အပိုင်း (၁) To Beloved အစ်မ Baby
အစ်မ ဘေဘီကို မြင်ဖူးသွားပြီ။ တော်တော်ချောတာပဲ။ ၃၆ လို့တောင်မထင်ရဘူး။ အဝေးကကြည့်တော့ သက်မွန်မြင့်လိုလို။ ဘယ်သူလေးလဲ ဆိုပြီး။ နောက်မှ အစ်မဖြစ်နေတာ။ ပြောလို့ပြောတာမဟုတ်ဘူး။ အမျိုးသမီး ဘလော့ဂါတွေက အပြင်မှာ တော်တော်ချောကြတယ်။ ခိ :P
Baby taster: ကတိတည်တယ်နော် =)
အစ်မ ဘေဘီ ဖေ့စ်ဘွတ် အကောင့်ရှိတာတောင် မသိဘူး။ ဖျက်လိုက်ပြီတဲ့။ ㅠ.ㅠ
အစ်မ ဘေဘီဆီမှာ မန့်လို့မရ၊ စီဘုံးလည်းရေးလို့မရ၊ မေးလ်လည်းမသိဆိုတော့ ဒီကပဲ ပြောချင်တာလေးတွေ လှမ်းပြောလိုက်ပါတယ်နော်။ အစ်မ ပို့စ်တွေ ရေးပါဦးလို့...
အပိုင်း (၂)Newspaper Nail Art
မြတ်ကြည်လည်း လက်သည်းမလုပ်ဖြစ်တာကြာပြီ။ အစ်မ တိမ်လွှာလည်း ပြောတာ ခဏခဏ။ လက်သည်း ပုံဖော်တာ မတင်ပေးလို့လေ။ အခုတင်ပါပြီ။ :)
လုပ်နည်းလေးက--
အရက်ပြန်ကို ခွက်တစ်ခုထဲထည့်ထားပါ။ လက်သည်းကို အရင်ဆုံး ပန်းရောင်ဆိုးပါ။ လက်သည်းနီခြောက်သွားရင် အရက်ပြန်ထဲကို ၅ စက္ကန့်လောက်နှစ်ပေးပါ။ ပြီးရင် သတင်းစာစက္ကူကို ကပ်ပါ။ အရက်ပြန် အစက်အနည်းငယ်ကို အပေါ်ကချပေးပါ။ ပြီးရင်ခွါပါ။ Top Coat လေးထပ်လိုက်ရင် ဒီလိုပုံစံလေးရပါပြီ။
လုပ်ကြည့်ပြီး အဆင်မပြေတာရှိရင်လည်း ပြောနိုင်ပါတယ်နော်။
သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။
Ps. မူရင်း tutorial က Youtube: Cutepolish မှဖြစ်ပါတယ်။

ဒါက ဒုတိယ တစ်ခေါက်