DIY Nail Polish

By 5:20 AM ,


အိမ်မှာ အိုင်းရှဲဒိုးတွေ ဝယ်ပြီး ဒိတ်တွေ အောက်၊ မျက်လုံးပေါ်လည်း မတင်ချင်၊ လွှတ်လည်း မပစ်ရက်တဲ့ အခါ ဒီလို လက်သည်းနီလေး တွေ လုပ်လို့ရပါတယ်။ သူများမှာ မရှိတဲ့ အရောင်ဆန်းဆန်းလေးတွေတောင် ပိုင်ဆိုင်နိုင်မှာပါ။ စိတ်ဝင်စားတယ်ဟုတ်?


လိုအပ်တာလေး တွေက --
1. လက်သည်းနီ အကြည် တစ်ပုလင်း (450 ကျပ် :P)
2. မသုံးတော့တဲ့ အိုင်းရှဲဒိုး 
3.သွားကြား ထိုးတံ

 

အိုင်းရှဲဒိုးမျက်နှာပြင်ကို သွားကြားထိုးလေးနဲ့ အမှုန့်လေးတွေ ထွက်လာအောင် ခြစ်။ ပုလင်းထဲကို သဲ့ယူ၊ နည်းနည်း ထည့်လိုက် သွားကြားထိုးတံလေးနဲ့ မွှေလိုက် လိုချင်တဲ့ အရောင်အနေအထားအထိပေါ့နော်။ အရောင်နုနုလိုချင်ရင် အမှုန့်နည်းနည်းပဲ လိုပါတယ်။

အိမ်မှာ glitter အလက်လက် လေးတွေ ရှိရင်လည်း ထည့်ကွန့်လို့ရပါတယ်နော်။ ဟိုနေ့က ရွှေရောင်အလက်လက်လေးတွေ ဝယ်ထားတာ ဘယ်သွားထားမှန်းမသိလို့၊ တကယ်လုပ်တော့ ရှာမတွေ့တော့ဘူး။ :D

 
သရုပ်ဖော် :P 

လုပ်မယ်ဆို စာရွက်တစ်ရွက် အောက်မှာခံဖို့ မမေ့နဲ့နော်။ အမှုန့်လေးတွေ သွန်ရပြုရဆိုတော့ စက္ကူ  ခံထားရင် အလေအလွင့် နည်းတာပေါ့။
ဒီ tutorial လေးကို youtube: cutepolish ဆီမှ မှီငြမ်းပါတယ်ရှင်။

67th Matyr's Day, 2014


You Might Also Like

3 comments

  1. This comment has been removed by the author.

    ReplyDelete
  2. ကွန်မန့်ပေးတာဘယ်လိုဖြစ်လို့ပျောက်သွားမှန်းမသိဘူး။
    ဒီလိုအလန်းစား ideaလေးတွေဆို အသူကကြိုက်မှကြိုက် :)

    ReplyDelete
    Replies
    1. ဟုတ်တယ် အသူရေ။ မြတ်ကြည် လည်း မပေါ်တာ အသူ့ဆီ လာပြောမလို့

      Delete