ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင် ပုံစံဟာ ကိုယ့်အသက်ထက်ပိုပြီး ကြီးရင့်စေပါတယ်။ မှန်ကန်တဲ့ ဆံပင် ပုံစံ၊ အရောင်အနေအထားရွေးတတ်မယ်ဆို ဘယ်အချိန် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် နုပျိုလှပနေမှာပါ။ ဒီဆောင်းပါးထဲမှာ New York မှ stylist တစ်ဦးဖြစ်တဲ့ Mark Garrison က အမျိုးသမီး ၃ ဦးကို အရွယ်တင်စေမယ့် ဆံပင်ပုံစံ ပြောင်းလဲမှုလေးတွေ လုပ်ပေးထားပါတယ်။
ကြည့်ကြည့်ရအောင်နော်။
Maryellen Haye, 60
Before |
လိုအပ်ချက် - သူမမှာ အရှေ့ ဆံပင်ကို ခပ်ထူထူ ချထားတာရယ်၊ လည်ပင်းအတိ အတိညှပ်ထားတာရယ်က shape နဲ့ movement မရှိစေသလို သူမကို ရင့်စေပါတယ်။
အပြောင်းအလဲ - မျက်နှာ အချိုးအဆ ပေါ်လွင်စေမယ့် ပုံစံ၊ နှဖူးကျယ်တာအတွက် ဆံပင်ကို ဘေးခွဲပြီး side-swept bang ထားလိုက်ပါတယ်။
Tip - ဆံပင် ညှပ်ဆိုင် သွားတဲ့ အခါ ဘယ်ပုံညှပ်မယ်လို့ အတိအကျ စိတ်ထဲမှာမထားပါနဲ့။ ကိုယ်မလိုချင်တဲ့ ပုံကို ပြောပြပြီး ညှပ်သူကို ရွေးချယ်ခိုင်းပါ။
Tip - ဆံပင် ညှပ်ဆိုင် သွားတဲ့ အခါ ဘယ်ပုံညှပ်မယ်လို့ အတိအကျ စိတ်ထဲမှာမထားပါနဲ့။ ကိုယ်မလိုချင်တဲ့ ပုံကို ပြောပြပြီး ညှပ်သူကို ရွေးချယ်ခိုင်းပါ။
Jawline တင်းစေချင်
လုပ်နိုင်တာ - လည်ကုပ် အရှည် ရှိမယ့် ဆံပင်ကို အနောက်ပိုင်းကို တိုပြီး အရှေ့ပိုင်းကို အနည်းငယ် အရှည်ထားခြင်းဟာ မျက်နှာ angle အပြောင်းအလဲကို ဖြစ်စေပါတယ်။
နှဖူးပေါ်မှာရှိတဲ့ အရေးအကြောင်းကို ဖုံးကွယ်စေချင်
လုပ်နိုင်တာ - မျက်ခုံးကို အနည်းငယ်ဖုံးမယ့် ခပ်ပါးပါး အရှေ့ချတဲ့ ဆံပင်မျိုး ထားပါ။
လှတဲ့ မျက်နှာ အစိတ်အပိုင်းကို ထင်ရှားစေချင်
မိမိလှတဲ့ အစိတ်အပိုင်းကို ညွှန်ပြ ဖော်ပြပေးမယ့် level လောက်ကို layer ညှပ်ပါ။ အကယ်၍ အပြုံးလှလှ ပိုင်ဆိုင်ထားရင် layer ကို နှုတ်ခမ်းနဲ့ level ညှပ်လိုက်တာ နှုတ်ခမ်း အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။
အခုလောက်ဆို ဆံပင် ညှပ်ဆိုင် သွားရင် ပုံထွက်ကောင်းဖို့ အဆင်ပြေသွားလောက်ပြီ ထင်ပါတယ်နော်။
ဆောင်ပါးကို Good HouseKeeping မဂ္ဂဇင်း Digital Edition မှ ဖော်ပြပါတယ်ရှင်။
အလှတွေ ပိုနိုင်ကြပါစေ။