ဝယ်တဲ့ ဖိနပ် မတော်တဲ့အခါ

မြတ်ကြည်ရဲ့ မဝယ်ရမနေနိုင်ထဲမယ် ဖိနပ် က ထိပ်ဆုံးက ပါတယ်။ တော်တော် မတော်တော် စွတ်လို့ရရင် ကောက်ဝယ်၊ ပြီးမှ ဖိနပ်တွေပေါက်၊ ခြေချောင်းတွေ ကုတ်ပြီးသွင်းထားတော့ ညဆို ကြွက်တွေတက်။
ဒီပို့စ်မှာ မြတ်ကြည် နောက်ပိုင်း သိလာတဲ့ တော်ရုံတန်ရုံ ကျပ်တဲ့ ဖိနပ်ဆို မနာမကျင် စီးနိုင်တဲ့ tips လေးတွေ ပြောပေးပါမယ်နော်။
၁. မဝတ်ခင် တစ်ရက် နှစ်ရက်လောက်ကြိုပြီး စက္ကူ စ တွေကို ရေဆွတ်ပြီး shoe ထဲကို ဖိသိတ်နိုင်သမှ ဖိသိပ်ထားပေးပါ။ နောက်နေ့ ရေလည်းခြောက်ရော ကိုယ့် ခြေထောက်နဲ့ အတော်ဖြစ်သွားရော။
၂. ဒီနေ့မှ ကောက်စီး၊ ဒီနေ့ တနေကုန်လျှောက်ဆို ဖိနပ်အသစ်က ကျပ်တာနဲ့ အနည်းနဲ့ အများတော့ ပေါက်ကုန်တာပါပဲ။ ဒါကြောင့် မနက်ဖြန် အစိန်ကြီး ဝတ်မယ်ဆို ဒီနေ့ကြို ပြီး ခနတဖြုတ် အိမ်ထဲဖြစ်ဖြစ် ဟိုလျှောက် ဒီလျှောက် လုပ်ပေးပါ။
၃. စီးစီးချင်းနေ့ ခြေချောင်းလေးတွေ ဖိနပ်ပေါက် သက်သာအောင် glycerine ဒါမှမဟုတ် powder ဖြူးပြီး စီးလို့လည်းရပါတယ်နော်။ ဖနောင့် အတွက် ပေါက်နိုင်တဲ့နေရာမှာ ဂွမ်းစ ပါးပါးလေး ခံပေးလို့လည်းရတယ်။
ဒီလောက် ကြိုတင် ကာကွယ်ထားမယ်ဆိုရင်တော့ ဖိနပ်ပေါက်တဲ့ ရာခိုင်နှုန်းတော်တော် နည်းသွားလောက်ပါပြီ။ အိမ်မှာ ဝယ်ပြီး ဖိနပ်ပေါက်လို့ ချောင်ထိုးထားတဲ့ ဖိနပ်တွေရှိရင် ပြန်ထုတ်ပြီး second chance ပေးလိုက်ပါနော်။
အလှတွေပိုနိုင်ကြပါစေရှင်။

what I wore - Chilli (Red Pump)
0 comments