အသက်ကို ၁၀ နှစ် မက ဖြိုပေးမယ့် ဆံပင်ပုံစံများ

By 3:43 AM


ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင် ပုံစံဟာ ကိုယ့်အသက်ထက်ပိုပြီး ကြီးရင့်စေပါတယ်။ မှန်ကန်တဲ့ ဆံပင် ပုံစံ၊ အရောင်အနေအထားရွေးတတ်မယ်ဆို ဘယ်အချိန် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် နုပျိုလှပနေမှာပါ။ ဒီဆောင်းပါးထဲမှာ New York မှ stylist တစ်ဦးဖြစ်တဲ့ Mark Garrison က အမျိုးသမီး ၃ ဦးကို အရွယ်တင်စေမယ့် ဆံပင်ပုံစံ ပြောင်းလဲမှုလေးတွေ လုပ်ပေးထားပါတယ်။

 ကြည့်ကြည့်ရအောင်နော်။


Maryellen Haye, 60

Before
လိုအပ်ချက် - သူမမှာ အရှေ့ ဆံပင်ကို ခပ်ထူထူ ချထားတာရယ်၊ လည်ပင်းအတိ အတိညှပ်ထားတာရယ်က shape နဲ့ movement မရှိစေသလို သူမကို ရင့်စေပါတယ်။

After

အပြောင်းအလဲ - ဆံပင် အပေါ်ပိုင်းကို volume ထွက်အောင် layer ခုတ်ပြီး အရှေ့ဆံပင်ကို ခပ်ပါးပါးချလိုက်ပါတယ်။ ဆံပင်ကို caramel အရောင် highlight ဖောက်လိုက်ပါတယ်။

Tip - ဆံပင်ကို  အတိထားတာက ၁၆ နှစ် မိန်းကလေးကလွဲရင် လှတာ ရှားပါတယ်။ မျက်နှာကို တင်းရင်းလှပ တဲ့ အသွင်ရစေဖို့ layer, styling, colour တို့က အရေးပါပါတယ်။


Malena Alayanez, 49

Before
လိုအပ်ချက် -  သူမရဲ့ ဆံပင် အရောင်က သိပ်ဖျော့လွန်းတော့ လူကို ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။

After

အပြောင်းအလဲ - Face lift -ဖြစ်စေမယ့်  ဆံပင် ဂုတ်ဝဲ  (sexy bob) ညှပ်ပေးပြီး အရောင်ကို အညိုရောင် အခံကို ရွှေရောင် highlight ဖောက်လိုက်ပါတယ်။

Tip - မှန်ထဲမှာ ကိုယ်ဆံပင် အရောင်က အသားအရောင်နဲ့ တူနေ၊ ပိုနုနေတာက လူကိုအားအင်မရှိတဲ့ တဲ့ ပုံစံဖြစ်စေပါတယ်။ အောက်ခံ base အရောင်ကို ကိုယ့်အသားအရောင်ထက်၂ ဆင့် ပိုရင့်တဲ့ အရောင်ကို ရွေးချယ်ပါ။ အရောင်နုကို သဘောကျလျှင် highlight အနေနဲ့ အသုံးပြုပါ။


Morgan Littlefield

Before

လိုအပ်ချက် - ဆံပင်ကို အရှည်ထားပြီး ပုံမသွင်းပဲထားတာက သူမရဲ့ နုပျိုတဲ့ မျက်နှာ ကို ဖုံးကွယ်ထားသလိုပါပဲ။

After
အပြောင်းအလဲ - မျက်နှာ အချိုးအဆ ပေါ်လွင်စေမယ့် ပုံစံ၊ နှဖူးကျယ်တာအတွက် ဆံပင်ကို ဘေးခွဲပြီး  side-swept bang ထားလိုက်ပါတယ်။

Tip - ဆံပင် ညှပ်ဆိုင် သွားတဲ့ အခါ ဘယ်ပုံညှပ်မယ်လို့ အတိအကျ စိတ်ထဲမှာမထားပါနဲ့။ ကိုယ်မလိုချင်တဲ့ ပုံကို ပြောပြပြီး ညှပ်သူကို ရွေးချယ်ခိုင်းပါ။


Jawline တင်းစေချင်


လုပ်နိုင်တာ - လည်ကုပ် အရှည် ရှိမယ့် ဆံပင်ကို အနောက်ပိုင်းကို တိုပြီး အရှေ့ပိုင်းကို အနည်းငယ် အရှည်ထားခြင်းဟာ မျက်နှာ angle အပြောင်းအလဲကို ဖြစ်စေပါတယ်။


နှဖူးပေါ်မှာရှိတဲ့ အရေးအကြောင်းကို ဖုံးကွယ်စေချင်


လုပ်နိုင်တာ - မျက်ခုံးကို အနည်းငယ်ဖုံးမယ့် ခပ်ပါးပါး အရှေ့ချတဲ့ ဆံပင်မျိုး ထားပါ။


လှတဲ့ မျက်နှာ အစိတ်အပိုင်းကို ထင်ရှားစေချင်


မိမိလှတဲ့ အစိတ်အပိုင်းကို ညွှန်ပြ  ဖော်ပြပေးမယ့် level လောက်ကို layer ညှပ်ပါ။ အကယ်၍ အပြုံးလှလှ ပိုင်ဆိုင်ထားရင် layer ကို နှုတ်ခမ်းနဲ့  level ညှပ်လိုက်တာ နှုတ်ခမ်း အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။


အခုလောက်ဆို ဆံပင် ညှပ်ဆိုင် သွားရင် ပုံထွက်ကောင်းဖို့ အဆင်ပြေသွားလောက်ပြီ ထင်ပါတယ်နော်။

ဆောင်ပါးကို Good HouseKeeping မဂ္ဂဇင်း Digital Edition မှ ဖော်ပြပါတယ်ရှင်။
အလှတွေ ပိုနိုင်ကြပါစေ။


You Might Also Like

12 comments

  1. တားရော ဘီလိုညှပ်ရမလဲဟင် အစ်မ.။

    ReplyDelete
  2. တကယ်ပြောင်းလဲသွားတာဘဲနော်..
    ကျွမ်းကျင်တဲ့သူနဲ့တွေ့ရင်တော့
    ဆံပင်ကုန်ရကြိုးနပ်ပါတယ်း))

    ReplyDelete
  3. အလှအပအတွက် တစ်ကယ်ဗဟုသုတရတဲ့ ပို့စ်ကောင်းတစ်ပုဒ်ပါ မြတ်ကြည်..ကျေးကျေး. ဒါကိုဖတ်ပြီး ဆံပင်တောင်ညှပ်ချင်လာပြီ :)

    ReplyDelete
  4. လေ့လာသွားပါတယ် မြတ်ကြည်ရေ...

    ReplyDelete
  5. ဒီတန်းပလိတ်ကြီး ကြိုက်ဘူး ..
    ကြည့်ရတာ လှဘူး ၊ အဆင်လည်း ပြေဘူး .. :D
    အရင် ဟာ လေးပဲ ကြိုက်တယ် ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. ဟုတ်လား အစ်မ? အဲဒါဆို ထပ်ပြင်လိုက်ဦးမယ်နော်

    ReplyDelete
  7. ခေါင်းတုံးသာဆိုရင်ဘယ့်နှယ်နေမလဲမသိဘူး

    ReplyDelete
  8. သူတို့ ကို ကြည့်ကာ အားကျလို့ ဆံပင်သွားညှပ်ဦးမယ်...ဒန် ဒန့်  ဒန်

    ReplyDelete
  9. ခု အုန်းမှုတ်ခွက် ကေ ညှပ်ထားတယ်..
    :P

    ReplyDelete
  10. ကိုယ့်မျက်နှာက ဘယ်နေရာလှမှန်းမသိတော့ ဘာပုံညှပ်ရမှန်းမသိဖြစ်နေတယ်... မျက်နှာက ၀လုံးလိုဝိုင်းပြီး ဇကောလို ပြဲနေတယ်... ဆံပင်ကပါးတယ်... ပြော ဘာပုံညှပ်ရမလဲ ဘာအရောင်ဆိုးရမလဲ... အဟီး... (ဇွတ်)..

    ReplyDelete
    Replies
    1. အုတ်မုတ်ခွက်ကေညှပ်..လိုက်မှာသေချာတယ်..ဟီးဟီး

      Delete
  11. အတိုညှပ်ပစ်ချင်စိတ်တွေ မဟားဒရားကြီး ပေါက်လာပြီနော်... :))

    ReplyDelete