ကြုံဖူးတဲ့ ဒီဇိုင်နာများ
မယုံးယုံး
မြတ်ကြည်ရဲ့ လက်စွဲပါပဲ။ စစရောက်သွားတာက အဖေ့အသိ သမီး မင်္ဂလာဆောင်ပွဲမှာ ဆွဲကြိုး ဗန်းကိုင် လုပ်တော့ သတို့သားနဲ့ သတို့သမီးက ချိတ်က အစ၊ ဒီဇိုင်နာ၊ ဖိနပ် အဆုံး သူတို့ပဲ ဝယ်ပေး၊ စီစဉ်ပေးပါတယ်။ မယုံးယုံး ချုပ်တာ အရမ်း fitting ကျပါတယ်။ အဆင်လည်း ပြေတယ်။ လာယူရမယ့်နေ့ဆို အချိန်မရွှေ့ဘူး။ ကွက်တိပဲ။ မြတ်ကြည် ဘွဲ့ rehearsal ရယ်၊ တခြား ပွဲသွားမယ့် ဝတ်စုံတွေကို သူနဲ့ ပဲ ချုပ်ပါတယ်။ လူတွေ ပြောပြောနေတဲ့ ခြင်ထောင်ဇာ ချုပ်တာ တော်တော်နိုင်ပါတယ်။
မင်္ဂလာဆောင် ဗန်းကိုင် ဝတ်စုံ
ဘွဲ့ rehearsal
ဒီကို သယ်လာတာ :)
မစန်းစန်းသောင်း (Adore)
ဘွဲ့ယူခါနီးတော့ ရွှေပြည်တန်ပိုးထည်တိုက် က အစ်မ ကို သွားအပူကပ်ရတယ်။ အဲဒီတုန်းက ရွှေပြည်တန် billboard ကို ကြော်ငြာတာ စိုးမြတ်သူဇာနဲ့။ တော်တော်လှတယ်။ ဒီဇိုင်နာ ဘယ်သူလဲ သိရင် အပ်ပေးပါပေါ့။ အဲဒါ.. အစ်မက စိုးမြတ်သူဇာ ဒီဇိုင်းတွေ ချုပ်ပေးတဲ့ Adore ဆီ ခေါ်သွားပေးပါတယ်။ အင်းယား လမ်းသွယ်ထဲမှာပါပဲ။ Chiffon ကို အဓိကထား ချုပ်ပါတယ်။ ဒီဇိုင်းကတော့ စိုးမြတ်သူဇာ ဖက်ရှင်အတိုင်း ပြောစရာမလိုအောင် လှပါတယ်။ ဒါပေမယ့် အပ်ထည်များတာကြောင့် ရက်ချိန်းနောက်ကျပါတယ်။ အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်နဲ့ ဘွဲ့ရာသီဖြစ်လို့လည်း ပါမယ်ထင်တယ်။
ဘွဲ့အောက်ခံ ဝတ်စုံ
မဆန်းဘောက်ရာ (Shayi)
မြတ်ကြည်ကျောင်းတက်တုန်းက သူနဲ့ပဲ အပ်ပါတယ်။ သူက ကချင်ထည်တွေနဲ့ တိုင်းရင်းသားအထည်စတွေကိုပဲ သီးသန့် ဒီဇိုင်းဆွဲပြီး ထုတ်သူပါ။ တခြား အစတွေနဲ့ဆို မချုပ်ပေးပါဘူး။ တခါတလေ အစ်မရယ် လုပ်ပါ၊ ဘာညာ ပြောရင်တော့ ချုပ်ပေးပါတယ်။ ထသွားထလာ အင်္ကျီကို သူများနဲ့ မတူအောင် လှလှပပ ထွင်တတ်ပါတယ်။ Shayi (ready- made) အင်္ကျီ ဆိုင် ဆိုင်ခွဲတွေလည်းရှိပါတယ်။
ကျောင်းအပြန် The Ritz မှာ
ကိုတင်မောင်ချို (မန္တလေး)
မြတ်ကြည် rehearsal နေ့က ဝတ်တဲ့ ချိတ်ကို သူ ကျောက်စီပေးထားတာပါ။ မန္တလေးရောက်တော့ အစ်ကို တစ်ယောက်က အာမဘန္တေ ခံပြီး လိုက်ပို့တာ။ အပ်တာတော့ ဝတ်စုံပြည့်ပါပဲ။ အပေါ်အင်္ကျီက အလက်လက်တွေနဲ့ အရမ်းတောက်လွန်းပြီး ထွက်လာတဲ့ ပုံက ရင်ဖုံး၊ လက်ရှည် ဆိုတော့ အရမ်း ရိုးလို့ အပေါ်ကို မယုံးယုံးနဲ့ နီးမှ ကမန်းကတန်း ချုပ်လိုက်ရပါတယ်။
မဘုတ်
မမဉ္ဇူရဲ့ ညီမပါ။ မြတ်ကြည် အဒေါ်ရဲ့ ပင်တိုင်။ အပါးစ နိုင်ပြီး draping ချုပ်တာတော်ပါတယ်။ မြတ်ကြည်တော့ သိပ်မအပ်ဖြစ်ပါဘူး။ ၁ ထည်စ ၂ ထည်စ လောက်ပါပဲ။ ကိုယ့်
အကြိုက်နဲ့ မကိုက်လို့ ဖြစ်မယ်။ ဒီဇိုင်နာဆိုတော့လည်း ဟိုဟာချုပ်ပါ ဒီဟာချုပ်ပါ ဆရာလုပ်လို့ မရ၊ ပြောပြီး လည်း ကြိုက်တာ ချုပ်ပေးလိုက်တာပဲ။ အဲဒီတော့ ကိုယ့်အကြိုက်နဲ့ ကိုက်တဲ့ သူပဲရွေးအပ်ဖြစ်ပါတယ်။
အပေါ်က ပြောသွားတာတွေကတော့ မြတ်ကြည်အမြင်ပေါ့နော်။ ကွဲလွဲရင်လည်း ကွဲလွဲနိုင်ပါတယ်။ ပွဲရှိမှ အပ်ဖြစ်တာများ ပါတယ်။ ပွဲရှိရင်လည်း ဘောစိမဟုတ်တော့ တခါတလေ သိမ်းထားတာ ထုတ်ဝတ်လိုက်တာပါပဲ။ :D
စာဖတ်သူတွေရဲ့ တောင်းဆိုချက် အရ cbox မှာရေးထားတဲ့ လိပ်စာလေးတွေ ပြန်ကူးပေးလိုက်ပါတယ်နော်။
Shayi ကတော့ 24/3 နဝဒေး လမ်း (ဒဂုံ ၁ ဘေးက လမ်း) ထဲမှာပါ။ |
12 Apr 12, 11:14 PM myatkyi: adore - အမှတ် ၉၆ C/D အင်ယားလမ်း |
12 Apr 12, 11:00 PM myatkyi: ![]() |
12 Apr 12, 11:00 PM myatkyi: မယုံးယုံးက moon bakery ဘေးကလမ်းကို ဝင်သွားလိုက်ရင် လှိုင်မြင့်မို အိမ်ယာ၊ မာတလိလမ်း တိုက်ခန်း 3/ 4ပါ။ ဖုန်းက ၀၉ ၅၁၁ ၉၅၇၃၃. ၀၁ ၅၀၃၁၈၉။ အိမ်ကို ပြန်မေးလိုက်တာ |
21 comments
လှလိုက်တာတော်...
ReplyDeleteလူလည်းလှ အင်္ကျီဒီဇိုင်းလေးတွေလဲလှ...း)
လှတယ်မြတ်ကြည်ရေ....
ReplyDeleteဒီဇိုင်နာတွေရဲ့နာမည်တွေလည်းမှတ်သွားတယ်။း)
လှလွန်းလို့ မချီးကျူးပဲ မနေနိုင်ဘူး
ReplyDeleteအားလုံးလှပေမဲ့ အပေါ်ဆုံးကပုံက အလှဆုံး
အမြဲရောက်ဖြစ်တယ်နော်.... ခြေရာသာမချန်ဖြစ်တာ
မြတ်ကြည် တကယ် လှတယ် သိလား
ReplyDeleteတို့က အ၀ါရောင် ကြိုက်လိုလား မသိ
အ၀ါရောင်နုရောင် ၀မ်းဆက်လေးနဲ့ ပုံစံလေးကို သဘောကျတယ်
အ၇မ်းလှတယ်။လူေ၇ာ၊ဒီဇိုင်းတွေေ၇ာ။ဘွဲ.အောက်ခံဒီ
ReplyDeleteဇိုင်းလေးလည်းတော်တော်လှတယ်။ဘော်ဒီပြေပြစ်တဲ.လူတွေမြန်မာဝတ်စုံဝတ်၇င်အ၇မ်းကျက်သေ၇၇ှိတယ်။
မြတ်ကြည်ဝတ်ထားသလိုပေါ.အားကျထှာသူများသား
သမီးတွေလှချက်။
1, 2 , 4 ဒီဇိုင်းလေးတွေ ကြိုက်တယ်။ အောက်ဆုံးတစ်ခုလည်း လှမှာပါ။ သေချာမမြင်ရလို့။
ReplyDeleteအပေါ်ဆုံးကပုံလေးကို အကြိုက်ဆုံး။ အရမ်းလှတယ် မြတ်ကြည်ရေ
ReplyDeleteတို့ အမကလှပြီးသားဆိုတော့ ဘာဝတ်ဝတ်လှတယ်။
ReplyDeleteမိုက်တယ်ကွာ.. ကန်ဒီဆို ဒီဇိုင်နာနဲ့ တခါမှ မချုပ်ဖူးဘူး ၀မ်းနည်းသွားပြီ အဟင့် :( :P
ReplyDeleteနဂိုရှိလို့နဂိုင်းထွက်တာ နော အစ်မ..
ReplyDeleteမစိုးကြီးနဲ့ မကြော်ငြာပဲ အစ်မနဲ့ကြော်ငြာရင်ပိုပေါက်မယ်ထင်တယ်.။
အရမ်းလှတယ် မြတ်ကြည် :)
ReplyDeleteအပေါ်ဆုံးက ပုံလေးကို ဝတ်စုံဒီဇိုင်း ၊အေ၇ာင် ၊မိတ်ကပ်ပြင်ထားတာပါ အရမ်းကြိုက်တယ်..အရမ်း လှတယ်မြတ်ကြည်ရေ..
ReplyDeleteလှလိုက်တာ မြတ်ကြည်
ReplyDeleteအကုန်ကြိုက်တယ်.. ကချင်ပုံလေးလည်း လှမယ့်ပုံလေး
သူများတွေမှ လှနေလိုက်တာဗျာ
ReplyDelete၀တ်ထားတာ မြန်မာဝတ်စုံလေးနဲ့ဆိုတော့
မျက်စိတော်တော် အေးတယ်
ကျွန်တော်တို့လို အညာသားတွေက
ဒါမျိုးမှ မျက်စိထဲဝင်တယ်
Happy New Year ပါ မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ။ ပုံလေးတွေ လှတယ်
ReplyDeleteမြတ်ကြည်လေးကလှပြီးသားဆိုတော့ဘာဝတ်ဝတ်လှနေတာဘဲ။ အပေါ်ဆုံးပုံလေးကိုတော့သဘောအကျဆုံးဘဲ။ ပန်းရောင်ကလည်း တကယ့်ကို Baby pink လေး။ ဆွဲထားတဲ့ဆွဲကြိုးနဲ့ လည်းလိုက်တယ်။
ReplyDeleteအိုင်အိုရာ
မြတ်ကြည်ရေ
ReplyDeleteဝတ်စုံလေးတွေ ချစ်စရာလေးတွေ
မြတ်ကြည်နဲ့ လိုက်တယ်.
နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာ ရွှင်လန်းပါစေလို့ ဆန္ဒပြုပါတယ်နော်။
Is Shayi puntual?
ReplyDeletehow long do they take to make a blouse/dress?
do they use only their fabric or can the customer use her own fabric?
how much do they charge approximately?
many thanks in advance for your ansers!
အကုန်လုံးလှတယ် မြတ်ကြည်ရေ..ခရမ်းရောင် ဒီဇိုင်းလေးကို အကြိုက်ဆုံးပဲ
ReplyDeleteCan I get Ma Yone Yone address? Thanks
ReplyDeleteမြတ်ကြည်ရေ... ဒီဇိုင်နာတွေရဲ့လိပ်စာလေးရေးပေးရင်ပိုကောင်းမယ်ထင်တယ်... လိုချင်တာပြောပါတယ်...:P
ReplyDelete