My little DIY (2) Scrapbook Album
ဒီလဆန်း ပိုင်းလောက်က မြတ်ကြည် ရဲ့ အခင်ဆုံး သူငယ်ချင်းထဲက တစ်ယောက် မင်္ဂလာ ဆောင် တယ်။ သူ့အတွက် အမှတ်တရဖြစ်အောင် pre-wedding photo shoot တုန်းက လိုက်ရိုက်ထားတဲ့ ပုံ လေးတွေနဲ့ ရုပ်ကြွ ဓာတ်ပုံစာအုပ်လေးလုပ်ထားတာကို ပြချင်လို့။ :)
အချိန် သိပ်မရတော့ စာမျက်နှာ ၅ မျက်နှာ ပဲ လုပ်ဖြစ်လိုက်တယ်။ ဒါတောင် အလုပ်က အားရက် မထတမ်း ခါးချိအောင်လုပ်ထားတာ။
Background wall paper လေးတွေက Internet ကရှာပြီး ဒေါင်း၊ print out ထုတ်၊ ဖြတ်ကတ်ညှပ်လေးတွေလုပ်။
အဖွားအိမ်က နားက ဓာတ်ပုံဆိုင်မှာ sticker စာရွက်လို့ ပြောထုတ်ရင်ရတယ်။ A4 တစ်ရွက်မှ ၅၀၀။ ပြီးရင် အမာခံ အတွက် ကတ်ထူပေါ်ပြန်ကပ်တာပေါ့နော်။ နောက်တော့ လိုသလို ပြန်နေရာချတာ။
အဖုံးလေးကိုတော့ ဖဲကြိုးလေးနဲ့ ရိုးရိုးလေးပဲ လုပ်ပြီး ဖိတ်စာ အိတ်လေးနဲ့ ပြန်ထည့်ပေးလိုက်တယ်။ :)
ပေးလိုက်တော့ သူငယ်ချင်းရော သူ့ အမျိုးသားရော ကြိုက်ကြတယ်။ ဧည့်ခန်းမှာထားလို့ တော့ မှာလိုက်တာပဲ။ :D
ဒါလေးက သူ့မင်္ဂလာဆောင် ၀တ်သွားတာ။ ချုပ်ထားတာ ၂ နှစ်လောက်တော့ရှိပြီ။ မယုံးယုံး ချုပ်ပေးတာပါပဲ။ နည်းနည်း ရိုးတယ်။ ချိတ်က ရွှေပြည်တန်က။
မြတ်ကြည် ခရီးလွန်နေလို့ ပို့စ်အသစ် မထွက်နိုင် ဖြစ်နေတယ်။ ဒါလေးကို ပို့စ် ကျဲနေချိန် မပျင်းရအောင်တင်လိုက်တာ။ နောက် ၂ ရက်လောက်နေရင် ထပ်တွေ့ကြမယ်နော်။
သာယာပျော်ရွှင်ဖွယ် နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။
6 comments
ပေးတဲ့လက်ဆောင်က ချစ်ခင်မှုတွေ စေတနာတွေ
ReplyDeleteထပ်လောင်းထားမို့ သူငယ်ချင်းလေး ပျော်နေမှာအသေအချာ။
မေတ္တာဖြင့်
တီတင့်
Thank you Aunty Tint :)
Deleteအဖိုးတန်လက်ဆောင်လေးပါမြတ်ကြည်ရေ။
ReplyDeleteမြတ်ကြည်လေးပိန်သွားသလိုဘဲ။
အိုင်အိုရာ
ပိန်တော့ မပိန်ဘူး အစ်မ။ ရိုက်တဲ့သူ ဘယ်လို ရိုက်လည်းမသိ ရှည်လမျောဖြစ်သွားတာ။
Deleteမြတ်ကြည့်အတော်စိတ်ကူးကောင်းတယ်။လုပ်လဲလုပ်တတ်တော့ တော်တော်လှတယ် :)
ReplyDeleteThanks Ah thu :)
Delete