အီးတုံးဆိုင် နှင့် ဒုံဂွမ်ဂွမ်
By 3:12 PM
ဟိုနေ့က ကိစ္စလေးတစ်ခုရှိတာနဲ့ City Hall (시천) ဘက်ကို ရောက်ဖြစ်ပါတယ်။ 
အပြန် ဟိုဟိုဒီဒီလျှောက်ကြည့်တော့ ဒီဆိုင်လေး ...
ဆိုင်းဘုတ်မှာ အီးတုံးလေးတင်လို့... အပြင်အဆင်ကလည်း အီးတုံးပုံလေးတွေ..
 ရောင်းတော့ အစားအသောက်.. hik hik :P
အစားအသောက်ကလည်း အီးတုံးပုံလေးတွေပါပဲ။ :D
 အီးတုံး မစားချင်သူများအတွက် ကောင်မလေးပုံလည်း ရောင်းပါတယ်။
တစ်ခုမှ ၅၀၀ဝမ်။ 
မြတ်ကြည်လည်း မစားဖူးမရှိရအောင် အီးတုံးတစ်တုံး ... အိ ... မုန့်တစ်ခု ဝယ်စားပါတယ်။ :D
 .. အထဲမှာဒီလို..
ဟဲ့ပလုတ်တုတ် ... ဘာမပြောညာမပြောနဲ့ မုန့်ဆိုင် လမ်းကြားထဲက ထွက်လာပါလား!!!
... ဒုံဂွမ် ဒုံဂွမ် ဂွမ်ဂွမ်ပလုံ ဒုံဂွမ် ...
Deoksugung (덕수궁 ) နန်းတော် ဂိတ်စောင့် လဲ တာပါ။  ဪ.. 
စစ်သူကြီး 
ရိုက်မှရိုက်ပါ့မလားလို့... ဟီဟိ (ငှါးခ အလကား)
အနားမှာ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ဆိုင်လေးတွေလည်းရှိတယ်။
တစ်ထုပ် ၃၀၀၀ ဝမ် 
ဒီနေရာလေးကို သွားမယ်ဆိုရင် ...
Subway line 1 ကိုစီး၊ City Hall (시천) Station (Exit 2) ကထွက်၊  
၅မိနစ်လောက်လျှောက်လိုက်ရင် ရောက်ပါပြီ။ 
11:00 ၊ 14:00 နဲ့ 15:30 မှာ နန်းတော် ဂိတ်စောင့်လဲတာကို ကြည့်နိုင်ပါတယ်။ 
ဆိုးလ်မြို့ တစ်ခေါက် အလည်ရောက်ရင် သွားကြည့်ကြဖို့ မမေ့နဲ့နော်။ :)
You Might Also Like
18 comments
  1. အယ် မိုက်တယ် ကြံကြံဖန်ဖန် အီး မုန့်တဲ့..
    နာ့အစ်မက ကိုရီးယားဝတ်စုံနဲ့ တကယ်လိုက်တယ်..
    ကျွန်တော်က အစက မင်းသမီးမှတ်နေတာ..း)
    နောက်မှ အောက်ကစာကိုတွေ့တယ်..။
    ReplyDelete
  2. အဲ့ဒီ သွားဖူးတယ်.. တကူးတက သွားပီး အကျီတွေလဲပီး ရိုက်ခဲ့တယ်
း)
    အီးတုံးက ချိုလား :P
    မမပွင့်
    ReplyDelete
  3. ကြံကြံဖန်ဖန် အီးတုံးမုန့်တဲ့။ ဟားဟား အဲလိုမုန့်မျိုးတော့ မလုပ်ချင်ပါဘူးနော် :D :D မြတ်ကြည်လေး ကိုရီးယားဝတ်စုံနဲ့ လှတယ်
    ReplyDelete
  4. မြတ်ကြည်ရေ မုန့်လာမြည်းသွားပါတယ်
    ReplyDelete
  5. ချန်ဂင်လား...
    ဒယ်ဆိုမာမားလား :P
    အီးတုံးမုန့်တော့ စားတော့ပါဘူး
    ပုံက သိပ်မတူသလားလို့ :P :P
    ချစ်ခင်လျှက်
    မိစံ
    ReplyDelete
  6. ဟီး အီးတုံးတဲ့
    ကိုရီးယားမ ကျနေတာပဲ
    ReplyDelete
  7. ဟန်ကြည်March 17, 2012 at 2:28 PM
    အီးတုံးဆိုင်ဆိုလို့ စိတ်ဝင်တစား ပြေးလာကြည့်လိုက်မိတယ်...အတော်နောက်တဲ့ ကလေးမ...
    ဒါပေမယ့် ကိုရီးယား အီးတုန်းကျတော့ မုန့်ဖြစ်သွားပြီး မြန်မာအီးတုံးကျတော့ အော့အော့ဖြစ်သွားတာ စဉ်းစားစရာပဲ ...းဝ)
    ReplyDelete
  8.း)
    လှလိုက်တာ ဝတ်စုံလေးနဲ့
    ReplyDelete
  9. အော်..တို့ မြတ်ကြည်လေးတောင် ဘ၀ပြောင်းပြီး ဟိုစားတွေစားနေပီး..ခိခိ
    ReplyDelete
  10. Cute Myat Kyi in Korea dress.I don't like to try that snack:P
    GD
    ReplyDelete
  11. စားစရာရှားလို့အေ ..ဒီတစ်ခါတော့နာလိုက်မစားဘူးး))
    နန်းတော်ဂိတ်စောင့်လဲတာကြည့်ဖို့ပိုက်ဆံစုလိုက်ဦးမယ်အေ
    ချစ်တဲ့
    အမဒိုးကန်
    ReplyDelete
  12. အီးတုံးမုန့် ..။
    စာဖူးခြင်ပါတယ်..။
    ဘာနဲ့ လုပ်ထားတာလဲ..။
    ကြံကြံဖန်ဖန်နော်..။
    ဒီကိုးရိုးကားယားတွေက..။
    အဲ..ကိုးရီးယားလို့ ပြောတာ:))
    ReplyDelete
  13. အီတုံးမုန့်တဲ့ ကြံကြံဖန်ဖန်နော်..
    မြန်မာနိုင်ငံ အဲ့လို ရောင်းရင် ကောင်မလေးတွေ စားပါ့မလား မသိဘူးနော်..ဟိ
    မြတ်ကြည်ရေ..အဆင်ပြေမယ် ကိုးရီးယားဝတ်စုံလေးတွေနဲ့ ဓါတ်ပုံရိုက်ပြီး တင်ပေးပါလား ..
    ချစ်တဲ့
    အိမ်မက်
    ReplyDelete
  14. အဲဒီမုန့် တော့စားချင်ဘူးမြတ်ကြည်လေးရယ်။
    ကြည့်ရတာနဲ့ တင်ဝေါ့ချင်နေပြီ။
    မြတ်ကြည်လေးကဘာဝတ်ဝတ်လှတယ် ကိုရီးယန်းလိုဝတ်ထားတာလည်းချစ်စရာလေး။
    ReplyDelete
  15. ကိုးရီးယားတွေများ ကြံကြံဖန်ဖန်ဗျာ
    အီးတုံးပုံ မုန့်လုပ်ရောင်းစားရတယ်လို့
    အဟင်းးးးးးးးးး
    ReplyDelete
  16. စားမဲ့စားတော့ အဝစားပစ်မှာ ဟီးးးးး
    သိရက်နဲ့ နှစ်ခါစားရင်လူမိုက်ဖြစ်မှာဆိုးလို့
    ReplyDelete
  17. သမီးက ကိုရီးယားဝတ်စုံလေးနဲ့အရမ်းလှတာပဲ..
    အစ်မက ကိုရီးယားရုပ်ရှင်တွေကြည့်ကြည့်ပြီး သိပ်ရောက်ဖူးချင်တာ..
    ကိုရီးယားအစားအစာလည်း အရမ်းကြိုက်တယ်..
    သမီးရဲ့ ဘလော့ထဲကနေပဲ အလွမ်းဖြေတော့မယ်နော်..
    စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ...
    အရာအားလုံးရယူပိုင်ဆိုင်နိုင်ပါစေ..
    :)
    ReplyDelete