းသီးဟင်းရွက်နေ့တွေဆို ဆီမပါပြားမပါဆိုတော့ စားလို့ လုံးဝမကောင်းဘူး။ ကြားတစ်ရက်က စိတ်မထိန်းနိုင်လို့ မြေပဲ တစ်ထုပ် ကောက်ဝါးမိသေးတယ် :P Anyway ၇ ရက်တော့ ပြည့်သွားတယ်။ :D
အခုတော့ ၁၂၈ ပဲရှိတော့တယ် Diet တော့ ထပ် မလုပ်တော့ဘူး။ မနက်စာ
ကိုယ်ကြိုက်တာ စား.. ကျန်တဲ့ အချိန်ကို အသီးအနှံ စားပြီး ကျနေတဲ့
ဝိတ်လေး ပြန်မတက်အောင် ထိန်းထားလိုက်တယ်။ :)
အသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်နော်။
Diet Plan : Lose 10 lbs in 7 Days
http://thanakharmay.blogspot.com/2014/02/lose-10-lbs-in-7-days_1.htmlDiet Plan : Lose 10 lbs in 7 Days
3. သူငယ်ချင်း မင်္ဂလာဆောင်
ကျောင်းတုန်းက ၅/၆/၇/၈တန်း ဆက်တိုက်တွဲခဲ့တဲ့ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်တယ်။ ဟိုတလောက အီစီကလီပဲထားဦးမယ်ဆိုပြီး ခုတော့ ခုတော့ :P ၅ ရက်အလိုမှသိတော့ ချုပ်ဖို့ မမီတော့တာနဲ့ ၀ယ်ဖြစ်လိုက်တယ်။ The Avenue ဆိုတဲ့ဆိုင်မှာ ဂါဝန်လေးတွေလှတယ်။
10.4.2014 (purse: birthday gift from my boyfriend)
ပွဲမှာ
သူငယ်ချင်းတွေက ပိန်သွား တယ် ပြောလို့ စိတ်ချမ်းသာ။
ကျောဟိုက်တော့ corset ၀တ်လို့ မရဘူး။ ဗိုက်များပူနေမလာပေါ့။
တော်သေးတယ် ကွက်တိပဲ။ :)
4. Shoes
ဟိုတလောက ၃၉၀၀တန် ဖိနပ်လေး ဝယ်စီးတာ အဆင်ပြေလို့ သာကေတ capital မှာ ပြန်သွားဝယ်တာ မရှိတော့ဘူး။ ကံကောင်းချင်တော့ အလုပ်အပြန် မင်္ဂလာ လက်ဖွဲ့ North point မှာ သွားဝယ်ရင်းမှ ပြန်တွေ့တယ်။ ဈေးမတက်ဘူး ၃၉၀၀ပဲ။ အဒေါ်တိုက်တွန်းချက်နဲ့ ၂ရံ ၀ယ်လာခဲ့တယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာ ဆိုတော့ ခြေတုံချတုံနဲ့။
5. မွေးနေ့လက်ဆောင်
အမေက မပြောမဆိုနဲ့ ရော့ အင့် ဆိုပြီးလာပေးတယ်။ သမီးကြိုက်မယ်ထင်လို့တဲ့။ တကယ်တော့ အမေနဲ့ မြတ်ကြည်က အကြိုက်တူတာ ရှားတယ်။ ဒါပေမယ့် ဒါလေးကို တော့ ထပ်တူကျတယ်။ မွေးနေ့လက်ဆောင် မပေးရသေးလို့တဲ့။
Thank you Mother :)
အမှန် မွေးနေ့က လွန်ခဲ့တဲ့ ၂လ က။ ကကြီးပြန်တဲ့ လေယာဉ်ပေါ်မှာ အချိန်ကုန်သွားတယ်။ ဘွဲ့သွားယူနေတာနဲ့ မိသားစု နဲ့ရော သူငယ်ချင်းတွေနဲ့ေ၇ာ ဘာမှမလုပ်ဖြစ်လိုက်ဘူး။ အသက်ကြီးလာတော့လည်း မွေးနေ့ဆိုတာ ဘာမှမဟုတ်သလိုပဲ..(တရားရ) -_-"
ဆေးရုံနဲ့ အမှတ်တရ
6. အလုပ်နဲ့ သင်္ကြန်
မြတ်ကြည် အလုပ်က မိသားစုလိုပဲ။ အလုပ်မှာ ပို ပျော်သလိုတောင်ရှိတယ်။ (ထူးထူးခြားခြား) @_@
ပိတောက်ကိုမကြိုက်တတ်ဘူး။ ဒါပေမယ့် အလုပ်မှာ ပိတောက်ပန်းတွေ ပွင့်လို့ သယ်လာတော့ စိတ်ထဲ တမျိုး ကြည်နူးမိတယ်။ သင်္ကြန်နဲ့ ခွဲလာတာ ၃ နှစ်တောင်ရှိပြီ။ ဟိုနေ့က အလုပ်မှာ မုန့်လုံးရေပေါ်ပြိုင်ပွဲ လုပ်ကြတယ်။ တတိယရတဲ့ သံလွင်အဖွဲ့က မုန့်လုံးရေပေါ်လာပို့တာ စားရတယ်။ တတိယဆိုလို့ပဲ၊ အောက်မှာ ဆွမ်းမွှေးရွက်လေး ခံထားတာ မွှေးနေရော။
ပိတောက်ကိုမကြိုက်တတ်ဘူး။ ဒါပေမယ့် အလုပ်မှာ ပိတောက်ပန်းတွေ ပွင့်လို့ သယ်လာတော့ စိတ်ထဲ တမျိုး ကြည်နူးမိတယ်။ သင်္ကြန်နဲ့ ခွဲလာတာ ၃ နှစ်တောင်ရှိပြီ။ ဟိုနေ့က အလုပ်မှာ မုန့်လုံးရေပေါ်ပြိုင်ပွဲ လုပ်ကြတယ်။ တတိယရတဲ့ သံလွင်အဖွဲ့က မုန့်လုံးရေပေါ်လာပို့တာ စားရတယ်။ တတိယဆိုလို့ပဲ၊ အောက်မှာ ဆွမ်းမွှေးရွက်လေး ခံထားတာ မွှေးနေရော။
ဒီနှစ် အကြို၊ အကျ အကြတ် အလုပ်သွားစရာမလိုဘူး။ အတက်နေ့အတွက် အလုပ်လာဖို့ ကားစီစဉ်ပေးမယ်တဲ့။ အေးအေးဆေးဆေးပဲ။ လွတ်နေတဲ့ ၃ ရက်ကို ဘာလုပ်ရမယ်မသိဘူး။ အပြင်လည်း ထွက်မလည်ချင်၊ ချစ်ချစ်ဆီသွားလည်ဖို့အတွက်က လည်း လက်မှတ်က မရ။ ဗြဲ :'(
Personal တွေ မရေးတာကြာပြီ။ တခါတလေ ကိုယ့်စိတ်ထဲ စိတ်ကူးပေါက်သလို အခုလို ရေးချင်ပေမယ့် စာဖတ်သူတွေကို အားနာနေမိတယ်။ ဘာပဲဖြစ်ဖြစ် အစ်မ မီးမီးငယ် ပြောသလို ပျော်ပျော်နေ သေခဲမလား။ ရေးချင်တာရေးရတော့လည်း ပျော်သွားသား။ မှင်ကြီးနဲ့ ရေးနေတာ တော်တော်ကြာပြီလားလို့။ ဟီး
နှစ်သစ်ကူး အခါသာမယလေးမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။
2 comments
အင်း ဘယ်လိုပြောရမလဲ။ ပါဆင်နယ်လ်လေးပါတော့ ရင်ကို ပိုထိသလိုဘဲ။
ReplyDeleteမြတ်ကြည်နည်းနဲ့ ဝိတ်ချမလားလို့ တောင်တွေးမိသွားတယ်။ မြတ်ကြည်လေးလှနေတာအားကျလို့ ။ မြတ်ကြည်လက်တွေ့ ဆိုတော့စိတ်ဝင်စားတယ်။း)
ဖိနပ်က ဘာတံဆိပ်လည်း။ မ က ဖိနပ်တိုင်းအဆင်မပြေတတ်ဘူး။ မြတ်ကြည်လိုဘဲ အဆင်ပြေတာလေးမှတ်ပြီးစီးရတာ။ ခုတော့ Clark နဲ့ အရမ်းအဆင်ပြေသွားလို့ လေးနှစ်လောက်ရှိပြီ ဖိနပ်သိပ်မရှာဖြစ်တော့ဘူး။
မြတ်ကြည်လေးလည်းနှစ်သစ်မှာပျော်ရွင်ပါစေ။ လခတွေလည်းအများကြီးတိုးပါစေလို့ ...
မမအိုင်အိုရာ
L'beauty ဆိုပဲ အစ်မ။ ဖိနပ်လုံးဝ မပေါက်ဘူး။ မြတ်ကြည် အရှေ့ တရံ ဝယ်ထားတာလည်း အခုထိ စီးလို့ကောင်းတုန်းပဲ။ မြန်မာမှာ ဖိနပ် size ၄၀ က အရမ်းရှားတာနဲ့ တွေ့တုန်းကောက် ဝယ်လိုက်တာ။
Delete