2012 Oscar မှ Winged Eyeliner များ

By 9:32 PM



၂၀၁၂မှာ Winged Eyeliner ပုံစံ ဟာ Celebrities တွေတက်တဲ့ ပွဲ တွေမှအစ သာမန် လူနေမှုပုံစံမှာလည်း   ရေပန်းစား နေတာကို မြင်တွေ့ရမှာပါ။ ယခုနှစ် ဆုပေးပွဲမှာလည်း celebrities တွေက winged eyeliner ကို ပုံစံအမျိုးမျိုးနဲ့ ခြယ်သလာကြပါတယ်။ 
အဲဒီအထဲကမှ လူကြိုက်များတဲ့ eyeliner ပုံစံတွေကို Bella Sugar : Winged Eyeliner at the Oscars 2012 မှာ ဖော်ပြထားတာကို စာဖတ်သူပျိုမေများအတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်ရှင်။



Bing Bing Li

Forest Green အရောင် Eyeliner ကို Carbon Black မျက်တောင်တု နက်နက်၊ Glossy pink နှုတ်ခမ်းနီ နဲ့  တွဲထားပါတယ်။




Dita Von Teese

Cat-eye liner ပရိတ်သတ်ဖြစ်တဲ့ Dita Von Teese ကို Retro ဆန်ဆန် လိုင်နာထူထူ နဲ့ မြင်တွေ့ရမှာပါ 



Emma Stone

လိုင်နာ ပါးပါးမျှင်မျှင်လေးကို အစွန်းမှာ ကော့ပြီး ဆွဲထားတဲ့ ဂန္ဒဝင် Audrey Hepburn ရဲ့ စတိုင်လ် အတိုင်း ခြယ်သထားပါတယ်။



Jennifer Lopez

 Oscar ည အတွက် ခေတ်ရှေ့ပြေးဆုံး ပုံစံပါ။ မျက်လုံးကို Double wing တင်ထားပြီး မျက်ခုံးရိုးကို Contour ထင်းထင်းလေး ဖြည့်ထားပါတယ်။



Jessica Chastain

ရွှေရောင် shadow အခံမှာ မျက်ခွံပေါ်အထူ၊ အစွန်းမှာ ပါးပါးလေးကော့တက် တဲ့ flipped-out wing ပုံစံ နဲ့ တွေ့ရပါတယ်။


  

Petra Nemcova

တမူထူးခြားတဲ့ ပုံစံနဲ့ Wing ကို ရှူးမသွားပဲ shadow နဲ့ခပ်ထူထူလေး ခြယ်သပြီး အဆန်းထွင်ထားပါတယ်။ 






Winged eyeliner ပုံစံ တွေကတော့ အမျိုးမျိုးပါပဲနော်။ မြတ်ကြည်တော့ J-lo ခြယ်ထားတဲ့ double wing မျိုးလေး ခြယ်တတ်ချင်တယ်။ တော်တော်လှတယ်နော်။ 

စာဖတ်သူတွေရော၊ eyeline ခြယ်လေ့ရှိပါသလား?
 ဘယ်လို ပုံစံမျိုး ခြယ်ဖြစ်ပါသလဲ?

 အဆင်ပြေရင်ဖြေပေးသွားပါနော်။

 Anonymous အနေနဲ့ ပါ comment ပေးလို့ရအောင် ပြန်ပြောင်းလိုက်ပါပြီရှင်။
အလှတွေပိုနိုင်ကြပါစေ။


You Might Also Like

18 comments

  1. Eye shadow ကတော့ အမြဲတမ်း color အမျိုးမျိုးသုံးပြီး smokey လုပ်ပြီး မျက်လုံးကျယ်ပြီး ဝိုင်း၂လေးဖြစ်တဲ့နည်းနဲ့  liner တင်တတ်တယ်။ တခါတခါလဲ single wing လေးလုပ်ဖြစ်တယ်။ Audrey Hepburn လိုliner သေးသေးလေးကို ဘာအရောင်မှထပ်မသုံးပဲ ပန်းရောင်ဖျော့ဖျော့လေးနဲ့ ပဲလဲလိမ်းတယ်။ ခုတလော ကြိုက်နေတဲ့ design က အပေါ်မျက်ခမ်းရော အောက်မျက်ခမ်းပါ wing ထည့်ပြီး အဲဒီ wing ၂ခုကြား shadow အဖြူလေးထည့်ထားတာ ကြိုက်နေတယ်။ ဘာပွဲမှ သွားတာမဟုတ်ပဲ လျှေက်လည်တာလောက်ကို အဲ့ပုံစံ ခြယ်ရင် ရိုင်းနေမလားလို့  တခါမှမစမ်းသပ်ရသေးပါ။

    ReplyDelete
  2. စာဖတ်သူပျိုမေများအတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်ရှင်။တဲ့
    နာတို့ပါဝူးထင်တယ်

    ReplyDelete
  3. မမမြတ်ကြည့်ကလည်း သားတို့ အတွက်လည်း မရေးဘူး..ဒါပေမယ့် တစ်ယောက်သောသူ လေးဟန်ဂျီအင်းအတွက် ဖတ်သွားတယ်နော..ခိခိ

    ReplyDelete
  4. မိုးစက်ပွင့်March 9, 2012 at 3:09 AM

    သူများလှတာတွေ အားကျသွားတယ် ညီမရေ....

    ReplyDelete
  5. မောင်တလုံးနီလိမ်းချင်လို့လား ၀လိမ်းပေးမယ်
    မြတ်ကြည်ရေလာစပ်စုသွားတယ်နော်...

    ReplyDelete
  6. မြတ်ကြည်ရေ အိမ်မက်လဲ eyeliner ခြယ်ရတာ ကြိုက်တယ်..နောက်ဆုံးက ဒီဇိုင်းကလွဲ ရင် ကျန်တာလေးတွေ အကုန်ကြိုက်တယ် ဆွဲရတော့ ခက်တယ် ကိုယ်နဲ့ မလိုက်သလိုလိုနဲ့ သိပ်မလုပ်ဖြစ်ဘူး..ပြီးတော့ မြတ်ကြည်ပြောတဲ့ မာစကာရာ နဲ့ အိမ်မက်မှာ ရှိတာ ကွက်တိဘဲ အဟိ ကိုယ်ဘာဝယ်လို့ဝယ်ထားမှန်းတောင် အိမ်မက်က မသိတာ ကောင်းရော..ကျေးဇူးပဲ နော် မြတ်ကြည်လေးရေ..
    ချစ်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  7. ရိုးရိုးမျက်ခွံလေးပေါ် လိုင်းလေးတင်ဖို့ ခြောက်လ
    လောက်ကျင့်ခဲ့ ရတယ်။ လက်မငြိမ်လို့လေ။ အလွယ်နည်းလေးရှိရင်
    share ပါအုံးနော်။

    ReplyDelete
  8. နာမည်ကြီးတွေသာဆိုတယ်. ဘလော့ရေးတဲ့
    အစ်မတွေလောက်တောင်မလှဘူး.. နော့.. အစ်မ..
    (မုန့်ဝယ်ကျွေး..းP)

    ReplyDelete
  9. အောင်မလေး မြတ်ကြည်လေးရယ် ကျေးဇူးကျေးဇူးးး
    အဲဒါဆွဲတာဟာ လုပ်လို့ကိုမရလို့
    ကလိကြည့်ချင်နေတာ
    အဆင်ကိုမပြေလို့လေး)))

    ငါ့ဆရာမကတော့လုပ်တယ်ဟေ့
    ချစ်တဲ့

    အမမဒိုးကန်

    ReplyDelete
  10. emma မျက်လုံးလိုင်နာလေး ကြိုက်တယ်..လက်က မငြိမ်တာရော၊ လိုင်နာတင်ရင် မျက်လုံးနားတဝိုက် မည်းမည်းသွားလို့  ပွဲတွေရှိမှပဲ ရှိုးထုတ်ရတယ်အေ...

    ReplyDelete
  11. ကျွန်တော်က eyeline မခြယ်ဖြစ်ပါဘူး :P
    ပုံလေးတွေ ကြည့်သွားတယ်
    အပေါ်ဆုံးက မင်းသမီးလေး တော်တော်ချောတယ်

    ReplyDelete
  12. ပျင်းလို့ အိုင်းရှဲဒိုးတော့ စိတ်ရှည်လက်ရှည် မဆွဲဖြစ်ဘူး
    အပြင်သွားခါနီးရင် အလွယ်တကူ brush နဲ့ ကောက်သုတ်လိုက်တယ်
    ဒီလောက်ဘဲ
    ၁၀စက္ကန့်လောက်ဘဲကြာမလားမသိပါဘူး
    ဒါကြောင့်လည်း အပေါ်က မမတွေလို လှမနေတာပေါ့း)

    ReplyDelete
  13. တယောက်တမျိုးဆီနဲ့ပြင်ထားတာတွေအကုန်လှတယ်..
    ကိုယ်တိုင်တော့ ဘာမှမလုပ်တတ်ဘူး..း)
    camomilla

    ReplyDelete
  14. liner အညိုလေးတော့ တစ်ခါတစ်လေတင်တယ်..
    wing လဲ လုပ်ကြည့်တယ်.. ကိုယ့်လက်ကမငြိမ်ဘူး..
    တစ်ဖက်နဲ့တစ်ဖက်မညီတာများတယ်..း)

    ReplyDelete
  15. လှတဲ့လူတွေကျ ဘယ်လို လုပ်လုပ်လှနေတာပါပဲအေ

    ReplyDelete
  16. ပြောရရင်တော့ ...
    သွားတွေနဲ့နှုတ်ခမ်းနီတွေကို အားကြီးသဘောကျဒယ်အေ..း)))

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  17. ပထမဆုံးပုံက သွားကအစစ်နဲ့မတူဘူးနော် စွပ်ထားသလိုကြီး ပုလဲလုံးကြီးတွေလို ပြူးခုံးနေလို့

    ReplyDelete