ရင်ထိုး နှင့် စတိုင်လ် ထုတ်စရာ

By 10:21 AM


ရင်ထိုးတစ်စုံဟာ မရှိမဖြစ် ပျိုမေတို့ရဲ့ အဝတ်ဗီရိုထည်မှာ ရှိသင့်တဲ့ accessories တစ်ခုပါ။ ဘယ်လောက်ရိုးနေပါတယ်ဆိုတဲ့ အဝတ်အစားပဲဝတ်နေနေ၊ ရင်ထိုးတပ်လိုက်တဲ့အခါ တမူထူးခြားပြီး ဆွဲဆောင်မှုရှိသွားတာ အမှန်ပါပဲ။ 

တခါကလေ၊ လက်ကိုင်အိတ်ထဲမှာ ရင်ထိုးတစ်စုံ  ဆောင်ထားရင် ရုတ်တရက်ကြီး အလုပ်အပြန် သွားစရာပွဲတွေ ကြုံတဲ့အခါ၊ Day to Night အသွင်ကိုချက်ချင်းပြောင်းနိုင်ပါတယ်။ ရင်ထိုးလှလှလေးတစ်စုံ ထိုးထားခြင်းက၊ ဝတ်ထားတဲ့ အဝတ်အစားရဲ့ တန်ဖိုးကိုလည်း တက်စေပါတယ်။

များသောအားဖြင့် ရင်ထိုးကို အကျီ အတွန့်လေးတွေ စုတဲ့နေရာမှာ ထိုးတတ်ကြပါတယ်။ မီရှဲလ် အိုဘားမား က သူ့ပုခုံးထောင့် အတွန့်လေးတွေဆုံတဲ့နေရာမှာ ထိုးထားတာကို တွေ့ရမှာပါ။  


အဲလစ်ဇဘက်သ် ဘုရင်မကြီး ငယ်ငယ်တုန်းကပါ။ ကုတ်အကျီ ကော်လာမှာ ရင်ထိုးထိုးတဲ့စတိုင်လ်။  



ဒါမျိုးကတော့ မြန်မာ အမျိုးသမီးတွေ ထိုးနေကျပုံစံလေးပါ။ လည်ပင်းဟိုက်လေးတွေ ဝတ်ရင် တွယ်တတ်ကြပါတယ်။


Wear Brooch on Dress


ခါးဘေးမှာ ချိတ်ခြင်းအားဖြင့် ခန္ဒာကိုယ်ရဲ့ အချိုးအစားအလှကို ပိုပေါ်လွင်စေနိုင်ပါတယ်။ စကတ် ခါးလိုင်းမှာဖြစ်စေ၊ ဖဲသားခါးပတ်မှာဖြစ်စေ၊ တပ်ပြီး အမြင်အသစ် ဖန်တီးနိုင်ပါတယ်။



ဒါလေးကတော့ ရဲ့ Bodice အလယ်မှာ ထိုးထားတာပါ။ Clevage ကို ပိုပြီး သတိထားမိစေပါတယ်။


ဒီလို ရင်ထိုးလေးတွေ အများကြီးတွယ်ပြီး လွတ်လပ်ပေါ့ပါး လူငယ်ဖက်ရှင်ကျတဲ့ စတိုင်လ်ကို ရယူနိုင်ပါတယ်။ ( နည်းနည်းတော့ ကြောင်သလားလို့နော်၊ celebrities တွေနဲ့ပဲ ကိုက်မယ်ထင်တယ်)


Silk Scarf က လူကြီးဆန်တဲ့ အသွင်ဆောင်ပေမယ့် ရင်ထိုးထပ်တွယ်လိုက်တဲ့အခါ ဖက်ရှင်ကျကျနဲ့ တည်ငြိမ်တဲ့အသွင်ဆောင်ပေးနိုင်ပါတယ်။ 


မာဖလာ အပြားအသေးကို ဘေးတစောင်းလေး။


ဒါ့အပြင် ဦးထုပ်၊ ဆွဲကြိုး၊ လက်ပွေ့အိတ်၊ ခေါင်းစည်းကြိုး စတဲ့ အသုံးဆောင်တွေ နဲ့တွဲပြီး စိတ်ကူးရှိသလို အလှဆင်နိုင်ပါသေးတယ်။


ဦးထုပ်


ဆွဲကြိုးလော်ကတ်

 ခေါင်းစည်းကြိုး 



လက်ပွေ့အိတ်

 ရင်ထိုးကို ရွေးမယ်ဆိုရင် --

ကိုယ်တကယ်ကြိုက်မှ ဝယ်ပါ။
သူငယ်ချင်းကို ထင်မြင်ချက် မေးပါ။
 ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်မယ့် ရင်ထိုးမျိုးကိုရွေးပါ။
အရောင်ပါတဲ့ရင်ထိုးတွေက အကျီရွေးပါတယ်။

 ဒီဆောင်းပါးလေးက ပျိုမေတို့ ဖက်ရှင်စတိုင်လ် အတွက် အထောက်ကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

အလှတွေပိုနိုင်ကြပါစေ :)





You Might Also Like

10 comments

  1. Sarah တပ်ထားပုံလေးကို သဘောကျတယ်။ လှတယ်နော်။
    အို်င်အိုရာ

    ReplyDelete
  2. What a great collection photo of brooches... I never buy a brooch in my life :) After reading this post, I might buy a new one :D

    ReplyDelete
  3. အင်း..သဘောကျတယ်မြတ်ကြည်
    ခါမှတော့..မသုံးဘူးဖူးး))

    ပို့စ်လေးတွက်..ကျေးကျေးပါကွယ်

    ချစ်ခင်စွာနဲ့
    မိစံ

    ReplyDelete
  4. အင်း ဒေါ်မြတ်ကြည်လေး
    နဂိုကမှ ကျုပ်က ရင်ထိုးကခပ်ကြိုက်ကြိုက် ရယ်
    ခုတပ်မဲ့ပုံစံတွေပါနည်းလာပေးတော့အေ
    အလွန်အလွန်ပိုမိုစိတ်ဝင်စားမိပါကြောင်းး

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  5. ရင်ထိုးသိပ်မထိုးဘူး.. မြတ်ကြည်ပြောသလို ရင်ဘတ်ဟိုက်တဲ့ အကျီမျိုးဝတ်မှ ထိုးတယ်...

    ဒီပိုစ့်လေးကြည့်တော့လည်း ရင်ထိုးက ဖက်ရှင်တမျိုးဖြစ်နေပြန်ရော Love it :D

    ReplyDelete
  6. ရင်ထိုးလေးတွေ စိတ်ဝင်စားတယ်...
    သေးသေးကွေးကွေးလေးတွေဆို ပိုကြိုက်...

    ReplyDelete
  7. ရင်ထိုးအရမ်းကြိုက်တယ်။ ထိုးနည်း style သစ်တွေ တစုတစည်းထဲကြည့်လိုက်ရလို့ ကျေးဇူးပါနော်။ နည်းသစ်တွေရသွားပြီ

    ReplyDelete
  8. ဒီပို့စ်လေးဖတ်ပြီးတော့ ရင်ထိုးလေးတခုလောက်လိုချင်စိတ်ဖြစ်ပေါ်လာတယ်။
    ဝယ်အုံးမှဘဲ..း)
    ခင်တဲ့ Camomilla

    ReplyDelete
  9. It's very useful and nice post myat kyi!
    Thank u anyway :)

    ReplyDelete