သူကိုင်ထားတာ Louis Vuitton အစစ်လား? How to Spot Fake Louis Vuitton

By 2:43 AM


ဒီကို ရောက်ရောက်ချင်းက 'က' ကြီးမ တွေချမ်းသာလှချည်လားပေါ့၊ Louis Vuitton တွေ လူတိုင်းမှာကိုယ်စီကိုယ်စီ၊ ဟန်ပန်တွေကလည်းကောင်းမှကောင်း။ မြောင်ဒုံ  ရောက်တော့မှ ဒီမှာလဲ အတုတွေကို မှီဝဲကြမှန်း သိရတာပါ။



ကျွန်မက မိန်းမ ပီသတဲ့သူဆိုတော့လေ၊ သိတယ်မဟုတ်လား? လိုက်ကြည့်စရာ တစ်ခုတိုးလာတာပေါ့။  အိတ်တွေကို  ဂျီဟားချော (MRT/ tube) စီးရင်း အတုအစစ်ခွဲရ တာ ပျော်စရာပါ။ ပေါ်တင်ကြီးတော့ မကြည့်နဲ့ပေါ့နော်။

1)သံတူကြောင်းကွဲ

ဈေးကြီးတဲ့ အတုကို မတတ်နိုင်တဲ့ လူတွေက သံတူကြောင်းကွဲလေးတွေကို ဝယ်ကိုင်ကြပါတယ်။ ဒေါ်လာ၁၃၀ ထိရှိတဲ့ အတုလဲရှိတာကိုး။


တံဆိပ်ဇောက်ထိုးကြီးကိုတွေ့ရလားဟင်


2) ရေးထားတဲ့၊ ပုံလေးတွေက ချုပ်ရိုးကြားထဲ ဒါမှမဟုတ်  ကြယ်သီး ချုပ်ရိုးကြားထဲ တပိုင်းတစ ရောက်နေတာ    တွေ့ရင် အတုပါ။ အစစ်တွေမှာအိတ်ချုပ်ပြီးမှလက်နဲ့ ဆွဲတာကြောင့် ပုံတွေက ချုပ်ရိုးတို့၊ ကြယ်သီးတို့နဲ့လွတ်ပါတယ်။

ချုပ်ရိုးကြားထဲညပ်နေတဲ့တဲ့ တံဆိပ်ကလေးများ

3) အိတ်တွေရဲ့ကိုယ်ထည်ဟာ canvas နဲ့ လုပ်တာဖြစ်ပေမယ့်၊ လက်ကိုင်နဲ့ ဘေးကလိုင်းတွေက သဘာဝ cowhide  သားရေ leather နဲ့လုပ်ထားတာဖြစ်ပါတယ်။ ဝယ်ဝယ်ချင်းမှာ သာရောင်နုနုရှိပြီး၊ ကိုင်တာကြာရင် oxidize ဖြစ်ပြီး  အညိုရင့်ရောင်ပြောင်းသွားပါတယ်။  ဘေးသားအစွန်းတွေက နီဖန့်ဖန့် အရောင်နဲ့ လက်ကိုင်ချုပ်ရိုးက အဝါရောင်လေး ဖြစ်ပါတယ်။ အိတ်ကနွမ်းနေပါလျက်၊လက်ကိုင်က ညိုမသွားပဲ အသားရောင်အတိုင်းပဲဆိုရင် သေချာပါတယ်။ အတုပါရှင်။

ဒါကတော့အစစ်လေးပါ

4) နောက်ဆုံးတစ်ခုကတော့ လူရိပ်လူကဲပါပဲ။ LV ကို တော့လွယ်ထားပါရဲ့၊ တခြားအပြင်အဆင်တွေက LV ကို မလိုက်နိုင်ရင်ပေါ့။ LV အစစ်ရဲ့ အောက်ထစ်ဈေးက  USD$ 350 ရှိပါတယ်။ ဒါပေမယ့် လို့ အိတ်တစ်ခုတည်းကောင်းကောင်း ကိုင်တဲ့လူတွေလည်း ရှိတတ်တာပါပဲလေ။ ဒါက၊ ကိုယ့်အမြင်နဲ့ကိုယ်။


ပျိုမေတို့ရေ၊ ဒါလောက်ဆိုရင်၊ သိချင်တာလေးတွေ သိလို့ရပြီပေါ့။ ကိုယ်တိုင်က အစစ်ကို ဝယ်တော့မယ်ဆိုရင်တော့၊ အတုအစစ်ကို အသေးစိတ်ကြည့်နိုင်ဖို့
 http://www.videojug.com/film/how-to-spot-a-fake-louis-vuitton-bag
ကိုလမ်းညွန်ပေးလိုက်ပါတယ်။



You Might Also Like

6 comments

  1. ဘလော့ပြင်ထားတာလေးကလည်း သပ်သပ်ယပ်ယပ်လှလှပပလေး။
    စာလေးတွေကလည်း စိတ်ဝင်စားစရာ။
    အားတိုင်းလာအားပေးမယ်နော်။ လင့်လေးလည်းချိတ်လိုက်မယ်နော်။
    (အော်..လူလေးကလည်းလှတယ်နော်။ ဘလော့လေးလိုဘဲ)
    အိုင်အိုရာ

    ReplyDelete
  2. အစ်မရေ၊ တကူးတက လာပြီးအားပေးတာကျေးဇူးပါ။ အစ်မပြောတာဖတ်ပြီး ညီမ မြေကြီးနဲ့ ခြေထောက် နဲနဲလွတ်သွားတယ်။ :))) ပျော်ရွှင်စရာ သတင်းတွေ အစ်မဆီ အမြန်ဆုံးလာနိုင်ပါစေနော်။

    ReplyDelete
  3. ညီမရေ...
    LVမှာ တံဆိပ် ဇောက်ထိုးကြီးတိုင်းက အတု မဟုတ်ပါဘူး။ ညီမပြထားတဲ့ Speedy (Speedy 30 ထင်တယ်) က အစစ်ဆိုရင်လည်း အစ တစ်စထဲနဲ့ တစ်ဆက်တည်း ချုပ်ထားတာကြောင့် တစ်ခြမ်းက အတည့်၊ တစ်ခြမ်းက ပြောင်းပြန်ဖြစ်နေမှာပါပဲ။
    အခုပြထားတဲ့ အိတ်တွေက monogram တွေ ဖြစ်တဲ့အတွက် အစစ်ကလည်း Logo အပိုင်းအစတွေက ချုပ်ရိုးကြောင်းထဲ ဝင်နေတာပါပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး ဟိုဘက်၊ ဒီဘက် ညီအောင် ယူထားပြီး Logo တွေကို အညီ ယူထားပါတယ်။
    ဆရာလုပ်ချင်လို့ လာ ဝေဖန်တာ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို ရေးမယ်ဆိုရင် သေချာလေ့လာပြီးမှ ရေးရင် ညီမရော၊ စာဖတ်သူတွေပါ အကျိုးရှိအောင်လို့ပါ။
    အောင်မြင်တဲ့ ဘလော့ဂါလေး ဖြစ်ပါစေ။
    မစနိုး

    ReplyDelete
  4. အစ်မ ထောက်ပြပေးတဲ့အတွက်ကျေးဇူးပါ။ ညီမ ဆောင်းပါးထဲမှာပြထားတဲ့ videojug လင့်ထဲက ကြည့်ရလွယ်မယ့် အချက်လေးတွေကို တိုက်ရိုက် ကောက်နှုတ်ပေးထားတာဖြစ်ပြီး ပုံလေးတွေက fake louis vuitton ကိုရိုက်ထည့်ပြီး အချက်နဲ့ကိုက်မယ့် ပုံလေးတွေကို ရွေးထည့်ပေးထားတာပါ။ အောက်ဆုံးပုံကလွဲပြီးကျန်တာ အတု တွေပါ။ စေတနာနဲ့အကြံပေးတာ ကျေးဇူးပါနော်။

    ReplyDelete
  5. ညီမရေ.. မျက်စိလည်ပီး ရောက်လာတာ ဖတ်ကြည့်တာနဲ့ ကြိုက်လို့ မကြာကြာရောက်လာပါပီ... မသေချာပါဘူး... ကြားဖူးတာတစ်ခုက.. တစ်ချို့ နာမည်ကြီး တံဆိပ်တစ်ချို့ က သူတို့ ဆီကထွက်တဲ့ အရည်သွေးမမှီတဲ့ ပစ္စည်းကို လျော့ဈေးနဲ့  ရောင်းတာတွေ့ ဖူးတယ်... ဒါမျိုး ၀ယ်ကိုင်ရင်ရော... လက်ကိုင်အိပ်တော့မသိဘူး.. အ၀တ်စားတို့ တော့တွေ့ ဖူးတယ်...
    လေးစားလျှက်

    ReplyDelete
  6. ညီမလည်း အဲဒါမျိုးကြားဖူးတယ်။ Export reject (ER) သဘောမျိုး။ဒါပေမယ့် သေချာမသိတော့ မပြောရဲဘူး အစ်မ။

    ReplyDelete