ကိုင်တွယ်ခြင်း အနုပညာ

By 9:00 PM





 

မိန်းကလေးတွေရဲ့ အားနည်းချက်က အိမ်ထောင်ပြုပြီးတဲ့အခါ ချစ်သူဘဝကလိုပဲ သူ့အပေါ် ကိုယ် ဆိုးတိုင်းနွဲ့တိုင်း သည်းခံလိမ့်မယ်လို့ ထင်မိတာပါပဲ။

ဘာဖြစ်လို့ နှစ်အကြာကြီး တွဲတဲ့ ချစ်သူတွေ မယူဖြစ်ကြသလဲ။

 ယောဤားလေးတွေရဲ့ စိတ်ရှည် သည်းညည်းခံမှုဆိုတာ လူတစ်ယောက် အပေါ်နှစ် အများကြီးမခံပါဘူး။ ရှိရင်တောင် တော်တော်ရှားပါတယ်။ အဲလိုသဘောသဘာဝကို မသိပဲ သက်တမ်းကြာလာတာနဲ့ အရင်တိုင်း အာဏာပါဝါပြတာ မာန်လေးတွေ မလျှော. တဲ့အခါ ရက်ရော ကြည်ဖြူတဲ့ဆီ ရောက်သွားတာပါပဲ။

အိမ်ထောင်တခု သာယာဖို့ တည်တံ့ဖို့ဆိုတာ နှစ်ဦးလုံးနဲ့ဆိုင်ပေမယ့် မိန်းကလေးတွေရဲ့ ကိုင်တွယ်နိုင်မှုက ပိုအက္ခရာ ကျပါတယ်။ 

ဘာလုပ်လုပ် သူပဲမှန်တယ် အရှုံးပေးရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အများရှေ့မှာ သူတို့ကို ရှိသင့်ရှိထိုက်တဲ့ respect ထားပေးတာမျိုးပေါ့။ အိမ်ထောင်ကျလာတဲ့အခါ သူတို့က dorminant role ကို အမြဲလိုလို ယူချင်သူများသား။


အိမ်ထောင်ပြုမယ်ဆို စိတ်ကိုက ကလေးမဆန်တော့ဖို့ ပြုပြင်ဖို့လိုပါတယ်။ နားလည်မှုတွေက သ၀န်တိုမှု တွေထက် ပိုလိုအပ်လာပါလိမ့်မယ်။ မိခင်လို မေတာ မျိုးနဲ့ ချစ်စေချင်ကြတယ်၊ သူတို့ကို ချုပ်ခြယ်တာ ဆရာလုပ်တာတော့ မကြိုက်ပြန်ဘူး၊

အားကိုးပါ မမှီခိုပါနဲ့
လွတ်လပ်ခွင့်ပေးပါ လွှတ်မထားပါနဲ့
သည်းခံပါ အနိုင်ကျင့် မခံပါနဲ့
ဂရုစိုက်ပါ မပူပန်ပြပါနဲ့
ထိန်းမတ်ပေးပါ မပြု ပြင်ပါနဲ့

အဲလိုမသဲကွဲတဲ့ အစွန်းနှစ်ခု ကြားထဲ ကိုင်တွယ်၇တာမျိုး ....


ယောကျာ်းယူတယ်ဆိုတာဟာ အရွယ်ရောက်ပြီးသား ကလေးကြီးကို သူအမေဆီက တာဝန်လွှဲပြောင်းယူလိုက်တာပါပဲ။ ဘယ်လောက်ရင့်ကျက်ပါတယ်ပြောပြော

You Might Also Like

2 comments

  1. မှန်လိုက်လေ..
    မမအို်င်အိုရာ

    ReplyDelete
  2. i think i am not ready yet for marriage.

    ReplyDelete