Skin Tone အလိုက် အရောင်ရွေးချယ်ခြင်း နှင့် နှစ်သစ်ကူးသီချင်းလက်ဆောင်

By 11:45 PM

တခါ ကိုယ့်သူငယ်ချင်း ဆံပင်ဆိုးထားတာ တော်တော်လှလို့ သူ့ အရောင်လို လိုက်ဆိုးကာမှ လူက အရောင်က မထွက်တော့ပဲ မွဲခြောက်ခြောက်ကြီးဖြစ်သွားဖူးတယ်။ ဆံပင်အရောင်က တစ်ယောက်မှာလှနေပေမယ့် တစ်ယောက်မှာ လှချင်မှလှတာ။ ကိုယ်နဲ့ ဘယ်လိုအရောင်လေးတွေ လိုက်ဖက်မလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။


Skin tone နဲ့လိုက်မယ့်အရောင်များ

Skin tone ကို cool undertone နဲ့ warm undertone ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ဖြူတဲ့သူမှာလည်း cool နဲ့ warm ရှိသလို ညိုတဲ့သူမှာလည်း warm နဲ့ cool ရှိပါတယ်။


ခွဲခြားနည်းက

1) လက်ကောက်ဝတ်က သွေးကြောလေးတွေကိုကြည့်လို့ စိမ်းနေတာများရင်warm undertone ဖြစ်ပြီး၊အပြာ/ခရမ်းရင့်ရောင် သမ်းနေတာများရင် cool undertone ဖြစ်ပါတယ်။

2) ရွှေရောင်လက်ဝတ်လက်စားနဲ့လိုက်ရင် warm ဖြစ်ပြီး ငွေရောင်လက်ဝတ်လက်စားနဲ့ ပိုလိုက်နေရင် cool undertone ဖြစ်ပါတယ်။

3) များသောအားဖြင့် အသားအရောင် အဝါဘက်သန်းတဲ့သူများက warm undertone နဲ့၊ ပန်းရောင်ဘက်သန်းတဲ့သူများက cool undertone ဖြစ်ကြပါတယ်။

Wam Undertone ပိုင်ရှင်များ



J-Lo



Michelle Yeoh


Beyonce



Cool Untertone ပိုင်ရှင်များ


Vicky Zhao

Taylor Swift


Kerry Washington




ဆိုးသင့်တဲ့အရောင်





Warm undertone  -
Deep brown with gold or red highlights, Red, Strawberry Blond, Gray-Yellow, Natural Golden Blond

Cook undertone -
Blue black, Deep brown, Ash brown, Ash Blond, Platinum Blond




ရှောင်ရှောင်ရန်၊ ဆောင်ရန် 
အရောင်များ

# ဖြူတဲ့ အသားအရောင် ဆိုရင် ဘာအရောင်နဲ့မဆိုကြည့်ကောင်းပါတယ်။
#ပန်းရောင်သန်းတဲ့အသားအရေဆိုရင် အနီတို့ ရွှေရောင်တို့ကိုရှောင်ပါ။ မျက်နာကိုအရောင်ပိုပြီး နီအန်းအန်းကြီးဖြစ်စေပါတယ်။
#အသားအဝါရောင် ရှိသူများက လိမ်မော်၊ အဝါနဲ့ ရွှေရောင်ကို ရှောင်ရပါမယ်။ အနီရင့်ရောင်နဲ့လိုက်ဖက်ပါတယ်။ #အညိုရောင်ရှိသူများကတော့ အရောင်နုတွေကို မရွေးပဲ အရောင်ရင့်လေးတွေကိုသာ ရွေးစေချင်ပါတယ်။

အကောင်းဆုံးက နားအနားက ဆံပင်စနည်းနည်းကို ယူပြီးအရင်ဆိုးကြည့်လို့ အဆင်ပြေမှ တစ်ခေါင်းလုံးဆိုးတာပိုကောင်းပါတယ်။ အချိန်မီချုပ်၊ အစုတ်သက်သာပေါ့။



လိုက်ဖတ်တဲ့ မိတ်ကပ်၊ အဝတ်အစား၊ အသုံးအဆောင် အရောင်တွေ


Warm Undertones

Cool Undertones





နှစ်ကုန်ခါနီး အမှတ်တရ ကိုယ်တိုင်ဟစ်ထားတဲ့ Wet Wet Wet ရဲ့ Love is all around သီချင်းလေးပါ။ ၂၀၁၁ တစ်နှစ်လုံးက ပုံလေးတွေကိုစုပြီး slide show အနေနဲ့ တင်လိုက်ပါတယ်။ သည်းခံပြီး နားသောတ ဆင်ကြပါကုန်။  :P
















*




























Happy Newyear 2012 **







With Love,

မြတ်ကြည်


30.12.2011 

You Might Also Like

11 comments

  1. အသံလေးကလဲ ချစ်စရာလေးကွယ်.

    ReplyDelete
  2. အသံလေးက ပထမ မကောင်းဘူးလိုလိုနဲ. ၊ နောက်ပိုင်းကျတော. နားထောင်လို.ကောင်းလာတယ်။
    ပြီးတော.သေချာဆိုတတ်တာကို သဘောကျသွားတယ်။
    ငယ်သေးတာသိသာတယ်။

    မမ

    ReplyDelete
  3. ဆံပင်ကတော့.ဆိုးလို့ရရင်
    အဖြူရောင်ဆိုးချင်တယ်း))
    မြတ်ကြည်အဆိုကောင်း :P
    အားကျသကွယ်

    နှစ်သစ်မှာပျော်ရွှင်ပါစေနော်
    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  4. အသံလေးကောင်းတယ်
    ဆံပင်က မွေးရာပါ နီညိုရောင်ဆိုတော့ဆေးဆိုးစရာမလိုတော့ဘူး ကုန်ကျသက်သာသလားလို့း)

    ReplyDelete
  5. ကန်ဒီက cool undertone ထင်တယ်.. ခရမ်းဘက်သမ်းတယ် သွေးကြောက
    ဆံပင်က ဆိုးချင်နေတာနော် ဟွင်းဟွင်း :P

    အသံရော ပုံလေးတွေရော မိုက်တယ်ဗျို့

    ReplyDelete
  6. ဆံပင်က နက်လွန်းလို့  ဆိုးတိုင်း အရောင်မထွက်ဘူးလေ..ဆိုင်မှာ သွားဆိုးမှပဲ ထွက်တော့တယ်..
    တလောကတော့ သူငယ်ချင်းတွေ ရွေးပေးတဲ့ အရောင်တောက်တောက်ကို ဆိုးလိုက်တာ ဟန်ကျသွားတယ်..
    အဆိုကောင်း ချစ်ဖို့ ကောင်းတဲ့ မြတ်ကြည် နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  7. ပုံထဲကပန်းလေးတွေနဲ့ သဘာဝပင်လယ်ပြင်ကြီးနဲ့ အပြိုင်လှနေတဲ့မြတ်ကြည်လေးက ချစ်စရာကောင်းလိုက်တာ။
    အိုင်အိုရာ

    ReplyDelete
  8. Thank you for praising my horrible voice, hee hee When I sing with full mood, it sounds like baa baa: by the sheep. :P
    Happy New Year to you all!!!

    ReplyDelete
  9. လုပ်ပြန်ပြီဆရာမ ဒီကဆံပင်ဆိုးတာခရေဇီကွယ်း)

    နောက်တစ်ခါပါးအို့ဆွဲတာတင် နော ..း)

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  10. Love ur voice n pictures.. It's great, Sis!!!

    ReplyDelete