Valentine's day လည်း တော်တော် နီးနေပြီနော်။ ချစ်သူရှိတဲ့သူတွေလည်း စိတ်ကူးကိုယ်စီ ရှိကြမှာပေါ့။
ရန်ကုန်မှာ အမှတ်တရလည်းဖြစ် romantic လည်းဖြစ်မယ့် အရာလေးတွေ လုပ်ရင်းနဲ့ ချစ်သူ များနေ့မှာ သွားလို့ကောင်းတဲ့ နေရာလေးတွေကို recommend လုပ် ပေးပါမယ်နော်။
ပထမဆုံး နေရာလေးကို ပြန်သွားပါ။
သူနဲ့ ကိုယ်က စတွေ့တုန်းက ဘယ်နေရာ လေးမှာလဲ၊ ချစ်သူတွေစဖြစ်တော့ ပထမဆုံး လျှောက်လည်ခဲ့တဲ့ နေရာလေးကို ပြန်သွားကြည့်ပါ။ အဲဒီ နေရာလေးကို ပြန်သွားပြီး အဲဒီတုန်းက ဘယ်လို ဆိုပြီး ပြန်ပြောရတာ ကြည်နူးစရာ ကောင်းပါတယ်။
ကုသိုလ် နဲ့ စ လိုက်ရအောင်
ဟုတ်ပါတယ်။ ချစ်သူနဲ့ ဘုရား အတူတူ တက်တာက ကြည်နူးစရာ ထဲက တစ်ခုပါ။ အဲဒီနေ့ ကုသိုလ်လည်းလုပ် နှစ်ယောက် သစ္စာဆိုဆို ဆုပဲတောင်းတောင်း။ ရွှေတိဂုံ ဘုရားဘေးက ပန်းခြံမှာ ဆိုရင် အေးအေးလူလူ နားရင်းနဲ့ စကားလည်း ပြောလို့ရတယ် ငါးစာလည်းကျွေးလို့ရတယ်။
နောက်တစ်ခု စဉ်းစားထားတာက သွေးသွားလှူတာပါ။ စိတ်တူ ကိုယိတူ ရှိ၇င်ပေါ့။ ရန်ကုန်ဆေးရုံကြီးဘေးမှာ သွေးလှူဘဏ်ရှိပါတယ်။ ဒီနေ့လေးမှာ ကိုယ်က သွေးနဲ့ သူများအသက်ကယ်လို ရတာပေါ့။
ကန်ဘောင်
ရန်ကုန်မှာ ချစ်သူ မရှိတဲ့ သူတိုင်း ငါတို့ အလှည့်ကျရင် ဆိုပြီး အားကျ စိတ်ကူးယဉ်ကြတဲ့ နေရာလေးပါ။ အချစ်သီချင်းတွေကလည်း ခေတ်အဆက်ဆက် ကန်ဘောင် ကို ထည့်ဆိုကြပါတယ်။ ချစ်သူနဲ့ အတူ ကန်ဘောင်မှာ နေ၀င်ချိန် ထိုင်ကြည့်ရတာလည်း အရသာ တစ်ခုပါပဲ။
ရုပ်ရှင်ကြည့်မယ်၊ shopping ထွက်မယ်
ကုန်ပေါက်တွေ တွေးတယ်လို့တော့ မထင်ပါနဲ့နော်။ ဒီနေ့တွေမှာ shopping mall နဲ့ ရုပ်ရှင်ရုံတွေတွဲထားတော့ ဈေးပတ်ရင်း ရုပ်ရှင်ချိန်ရောက်ရင် ဝင်ကြည့်ရုံပါပဲ။ Centre တော်တော်များများမှာ စုံတွဲတွေအတွက် discount ချပေးတာတို့၊ လက်ဆောင်ပေးတာတို့၊ ပျော်စရာပွဲလေးတွေ လုပ်ပေးတာတို့ ရှိပါတယ်။ ဆင်တူ အဝတ်လေးတွေ၊ fancy လေးတွေ ၀ယ်ခြမ်းရင်း နောင်တစ်ချိန်ကျရင် ဒါ ချစ်သူများနေ့ က ဝယ်တာဆိုပြီး အမှတ်တရ ဖြစ်တာပေါ့။
Special ညပွဲ လေးတွေ
Yangon River Valentine Cruise
ရန်ကုန်မြစ်ထဲ sunset ကြည့်ရင်း ပျော်သင်္ဘောစီး ထွက်မလား။ Drink ၁ ခွက် ဘူဖေးဒင်နာ အပါဝင်ကို တစ်ယောက်စာ ၂၅၀၀၀ ကျပ်ပါ။ ညနေ့ ၅း၃၀ ၀ါးတန်း သင်္ဘောဆိပ်ကနေ ထွက်ပါမယ်။.အသေးစိတ်ကို ၀၉၄၂၈၀၁၆၂၃၄ မှား မေးကြည့်နိင်ပါတယ်တဲ့။
Yangon sailing club ( Valentine's day by the lake)
လရောင်ရယ် ၊ တေးသံတွေနဲ့ ညအရသာကို ခံစားရင်း လှေလည်းစီးရင်း ညနေခင်းတစ်ခုကို သာသာယာယာ ဖြတ်သန်းချင်ရင် စိမ်းလန်းစိုပြည် ဘေး လေးက ရန်ကုန် လှေလှော်ရွက်တိုက် အသင်းက အစီစဉ်လေး လုပ်ပေးထားပါတယ်။
Everyone's invited. ၀င်ကြေး ပေးစရာ မလိုပါဘူးတဲ့။
ကန်တော်ကြီး hiphop show
စိုင်းစိုင်းခမ်းလှိုင်ပါမှန်းတော့ သိတယ်။ တစ်ယောက် ကို ၆၅၀၀။ နှစ်ယောက်ပေါင်း ၁၁၀၀၀ တဲ့။ ဆယ်ကျော်သက် အရွယ်တုန်းက ရှိုးမှာ စုံတွဲ .ကောင်လေးက ကောင်မလေးကို အနောက်က ဖက်ပြီး ကြည့်နေကြတာမြင်ရင် အားကျခဲ့ဖူးတယ်။ ဒါပေမယ့် ရည်းစားရကတည်းက ရှိုးကို မသွားဖြစ်တော့ဘူး။ :D
စိတ်ကူးထားတာလေးတွေရယ်၊ ရထားတဲ့ information လေးတွေရယ် ပေါင်းပြီး ရေးလိုက်တာပါ။ အားလုံး အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
ချစ်သူ ယောက်ျားလေး အတွက် ဝယ်ပေးချင်တာရှိရင် ဒီ ဆောင်းပါးလေးဖတ်ကြည့်ပါနော်။
http://thanakharmay.blogspot.com/2014/01/gift-tips-for-him.html
Happy Valentine's Day. :)