မှတ်ကျောက်လေး တစ်ခု
By 12:41 AM
ဒီတစ်ခေါက်တော့ ပျော်ရွှင်မှုလေး တစ်ခု ဝေမျှချင်ပါတယ်။ တစ်နေ့ မနက်စောစော မှာ ဘလော့လေးကို ဖွင့်ကြည့်လိုက်တော့ တစ်နှစ်သမီးလေး သနပ်ခါးမေပို့စ် ကော်မန့် moderation မှာ ဒါလေးကို တွေ့တယ်။
သနပ်ခါးမေရှင်
http://www.thanakharmay.com/ မှာ ရေးနေတဲ့ အကြောင်းအရာတွေနဲ့ ပါတ်သက်လို့ VOA မြန်မာပိုင်ရဲ့ ဘလော့ဂါတွေပြောသမျှမှာ အစီအစဉ်လုပ် တင်ပြချင်ပါတယ်၊ အဓိကတော့ မိန်းကလေးတွေ စိတ်ဝင်စားမဲ့အကြောင်းတွေ၊ ဗဟုသုဖြစ်စရာတွေကို ရေးနေတဲ့အကြောင်းတွေကို ပြောပြစေချင်တာပါ၊ ကြိုတင်အသံသွင်းမဲ့ အစီအစဉ်အတွက် ပြောပြနိုင်မယ်ဆိုရင် ဆက်သွယ်ချင်ပါတယ်၊ ဆက်သွယ်နိုင်မဲ့ ဖုန်းနံပါတ်နဲ့ သင့်တော်တဲ့ အချိန်ကို သိပါရစေ၊ အမြန်ဆုံး အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်ရှင်၊
ကျေးဇူးတင်ပါတယ်၊
စုမြတ်မွန်
Blogger တွေပြောသမျှ အစီအစဉ်မှုး
VOA မြန်မာပိုင်း
အံ့လည်း ဩ၊ ဝမ်းလည်း သာတယ်။ ကိုယ် အမြတ်တနိုး ဖန်တီးထားတဲ့ ဘလော့လေး လူလားမြောက်နေပြီပေါ့။ မဆိုင်းမတွပါပဲ။ အကြောင်းပြန်ဖြစ်တယ်။ ပြီးတော့ အမေ့ဆီ ဆက်ပြီး ပြောဖြစ်တယ်။ အမေလည်း ကြားရတော့ တော်တော်ပျော်နေတယ်။
 မနေ့က ဖုန်းနဲ့ အင်တာဗျူး ဖြေရပါတယ်။ ရင်တွေ ခုန်နေတော့ ပြောတဲ့ အထဲ အမှားများ ပါမလား စိုးရိမ်တယ်။ လွှင့်မယ့်နေ့နဲ့ link ကို  ပို့ပေးပါမယ်တဲ့။ အဲဒီ အခါကျမှ စာဖတ်သူတွေကို ပြန်ပြောပေးပါမယ်နော်။ နားထောင်ချင်လားမသိ၊ မထောင်ချင်လားမသိ၊ ဇွတ်။ ဟီးဟီး
 ဒါနဲ့ Facebook မှာ အလှအပရေးရာ မေးထားတာလေးတွေကို ပြန်ပြန်ပေးတာ တခါတလေ နောက်ကျသွားရင် ခွင့်လွတ်ပေးပါနော်။ မသိသေးတဲ့ စာဖတ်သူတွေ အနေ နဲ့ မေးချင်ရင် www.facebook.com/thanakharmay ကို message ရေးသား မေးမြန်းနိုင်ပါတယ်ရှင်။ လလည်း ကုန်တော့ မှာဆိုတော့ တစ်နှစ်ပြည့်အမှတ်တရ ကံထူးရှင်လည်း ရွေးရဦးမယ်။ Korean cosmetic ၃ မျိုးကို အိမ်တိုင်ရာရောက် ပို့ပေးမယ့် အစီအစဉ်ပါ။ ပါဝင် ဆင်နွဲချင်ရင် သနပ်ခါးမေ facebook page ကို LIKE နှိပ်လိုက်ရုံပါပဲ။
စာဖတ်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင်။
You Might Also Like
19 comments
  1. မြတ်ကြည်ရေ ဝမ်းသာပါတယ်နော်။ခုလိုအောင်မြင်တာကြားရတာ။
    ညီမလေးဘလော့ဂ်လေးကိုအသူဖတ်မိတာတောင် ၆လလောက်ရှိတော့မယ်။
    ပို.စ်အားလုံးက တန်ဖိုးရှိတဲ့အကြောင်းအရာလေးတွေပါပဲ။
    သနပ်ခါးမေလေးဒီထက်မကအောင်မြင်နိုင်ပါစေနော်။☺
    ReplyDelete
  2. Congratulation ညီမလေးရေ..
    ဒီ့ထက်မက အရာရာတိုင်းတိုးတက်အောင်မြင်ပါစေ..
    :D
    ReplyDelete
  3. Congratulations ပါညီမလေးရေ။
    ReplyDelete
  4. ၀မ်းသာလိုက်တာ.. နာ့အစ်မတော့ အောင်မြင်မှုတွေရပြန်ပြီ.။ စန္ဒယားတီးတာလေးပါပြောခဲ့နော်.။ ဟိဟိ.။
    ReplyDelete
  5. ဂုဏ်ယူပါတယ်မြတ်ကြည်လေးေ၇။အ၇မ်းလည်းနားထောင်ချင်ပါတယ်။ဒီထက်ပိုပျော်၇ွှင်အောင်မြင်နိင်ပါစေ.......
    ReplyDelete
  6. Congratulation ပါမြတ်ကြည်လေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7. Congratulations ပါမြတ်ကြည်ရေ..ဒီထက်မက အောင်မြင်မှုတွေပိုင်ဆိုင်ပါစေ :D
    ReplyDelete
  8. အစ်မ မြတ်ကြည်ရေ...ဒါဂုဏ်ယူစရာပဲဗျို့ ...congratulation ....
    ReplyDelete
  9. ဝမ်းသာ ဂုဏ်ယူပါတယ်၊ မမြတ်ကြည်။
    ReplyDelete
  10. ဟေဟေ့..
    NICC
    ReplyDelete
  11. ထပ်တူဝမ်းသာပါတယ် အစ်မရေ
    လှပရေးရာတွေလည်း အများဆုံး ရေးနိုင်ဆိုနိုင်ပြီး
    ကမ္ဘာကြီးကို အလှဆင်နိုင်ပါစေ
    ပျော်နေတဲ့ အစ်မရေ
    ReplyDelete
  12. Congratulations ..
    မြတ်ကြည်လေးရေ...
    စာအုပ်တွေဘာတွေထုတ်နိုင်တဲ့ အဆင့်အထိ၊
    တိုးတက်အောင်မြင်နိုင်ပါစေနော်....<3
    ReplyDelete
  13. မြတ်ကြည်ရေ...
    အင်တာဗျူးကို မျှော်နေမယ်နော်.. :D :D :D
    ReplyDelete
  14. ဂုဏ်ယူပါတယ် ညီမမြတ်ကြည်း))
    ReplyDelete
  15. အခုမှ ရောက်ဖြစ်ပါတယ် ။ Blogging ရဲ့ မှတ်တိုင်စိုက်ဖြစ်တဲ့ သတင်းသိရလို့ ၀မ်းသာ ဂုဏ်ယူမိပါတယ် ... ။ အောင်မြင်ပါစေ ခင်ဗျာ ... ။
    ReplyDelete
  16. ၀မ်းသာပါတယ်နော်..အစ်မ..
    အင်တာဗျူးကို...စောင့်မျှော်နေမယ်...
    ReplyDelete
  17. ပီတိပဲဗျာ ကျွန်တော်လဲခံစားဖူးတယ်
    ဒါပေမဲ့ဒီလောက်ကြီးတော့ မဟုတ်ဖူးဟီးးးးး
    ကျွန်တော်ကျတော့ ၆လပိုင်းတုန်းက မြဝတီမှာ
    အင်တာနက်စာမျက်နှာအတွက် ဖော်ပြသွားတာမှာ
    ပါလိုက်တယ် ဟီးးး မောင်ဝံသရယ် ကျွန်တော်ရယ်တဲ့
    ပျော်လို့မဆုံးဘူး ဟီးးးးးးးး နောက်မှ post လေးတင်ပြီး
    ကြွားရမယ့် ဂုဏ်ယူပါတယ် အစ်မရေ့
    ReplyDelete
  18. ဂုဏ်ယူမိပါတယ်ညီမလေးရေ...
    ReplyDelete
  19. Congratulationပါ ညီမလေးရေ...
    ReplyDelete