လိုင်နာ liner လိုင်နာ
လိုင်နာ ဆိုးတဲ့ အလေ့အထက ခေတ်ရဲ့ ပျိုမေ တို့အတွက် အထူးတလည် မဟုတ်တော့ပါဘူး။ လိုင်နာအမျိုးအစား မျိုးစုံထဲမယ် အဓိက ကတော့ pencil type, gel type နဲ့ liquid type တွေပေါ့။
ဒီပို့စ်လေးမှာ မြတ်ကြည် မှာရှိတဲ့ လိုင်နာလေးတွေနဲ့ ဆိုးလေ့ဆိုးထ ရှိတဲ့ပုံစံလေးတွေ၊ နည်းအတိုအထွာလေးတွေကို ပြောပြပေးသွားမှာပါ။
1. Pencil type
Pencil type eyeliner လေးက မြတ်ကြည်ရဲ့ နေ့စဉ် ထသွားထလာ အတွက် အသုံးပြုနေကျ လိုင်နာလေးပါ။ မြတ်ကြည်လို တုန်တုန်ချိချိနဲ့ ဆိုးရတဲ့ beginner level တွေ အတွက် တကယ့်ကို အဆင်ပြေပါတယ်။
မျက်ကျိ ဆိုးနေကျ ပုံစံ
Tips:
လိုင်နာတခြား မျက်လုံးတခြား မျက်ခွံအောက်က လွတ်နေ--
ဆိုးမယ်ဆို မျက်လုံးကို ကျုံ့မထားပဲ မျက်ခုံးကိုပင့်ပြီး မင်းက လူမိုက်လားဆိုတဲ့ ပုံစံနဲ့ဆိုးကြည့်ပါ။
ဆိုးတုန်းက အကောင်း၊ ညနေ အိမ်ပြန်လာတော့ ချွေးတလုံးလုံးနဲ့ လိုင်နာက မျက်ခွံပေါ်တပ်ကပ်နေ--
ဆိုးပြီးတာနဲ့ အိုင်းရှဲဒိုး အမည်းလေးနဲ့ အပေါ်ကနေ ပြန်သိပ်ပါ။
2. Gel liner
ပွဲသွား ပွဲလာ ညပွဲတွေပြင်ရင်း ဆိုးဖြစ်တာများတယ်။ Pencil type တွေထက် အရောင်ပို စိုပြီး နက်တယ်။
ညပွဲမှာ smokey eye ပြင်မယ်ဆို ဒါလေးနဲ့ ခြယ်ရင် ကွက်တိပဲ။
Basic smokey eye
Gel linerကို angle brush လေးနဲ့ ထူထူဆိုး၊ blending brush ကို ရှဲဒိုး နည်းနည်းတို့ပြီး အပေါ်မျက်ခွံနဲ့ gel liner ကြား လိုက်ညှိပါ။
ထပ်ကွန့်
ကိုယ် သဘောကျတဲ့ ရှဲဒိုး တစ်ရောင်ရောင်ကို လက်သူကြွယ်လေးနဲ့ မျက်ခွံအလယ်ကို ၄/၅ကြိမ် ပုတ်ပါ။
3. Liquid liner
မြတ်ကြည်ရဲ့ မကျွမ်းဆုံး :D (လက်မငြိမ်ပါဘူးဆိုမှ ထိလိုက်တိုင်းလည်းပေ)
မျက်လုံးအပြည့်ချယ်ပြီးမှ ဆိုးတာ များတယ်။ ဒီအတိုင်း သူတစ်ခုတည်းဆိုးရင် မစွဲဘူးလိုပဲ။ ပါးပါးလေးပဲ ဆွဲဖြစ်တယ်။ (ထူထူဆွဲလောက်အောင်မှ မကျွမ်းတာ)
Tips:
တွန့်တိတိတွန့်-- အရင်ဆုံး မျက်တောင် အရင်းနဲ့ကပ်ပြီး dash လေးတွေ(ဒီလို -----)ချ၊ ပြီးရင် ပြန် join ပါ။ (Michelle Phan နည်း)
4. White liner
မြတ်ကြည်တို့လို သခွားစေ့ မျက်လုံးတွေ အတွက် အနက်ကို အပြည့်ဆိုးရင် မျက်ပေါက်ပိုကျဉ်းသွားရော။ ဒါ့ကြောင့် အောက် မျက်ခမ်းကို အဖြူလေး လိုက်ပြီး မျက်သားက ပိုပဲ ကြီးသယောင်ယောင် ဖမ်းလိုက်တာ။ ဒီလို...
ဆွဲတဲ့အခါ မျက်ခမ်းသားနဲ့ ကပ်ကပ်ဖြစ်အောင် လက်သူကြွယ်လေးနဲ့ တင်းနေအောင် ဆွဲဖိပြီး water line တလျောက် ဆွဲပါ။
Tips:
မျက်လုံး ခြယ်တဲ့အခါ white liner ကို အောက်ကခံဆွဲပြီး အပေါ်က အရောင်ထည့်ရင် အရောငိ ပိုပေါ်ပါတယ်။ (canvas အဖြူမှာ ပန်းချီဆွဲရတာ ပိုအဆင်ပြေသလိုမျိုးပေါ့)
ဒီ eyeliner tips လေးတွေက မြတ်ကြည်နဲ့ အဆင်ပြေသလို စာဖတ်သူများ အတွက်လည်း လိုင်နာ ဆိုးတဲ့ နေရာမှာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
မြတ်ကြည်က အလှပြင်တဲ့ နေရာမှာ က ကြီးရေ က အဆင့်ပဲရှိသေးပါတယ်။လိုအပ်တာတာတွေ အများကြီးရှိဦးမှာပါ။ ဖြည့်စွက် ဝေမျှချင်တာလေးတွေရှိရင် comment မှာ ရေးသွားပေးပါနော်။ ဗဟုသုတ တိုးတာပေါ့။ :)
အလှတွေ ပိုနိုင်ကြပါစေရှင်။
http://www.facebook.com/thanakharmay
4 comments
ဘယ်လိုမျက်လုံးမျိုးကဘယ်လိုမျိုးဆွဲသင့်တယ်ဆိုတာလေးတွေပါထဲ့ပေးနော်နောက်တခါ။ အဆင်ပြေရင်ပေါ့။း)
ReplyDeleteအိုင်အိုရာ
ဟုတ် မမ။ နောက်ဆက်တွဲ ပို့စ် ရေးဖြစ်ရင် ထည့်လိုက်မယ်။
Deleteမြတ်ကြည်ပို့စ်လေးတွေက၊
ReplyDeleteကောင်းတယ်။
ကိုယ်ကျတော့အလှမပြင်တတ်တဲ့လူဆိုတော့၊
နဲနဲဝေးနေတဲ့သဘောပါကွာ..၊
တသက်မှာ ၂ခါဘဲအလှပြင်ဖူးတယ်..၊
ကောလိပ်ကျောင်းသူဘဝက၊
ရှမ်းပြည်နယ်နေ့ အက ကရတဲ့အခါတုံးနဲ့၊
မောင်ဂလာဆင်..ပေါ့ရှင်.. ^_^
အဖေ့စကားနားထောင်တာပါ။
အဖေကပြောတတ်တယ်၊
သမီးအလှပြင်ရင်အခြောက်နဲ့တူတယ်တဲ့..
:(
eyelinerဆိုးတာကြိုက်တဲ့သူမို့ ဒီပို့စ်လေးကိုကြိုက်မှကြိုက်။
ReplyDelete@Ahthhu