Diet Plan : Lose 10 lbs in 7 days ( ၇ ရက်အတွင်း ၁၀ ပေါင်ချမယ် )

By 7:21 PM

၇ ရက်အတွင်း ၁၀ ပေါင်ကျစေမယ့် pinterest က ၇ ရက်စာ diet plan လေးပါ။
ဝိတ်လျှော့လိုသူ စာဖတ်သူများအတွက် ဘာသာ ရသလောက်လေး ပြန်ပေးထားပါတယ်။

Day 1 (Fruit Day)
ငှက်ပျောသီးကလွဲလို့ ကြိုက်တဲ့အသီးအနှံစားလို့ရပါတယ်။ ကယ်လိုရီအနည်းဆုံးပါတာကတော့ ဖရဲသီးလို cantaloupe လို အသီးမျိုးတွေပါ။ အဲလိုမျိုးအသီး များများစားလေ ဝိတ်ပိုကျလေပါပဲ။

Day 2 (Veggie Day)
အသီးအရွက်ကြိုက်သလောက်စားပါ။ အစိမ်းလိုက်ပဲဖြစ်ဖြစ်၊ ပြုတ်လို့ပဲဖြစ်ဖြစ်။ ဒါပေမယ့် စေးတဲ့ အသီးအနှံတွေမပါပါဘူး။ ဥပမာ။ ။ပဲ၊ ပြောင်း။ ဒီနေ့ရဲ့အားသာချက်က ထောပတ်နဲ့ဖုတ်ထားတဲ့ အာလူး ၁ လုံးစားလို့ရပါတယ်။

Day 3 (Fruit and Veggies)
ပထမနဲ့ ဒုတိယ ရက်အတိုင်းပါပဲ။ ဒါပေမယ့် အာလူးတော့မပါပါဘူး။

Day 4 ( Bananas and Yogurt)
ငှက်ပျော်သီးကို ၈ လုံးအထိ၊ အဆီထုတ်ထားတဲ့ နွားနို့ / ဒိန်ချဉ်ကို ၈ခွက်အထိသောက်လို့ရပါတယ်။ ငှက်ပျောသီးမှာ ကစီဓာတ်နဲ့ ကယ်လိုရီတွေ ပါဝင်ပါတယ်။ ဒီနေ့က ခန္ဒာကိုယ်အတွက် လိုအပ်တဲ့ ကယ်စီယမ်၊ ပရိုတင်း ဓာတ်တွေကိုဖြည့်ပေးမှာဖြစ်လို့ အချိုစားချင်စိတ်ကို လျှော့ချပေးပါလိမ့်မယ်

Day 5 ( Fowl and tomatoes)
ကြက်သား၊ ကြက်ဆင်သားနဲ့ ခရမ်းချဉ်သီး ၆ လုံးထိ ကို စားလို့ရပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီး တစ်လုံးစားပြီးတိုင်း ကိုယ်မှာရှိတဲ့ ယူရစ် အက်ဆစ်ကို ဆေးချဖို့ ရေ တစ်ခွက်သောက်ပေးပါ။

Day 6 (Fowl and veggies)
အရှေ့ရက်က ကြက်သား ရယ်၊ ဟင်းသီးဟင်းရွက်တွေကို စာလို့ရပါတယ်။ အာလူးတော့မပါပါဘူး။

Day 7 (Miracle soup) 

လှီးပြီးသား ကြက်သွန်နီ ၂လုံးကနေ ၃လုံး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး ( blender ထဲချေပါ)၊ ရေ ၄ ခွက်မှ ၆ခွက်ထည့် ၁၀မိနစ်လောက်တည်ပြီး ဟင်းခတ်မှုန့်ထည့် နူးသည်အထိတည်ပြီး ဟင်းရည် လုပ်ပြီး သောက်ပါ

ပေါင် တကယ် ကျတယ်လို့ပြောတာပဲ။ ဒါပေမယ့် ကိုယ့် risk ကိုယ်ယူလို့ပြောထားတော့ နည်းနည်းချင့်ချိန်ပေါ့နော်။ မြတ်ကြည်လည်း ဝက်ဖြစ်နေလို့ ( ဟိုမှာထက် ၁၅ ပေါင်လောက်တက်လာတယ်) ဝိတ်လျှော့ရဦးမယ်။ 

အလှတွေပိုနိုင်ကြပါစေရှင်။

ကြီးကြီးကြည့်ချင်ရင် ပုံကို click နှိပ်ပါနော်။

Find us on facebook for upcoming posts http://www.facebook.com/thanakharmay

You Might Also Like

3 comments

  1. ပြန်လာဖတ်ပြီးစမ်းကြည့်မလားလို့ ။ လုပ်ဖြစ်ရင်မြတ်ကြည်ကို ပြန်ပြောပြမယ်နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ် မမ။ စမ်းကြည့်ကြည့် ၃ ရက်လောက် ပြီးတာနဲ့ ၅ ပေါင်လောက်ကျတယ်။

      Delete
  2. လာဖတ်တယ်...မြတ်ကြည်
    ခုတလော..၇ကီလိုလောက် တရှိန်ထိုးတက်လာတာ...
    အားရစရာပါပဲ...


    ပေါက်

    ReplyDelete