အဆီကိုလောင်ကျွမ်းပေးမည့် အစားအစာ ၇ မျိုး (7 Foods That Burn Fat)
Diet နဲ့ပတ်သက်လို့ မတင်တာ တော်တော်ကြာသွားပြီမို့ သွယ်ချင်လှချင်သူ စာဖတ်သူ ပျိုမေများအတွက် အဆီကိုလောင်ကျွမ်းပေးတဲ့ အစားအစာတွေကို ဒီတစ်ပတ်မှာ ရွေးပြီး တင်ဆက်လိုက်ပါတယ်ရှင်။
အချက်အလက်တွေကို Carolyn Kylstra ရေးသားတဲ့ 7 Foods That Burn Fat ဆောင်းပါးလေးမှ ကောက်နှုတ်တင်ပြပေးထားပါတယ်။
ကြက်ရင်ပုံသား
ကြက်ရင်ပုံသားမှာ ကြွက်သားတွေကို အဓိကတည်ဆောက်ပေးတဲ့ ပရိုတင်း ဓာတ်အများကြီးပါဝင်တယ်။
ကြွက်သားပိုရှိတဲ့သူဟာ မရှိတဲ့သူတွေထက် ပိုပြီး အဆီကို လောင်ကျွမ်းနိုင်ပါတယ်။
ပရိုတင်းကို အစာချေတဲ့ အချိန်ဟာ ကစီဓာတ်ကို ချေချိန်ထက် ပိုကြာမြင့်တာကြောင့် ကယ်လိုရီ ပမာဏအတူတူ စားစေဦးတော့၊ အချိန်ကြာကြာ အစာ ပြည့်တင်းတဲ့ ခံစားချက်ကို ထိန်းထားပေးနိုင်ပါတယ်။
Greek Yogurt / အဝတ်ပါးဖြင့်စစ်ထားသော ဒိန်ချဉ်
Green Tea
ကြက်ဥ
မနက်စာ ကြက်ဥမွှေကြော် နှစ်လုံး စားပါ။ ပထမတစ်ချက်က အရှေ့ကသိခဲ့တဲ့ အတိုင်း ကြက်ဥမှာ metabolism ကိုမြှင့်ပေးတဲ့ ပရိုတင်းတွေ အများကြီးပါဝင်တာပါ။ နောက်တစ်ချက်က မနက်စာ ကြက်ဥမွှေကြော်စားရင် တစ်နေ့လုံးစားတဲ့ calorie ပမာဏဟာ လျော့နည်းသွားတယ်လို့ စစ်တမ်းများက ဆိုပါတယ်။
ရေခဲရေ
ဗိုက်ဆာရင် ရေသောက်ဗိုက်မှောက်နေ ဆိုတာ ကြားဖူးကြမှာပါနော။ ရေခဲရေ သောက်လိုက်တဲ့အခါ ရေခဲရေကြောင့် ကျဆင်းသွားတဲ့ ကိုယ်တွင်းအပူချိန်ကို ပြန်တင်ဖို့ အစာအိမ်ထဲမှာရှိတဲ့ ရေကိုနွေးသွားအောင် ခန္ဒာကိုယ်က သိမ်းထားတဲ့ engery တွေကို ဖျက်ပြီး အပူစွမ်းအင် ပြန်ထုတ်ပေးရပါတယ်။
ငရုတ်သီး
P.s. ဒါနဲ့ ရခိုင်သူတွေ အဆီမရှိ ကြဘူးနော်။ အစပ်အရမ်းစားလို့နေမယ်။ :)
Pistachios
ဒီ pistachio အစေ့အဆန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ပရိုတင်းနဲ့ အမျှင်ဓာတ် အချိုးကျစွာပါဝင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို မြန်ပေးတဲ့အပြင် ဗိုက်မဆာအောင်လည်း ထိန်းပေးပါတယ်။ သားရေစာ တစ်ခုခုစားချင်ပြီဆို ဒါလေးသာကောက်ဝါးလိုက်ပါ။
ဒီဆောင်းပါးလေးက Diet လုပ်ချင်သူ စာဖတ်သူတို့အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်ရှင်။ ထွေထွေထူးထူး ရှာဝယ်စရာ မလိုတာမို့ ဆန္ဒရှိတယ်ဆိုရင် မနက်ဖြန် ကို ကြက်ဥကြော်နဲ့ စလိုက်ကြရအောင်။ :)
အလှတွေပိုနိုင်ကြပါစေရှင်။
17 comments
သေချာ ဖတ်သွားတယ်...း)))
ReplyDeleteကျန်းမာရေးအတွက်ပညာပေးလေးမို့
ReplyDeleteသေချာဖတ်ရှုမှတ်သား ကူးယူသွားပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အစပ်မစားနိုင်တဲ့ရခိုင်သူရှိပါသေးတယ်မြတ်ကြည်ရဲ့
ReplyDeleteငပိစားပြီးဗိုက်ခေါက်ထူ ရခိုင်သူတွေတို့မယူတဲ့ သူငယ်ချင်းတွေကနောက်ကြသေးတယ်..။
အဲဒါတွေအားလုံးကြိုက်တယ်။ ငရုပ်သီးလဲကြိုက်ပါ့။ ဒါပေမယ့်လည်း မပိန်ပါ:-(
ReplyDeleteအများစုက ထင်ထားတာ ကြက်ဥစားရင် ဝတယ်ဆိုတာ တကယ်တော့ မဟုတ်ဘူးနော်.. အမကတော့ နေ့တိုင်း ကြက်ဥစားဖြစ်တယ်... သိပ်များမယ်ထင်ရင် အနှစ်တလုံးဖယ်လိုက်ပြီး အကာ နှစ်လုံး အနှစ် တလုံးစားတယ်...း)))
ReplyDeleteGreen Tea နဲ့  ငရုတ်သီး တော့ စားဖြစ်သောက်ဖြစ်တယ်။ဒါပေမယ့် Green Tea သောက်ပြီးရင်ဗိုက်တွေအရမ်းဆာလာတယ်။ ကယ်လိုရီတွေအရမ်းလောင်ကျွမ်းသွားလို့ လားမသိဘူး။
ReplyDeleteနဂိုပိန်ဆိုတော့ အဲ့ 7မျိုးကိုရှောင်မှထင်တယ်။
ReplyDeleteမှတ်ထားမှ.... :)
ReplyDeleteအားလုံးကိုကြိုက်ပါတယ်
ReplyDeletegreen tea နဲ့ ဒိန်ချဉ် ကိုတော့ပိုပြီးကြိုက်တယ်
အစ်မ.. ကျနော်က အသောက်အစားလည်းမရှိပဲနဲ့ အားကစားဝေးနေလို့ ထင်တယ်.. ဗိုက်ခေါက်ထွက်ပြီး.
ReplyDeleteဗိုက်ရွှဲချင်သလိုဖြစ်နေတယ်..။ နည်းလမ်းလေးတွေစမ်းကြည့်ပါဦးမယ်.။
ကဲ..ဒီနေ့ဘဲစလိုက်ကြတာပေါ့း)
ReplyDeleteဒုတိယနဲ့ တတိယက အမအတွက်အဆင်အပြေဆုံးဘဲ
ကျေးဇူးကွယ်
ငါ့ညီမအချောအလှလေး ဒီထက်ပိုပြီးအလှအပရေးရာတွေရေးနိုင်ပါစေ.
မြတ်ရေ ကြက်ရင်ပုံသားကလွဲလိုအကုန်စားတယ်
ReplyDeleteအဆီတော့ရှိသလိုပဲ ကျေးကျေးနော်..
အမတို့ကဒီနှစ်ကိုကချယ်ရီစောပွင့်တာမြတ်ရေ
အရင်နှစ်ဆိုပွင့်သေးဘူး ဧပရယ်လောက်မှပွင့်တာ
ဒီထဲက ညွှန်းထားတာတွေ အားလုံးလိုက်နာဖြစ်မဲ့ အစားအသောက်ကြီးဘဲ
ReplyDeleteရေတော့ သောက်တာ နည်းတယ်
ရေခဲရေ သိပ်မသောက်ဖြစ်ဘူး
ဒီမှာက အေးနေတာလည်း ပါတယ်။
ငရုပ်သီးတော့ ကြိုက်မှကြိုက်ရယ်။း)
ဒါမျိုးတွေအမြဲတော့ဖတ်ပါတယ်မြတ်ကြည်လေးရယ်။
ReplyDeleteစားဖြစ်အောင်လည်းသတိထားပါတယ်။
ဒါပေမဲ့တော့မပိန်တာကခက်တယ်။
ဘာဘဲဖြစ်ဖြစ်ကြက်ဥကအဲလောက်မဆိုးတာသိရတော့ ဒီနေ့ ကြက်ဥစားထားတာပျော်သွားပြီ။
အိုင်အိုရာ
အန်တီ..
ReplyDelete"၀"ချင်တဲ့သူတွေအတွက်ကောဟင် :P :P
ဆရာမရေ ဒါတော့သိပ်သဘောကျသကွဲ့
ReplyDeleteပစ်စတာချိုကြိုက်လွန်းလို့တောင်မနည်းဘရိတ်အုပ်နေရတာ
ချစ်တဲ့
မဒိုးကန်
အစာလည်းဆေး..ဆေးလည်းအစာဆိုသလို..ငွေကုန်ကြေးကျလဲ.သက်သာတဲ့နည်းကောင်းတွေပဲ....ကျွန်တော့်အတွက်တော့....ရေခဲရေရယ်..ကြက်ဥကြော်ရယ်..ငရုတ်သီးသုံးမျိုးတော့..အဆင်ပြေတယ်ဗျို့..
ReplyDelete