မူးစုပဲစု

By 12:04 PM



မြတ်ကြည်က ငွေရှာတာထက် စုဆောင်းတဲ့ဘက် အားသန်တဲ့သူမျိုးလို့ ကိုယ့်ကိုယ်ကို မြင်မိတယ်။ တကယ်တော့အပင်ပန်းခံရှာထားတဲ့ ကိုယ့်ကိုယ်ကို သနားလို့ စုဖြစ်တာပါ။

အလေ့အကျင့်ဖြစ်သွားရင် ဝါသနာပါပါသွားမယ့် မြတ်ကြည်ရဲ့ ငွေနဲ့ပတ်သက်တဲ့ (ကလေးအကွက်) တနိုင်တပိုင် စီမံခန့်ခွဲနည်းလေးတွေ အသုံးဝင်လိုဝင်ငြား ဝေမျှပေးချင်ပါတယ်။ စမ်းကြည့်ပါညော်။

Budget ခွဲ 💸

မြတ်ကြည်ရဲ့ သုံးစွဲတဲ့ budget မှာ မဖြစ်မနေသုံးရယ်၊ leisure (အပျော်အပါး)သုံး ရယ်ဆိုပြီးတော့ ၂ မျိုးခွဲထားပါတယ်။ တစ်လသုံးမယ့် budget ကို accountထဲချန်၊ ကျန်တာအကုန် saving ထဲထည့်တယ်။ သတ်မှတ်ထားတဲ့ amount ကို ကျော်သုံးလေ့မရှိဘူး၊ တနေရာမှာတိုးသုံးမိရင် တခြားနေရာမှာ လျှော့တယ်။ ဥပမာ ဒီလမှာ လည်တာပတ်တာများသွားပြီဆို  အစားအသောက်ဖက်မှာ လျှော့သုံးတာမျိုးပေါ့။

Shopping 🛍

ဘာပဲဝယ်ဝယ်၊ ဝယ်မယ်ဆို ပြန်မေးတာ ၃ ခုရှိတယ်။

၁. ဒါက ကိုယ့်အတွက် တကယ်လိုအပ်လား (မဝယ်ပဲရော နေလို့ဖြစ်လား)
၂. ဒါမျိုး ဆင်တူ / ခပ်ဆင်ဆင် ကိုယ့်မှာရှိပြီးသားလား
၃.  ပေးတဲ့ဈေးနဲ့ တန်ရဲ့လား

 ဈေးကြီးပေးရပြီး ဈေးနဲ့မလိုက်တဲ့ ၊ ဘယ်ဆိုင်မှာဝယ်ဝယ် ရနိုင်တဲ့ ပစ္စည်းမျိုးဆို ထားခဲ့တယ်။ ဘုတ် (ပစ်ချသံ)

ငွေပိုနဲ့တခြား

လက်ထဲမှာ ငွေပို ဘယ်တော့မှ မထားလို့ အမြဲဒုက္ခရောက်ပေမယ့် ပိုက်ဆံအိတ်ပျောက်လည်း စိတ်မညစ်ရဘူး။🤣 အတိုးကြောက်လို့ အရစ်ကျလည်း ဘယ်တော့မှ မဝယ်ဘူး။ တချိန်ချိန်မှာ တန်ဖိုးမြင့်မလာရင်တောင် ကျ မသွားမယ့် အရာလေးတွေ မြှုပ်နှံဖြစ်တယ်။ (ဆန်၊ဆီ၊ဆား၊ ကြက်ဥ၊ကြက်သွန်၊ အာလူး)

အဲလို ချွေတာတော့ လူဖြစ်ရတာတန်ရဲ့လားမေးရင် အဖြေက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်မှာပါ။အမေ့ရဲ့ ဆောင်ပုဒ်ကတော့ "သုံးသလောက်ရှာနိုင်ရမယ်"တဲ့။ ကိုယ်က အမေ့လို အရှာမတော်လေတော့ "သုံးမိသမျှ အလကားမဖြစ်စေရ" ဆိုတဲ့ ဆောင်ပုဒ်ပြောင်းလိုက်တယ်

😁 ဒါပါပဲ

ဖဘမှာတင်တဲ့ပို့စ်လေး ဒီမှာ လာသိမ်းပါတယ်

Photo caption: မနှစ်က အဖေ့ကင်မရာရိုက်ချက်မှာ လန်ထွက်နေတဲ့ စာရေးသူတို့သားအမိ

You Might Also Like

0 comments