ဒါလေးက မြတ်ကြည် အာလူးဖုတ်တဲ့ ပို့စ်လေးပါ။
ဆယ်ကျော်သက်ဘဝက ဘဝရဲ့ အပျော်ဆုံး အချိန်ထဲက တစ်ခုပေါ့။
ဟိုးတခါက မြတ်ကြည် အခင်ဆုံး သူငယ်ချင်းထဲက တစ်ယောက် မင်္ဂလာဆောင်လို့ DIY လက်ဆောင်လေး လက်ဖွဲ့တယ်ဆိုတာလေ။ အခုသူက ဗိုက်လာအပ်တာ။ အိမ်ထောင်ကျတဲ့သူကကျ၊ နိုင့်ငံခြားသွားဖို့ လုပ်တဲ့သူကလုပ်၊ ဒီမှာ အလုပ်ဝင်တဲ့သူက ဝင်ဆိုတော့ သူငယ်ချင်းတွေ သိပ်မတွေ့ဖြစ်ကြတော့ဘူး။ ဒါပေမယ့် ပြန်တွေ့တဲ့ အချိန် ခင်မင်မှုက နဂိုအရင် အတိုင်းပဲ။ အတန်းထဲက လူတွေရဲ့ ကွိစိ ကွစ တွေပြော, အရင်က အကြောင်းတွေ စားမြုံ့ပြန်နဲ့ ဆယ်ကျော်သက်အချိန်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ Feeling အသစ်တဖန် နုပျို :P
အလယ်က မမဗိုက် :)
မြတ်ကြည် အကြံပေးတဲ့ အတိုင်း ရိုက်ထားကြတာ။ ဒီက မရိုက်မချင်း ဂဂျီဂဂျောင်ကျနေလို့ :P
၁၈နှစ် မပြည့်တပြည့် မမများ
အမှတ်တရ ပထမနှစ်ကျောင်းတက်တုန်းက သူငယ်ချင်းက ကိုးယောက်.. သူငယ်ချင်းရဲ့ တူးဒိုးကားလေးနဲ့ လျှောက်သွားကြတာ၊ တခါ တခါကားထဲက ထွက်လာလိုက်ရင် မနည်းမနောပဲ။ :D တစ်ရက် သူငယ်ချင်းအိမ်နားအရောက် စီးလာတဲ့ ကားပိစိက ပျက်ပါလေရော။ ဒါနဲ့ မိန်းမတွေချည်း ကားပေါ်ကဆင်း.. တွန်းမလို့လုပ်ကြတုန်း လက်ဘက်ရည်ဆိုင်ထဲက ကူညီမယ့်သူတွေက တပြွတ်ပဲ ပြေးထွက်လာလိုက်တာ တွန်းစရာမလိုတော့ဘူး။ ^__^ ဟိုတလောက ဖဘမှာ အဲ့ကိစ္စပြန်ပြောကြတော့ ခုနေများ ကံမကောင်းရင် တစ်ယောက်တောင်ထွက်လာတော့မှာ မဟုတ်ဘူးလို့။
မြတ်ကြည် အကြံပေးတဲ့ အတိုင်း ရိုက်ထားကြတာ။ ဒီက မရိုက်မချင်း ဂဂျီဂဂျောင်ကျနေလို့ :P
၁၈နှစ် မပြည့်တပြည့် မမများ
အမှတ်တရ ပထမနှစ်ကျောင်းတက်တုန်းက သူငယ်ချင်းက ကိုးယောက်.. သူငယ်ချင်းရဲ့ တူးဒိုးကားလေးနဲ့ လျှောက်သွားကြတာ၊ တခါ တခါကားထဲက ထွက်လာလိုက်ရင် မနည်းမနောပဲ။ :D တစ်ရက် သူငယ်ချင်းအိမ်နားအရောက် စီးလာတဲ့ ကားပိစိက ပျက်ပါလေရော။ ဒါနဲ့ မိန်းမတွေချည်း ကားပေါ်ကဆင်း.. တွန်းမလို့လုပ်ကြတုန်း လက်ဘက်ရည်ဆိုင်ထဲက ကူညီမယ့်သူတွေက တပြွတ်ပဲ ပြေးထွက်လာလိုက်တာ တွန်းစရာမလိုတော့ဘူး။ ^__^ ဟိုတလောက ဖဘမှာ အဲ့ကိစ္စပြန်ပြောကြတော့ ခုနေများ ကံမကောင်းရင် တစ်ယောက်တောင်ထွက်လာတော့မှာ မဟုတ်ဘူးလို့။
ကားပိစိပိုင်ရှင် သူငယ်ချင်း အိမ်မှာ မုန့်လုံးရေပေါ်လုပ်စားတုန်းက။ သူ့ဘေးက အဲဒီတုန်းက သူ့ရည်းစားပေါ့နော်၊ အခုတော့ သူ့အမျိုးသားဖြစ်လို့ ကလေးတောင် ၂ ယောက်ရပြီ။
လူစုံတက်စုံ - အဖွဲ့ထဲက တစ်ဦးတည်းသော ယောက်ျားလေး။ သူ့ကိုလည်း ဘယ်သူမှ ယောက်ျားလေးလို့ မှတ်မနေကြတော့ပါဘူး။ သူ့အိမ်က နေအိမ်၊ စားအိမ် အိမ်ကို ဖြစ်လို့။
မြတ်ကြည်တို့ သူငယ်ချင်းတွေက တစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်ချက်မထားကြဘူး။ ဘယ်သူ့ကို သဘောကျတယ်ဆို ပြောလိုက်၊ ဝိုင်းကြည့်ပေး၊ စုံစမ်းပေး၊ အကြံဉာဏ်ပေးကြတယ်။ အဲဒီ အရွယ်နဲ့ တတ်သလောက် မှတ်သလောက်ပေါ့နော်။ မြတ်ကြည် ရေးတဲ့ အချို့ဆောင်းပါးတွေ အဲဒီ အတွေ့အကြုံလေးတွေ အများကြီးပါတယ်။
ကိုယ်တိုင်လည်း ရည်းစားထားလိုက် သူငယ်ချင်းတွေကို မိတ်ဆက်ပေးလိုက်၊ တစ်လ မကြာဘူး ပျက်သွားလိုက်နဲ့။ သူတို့ကို မတိုင်ပင်ပဲ ထားလို့ ဆဲကြတာပေါ့လေ။ ဒါပေမယ့် တဗြဲဗြဲနဲ့ ငိုတိုင်း သူတို့က ပင်တိုင်ချော့ရတာပါပဲ။ :P
နောက်ဆုံးနှစ် အပိုင်း (က) Field Trip
Tirp သွားရတဲ့ မြို့က ဆိုက်ကားနဲ့ တစ်ပတ်ပတ်လိုက်ရင် တစ်မြို့လုံးနှံ့တယ်။ ညဘက် အပြင်ထွက်ရင် ခါးပုံစထဲ ဓားမြောင်ဆောင်သွားရတယ်တဲ့။ ဖုန်းဆက်မယ်ဆို Exchange ရုံးသွား တန်းစီ။ ညဆို မီးမလာဘူး။ ပါလာတဲ့ အခြောက်အခြမ်းက ၄ ရက်လောက်နဲ့ကုန်။ မီးရထားလမ်းဘေးက ဆိုင်လေးကို အားကိုးရတယ်။ သွားတဲ့ လမ်းမှာ သူငယ်ချင်းတစ်ယောက်က မြွေကို တက်နင်းမိ။ တစ်ယောက်က ကျောက်ကပ်ရောင်။ အိုးသည်ကုန်း ရွာကအပြန် ထော်လာဂျီနဲ့ မိုးတွေရွာ၊ ရွှံ့တွေစင်။ သီချင်းတွေ အော်ဆိုကြ။ ထီးလည်း မဆောင်းကြဘူး။ ဘဝမှာ အရမ်းပျော်ခဲ့ရတဲ့ အခိုက်အတန့်လေးပေါ့။ :')
ပြန်ခါနီး ည သရဲခြောက်ခံရသေးတယ်။ လူကောင်သေးသေး သူငယ်ချင်းတစ်ယောက်ဆို ငိုပါငိုတယ်။ ကိုယ်လည်း အခြောက်ခံနေရမှန်းတော့သိပေမယ့် မသိချင်ယောင်ဆောင်နေရတာ။ ကြောက်ရင် ပိုခြောက်မှာစိုးလို့။ သရဲရှိတယ်လို့ မခံယူတဲ့လူတောင် ကြောက်တယ်။ သစ်သားကုတင်ဆိုတော့ တအိအိနဲ့ ကုတင်ပေါ်တက်လာတာ။ O_O
အဲလို အတွေ့အကြုံလေးတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုပိုပြီး ခင်လာကြတာ နားလည်မှုလွဲတယ်ဆိုတာ မရှိသလောက်ပဲ။
သီတင်းကျွတ်ညလေး တစ်ည
တိုးလာတဲ့သူတွေက ရည်းစားတွေရယ်၊ အတန်းကြီးမှ ကျူရှင် အတူတက်ဖြစ်တဲ့ သူငယ်ချင်းတွေရယ်ပေါ့။ သူငယ်ချင်းတွေတွေ့တဲ့ အခါ M3 မှာ ကာရာအိုကေ သွားဆို၊ Bowling ပစ်၊ မာကျောက်ဆော့၊ သင်္ချာတွက် :P လုပ်စရာ စုံတယ်။ ဓာတ်ပုံရိုက်တာက လည်း မြတ်ကြည်တို့ရဲ့ တာဝန်ကြီး တစ်ရပ်ပဲ။ ပေါတောတောရိုက်လိုက်ရမှ နေသာထိုင်သာရှိတာ။ ^^
The Scream, Picaso :P
တစ်ခါ သူငယ်ချင်းတွေ အစုကောင်းလို့ မြတ်ကြည်ဆေးရုံတက်လိုက်ရသေးတယ်။ ဒီနေ့က ကျူရှင်မရှိတော့ဘူးဆိုလို့ ကုလားကား ထိုင်ကြည့်ကြတာ။ အဖွဲ့ထဲက တစ်ယောက်က ဟိုရက်က ရွှေဂုံတိုင်က အခြောက်ပွဲသွားကြည့်သတဲ့။ ပြီးလည်းပြီးရော နောက်နေ့ရောက်တော့ ဆေးရုံတက်လိုက်ရပါရော။ မြတ်ကြည်လည်း နှာစေး ချောင်းဆိုးဖြစ်၊ စစ်ကြည့်လိုက်တော့ H1N1 ကြီး။ ကျန်တဲ့ သူငယ်ချင်းတွေရော၊ အိမ်က လူတွေရော အပြင်မထွက်ရဘူး။ နှစ်ပတ်ကျော်တယ်။ အဲဒီနှစ်က D-bar တွေ အများကြီးဆွဲတာ။ တော်သေးတယ် H1N1 ကယ်သွားလို့ Attendance အပြည့်ရတယ်။ :))
အတန်းတွေ အတူတူတက် စာတွေကျက်ခဲ့ကြတယ်။ ခရီးတွေ တလှေကြီးသွားခဲ့ကြတယ်။ ကိုယ့်ဘဝခရီး ကိုယ်ဆက်လျှောက်ရင်း ရင့်ကျက်လာကြတယ်၊ တစ်နေရာစီမှာ အခြေကျလာကြတယ်။ ပြန်လှည့်လို့မရနိုင်တဲ့ ပျော်စရာ အတိတ်ကို သတိရလွမ်းဆွတ်မှုများစွာနဲ့...