ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့ 2ne1

By 8:42 AM


ဒီတစ်ခေါက် ဖက်ရှင်ကဏ္ဌမှာတော့ ကိုရီးယားနိုင်ငံ လူငယ် K-pop ရေစီးကြောင်းမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ ကောင်မလေး (4) ယောက် ပါဝင်တဲ့ 2ne1 (To Anyone) အဖွဲ့ရဲ့ ဖက်ရှင် trend လေးကို တင်ပေးလိုက်ပါတယ်ရှင်။

၂၀၀၉ ခုနှစ် မှာ သူတို့အဖွဲ့ရဲ့ ပွဲဦးထွက်သီချင်း "Lollipop" (LG Cyon phone ကြော်ညာ သီချင်း) ကို BigBang အဖွဲ့နဲ့တွဲဆိုခဲ့ပါတယ်။ စစချင်းသီချင်းနဲ့တင် လူသိများလာပြီး အွန်လိုင်း chart တွေတော်တော်များများမှာ နံပါတ်တစ် ချိတ်နိုင်ခဲ့ပါတယ်။ အဲလိုပဲ သူတို့ ဝတ်တဲ့ crazy အရောင်တောက်တောက် လေးတွေဟာ လူငယ်တွေကြားမှာ ဖက်ရှင် icon တစ်ခု ဖြစ်ခဲ့ပါတယ်။





ဟစ်ဟော့ဆိုတဲ့ Bigbang ကောင်လေးတွေ အဖွဲ့ရဲ့ မိန်းကလေး version လို့ တင်စားပြောဆိုခဲ့ကြတဲ့ 2ne1ဟာ၂၀၀၉ခူနှစ်မှာ သူတို့ရဲ့ first single "Fire" ဆိုတဲ့ သီချင်းကို ဟစ်ဟော့ယဉ်ကျေးမှု အဝတ်အစားအပြင်အဆင်နဲ့ စတင်ရိုက်ကူး ခဲ့ပါတယ်။




" I don't care" သီချင်း ထွက်လာတဲ့အခါ ပိုပြီး မိန်းကလေးဆန်တဲ့ အမြင်နဲ့သူတို့ရဲ့ jeggings ( jean leggings) လေးတွေကို pattern အဆင် ဆန်းဆန်း လေးတွေထွင်ပြီး  ဝတ်လာကြပါတယ်။



 2010 အောက်တိုဘာ လ မှာ ထွက်တဲ့"It hurts (slow)" music video မှာကျတော့ အရင်ပုံစံလေးတွေ နဲ့မတူပဲ သီချင်းအေးအေးလေးကို ကွဲပြားတဲ့ Gothic ပုံစံ နဲ့ မြင်တွေ့ရမှာပါ။





2010 ခုနှစ် Mnet Asian Music Award အတွက် အကောင်းဆုံး အဖွဲ့လိုက် အမျိုးသမီးဆုကို ဆွတ်ခူးနိုင်တဲ့ အပြင် သူတို့ရဲ့ "Can't Nobody" music video ဟာလည်း အကောင်းဆုံး MVဆု ကိုရရှိခဲ့ပါတယ်။

MAMA ပွဲတက်ဖက်ရှင်


အခုနောက်ဆုံးက 2011 ဂျူလိုင် ၂၈ကထွက်တဲ့ အယ်လ်ဘမ် "Ugly"ပါ။ ဒီမှာတော့ emo+ punk +gothic သုံးမျိုးလုံးကို ရောထားပါတယ်။ ပုံမှန်ဆိုဆွဲဆောင်မှုမရှိလှပေမယ့် အနက်ရောင်အခံကို ရောင်စုံလေးတွေ ထည့်တတ်တာမို့ တမျိုးဆန်းနေပြန်ပါတယ်။ Rock နဲ့ Electro ပေါင်းထားတဲ့ "Ugly" ဆိုတဲ့ title သီချင်းလေးကို ရွေးပေးလိုက်ပါတယ်။ 


 Unique Style

 ဆံပင်ကို အမြဲလိုလို ခပ်မြင့်မြင့်ထုံးထားတတ်တဲ့ Dara




"Don't Cry" music video မှာ Bom ဝတ်တဲ့ dress က ဒီဇိုင်နာAlexandar Mcqueen ရဲ့လက်ရာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀၀၀၀ တန်ပါတယ်တဲ့။


Minzy အတွက်ဆိုရင်တော့ သူ့ရဲ့ အပေါ်ထပ် လေးတွေက ပြောစမှတ်ပြုချင်စရာ




သူတို့ရဲ့ အဝတ်အစား စတိုင်လ်တွေကို အနောက်ကနေ ဒီဇိုင်နာ Jeremy Scott မှတာဝန်ယူပေးထားတာပါ။






သူတို့ ဝတ်တဲ့အကျီ လေး တချို့ကို သဘောကျတယ်ဆိုရင်၊ ထပ်တူ ဝယ်ဝတ်နိုင်ဖို့ shopping site လေးလည်း ညွှန် လိုက်ပါရစေ။ http://sookyeong.wordpress.com/2009/07/12/digging-the-2ne1-style-follow-them/  /ဖြစ်ပါတယ်။

အမှန်ပြောရရင် ကျွန်မက K-Pop ပရိသတ် မဟုတ်ပါဘူး။ အခု တောင့်တလွန်းလို့ ကိုယ်ထင်ပြရ  အဲလေ .. 2ne1 ရဲ့ ဖက်ရှင်လေး ရေးဖို့တိုက်တွန်းလို့ wiki မှာ ဇစ်မြစ်ကိုရှာ youtube က video တွေလိုက်ကြည့်၊ K- pop အကြောင်းရေးထားတဲ့ wordpress တွေလိုက်ဖတ်ရင်း ရေးပေးလိုက်တာပါရှင်။


 ရှေ့ဆက်ပြီး Black Eyed Peas အဖွဲ့က Will.i.am နဲ့ ဆိုထားတဲ့ အတွဲခွေ ထွက်လာတော့မှာပါ။ အဲဒီအခါကျရင် ဘယ်သီချင်းလေးတွေကို ဘယ်လိုပုံနဲ့ ဆိုမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့နော်။

 (K- Pop ကို ကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက်)




You Might Also Like

8 comments

  1. ပုံထဲက အတိုင်းလုက်ဝတ်ပြီး လန်းနေတဲ့ ကိုယ့်ကိုယ်ကို မြင်ယောင်ပြီး အသံထွက်အောင် သဘောကျမိသေးတယ် ညီမလေးရေ။
    သူများက လှတပတ မချောတို့က မလှမပး)

    ReplyDelete
  2. သူတို့ fashion တွေကတော့ ရေလည်လန်းတယ်.. :D

    ReplyDelete
  3. ကျေးဇူး မျက်ကျိရေ။

    မချောရေးထားတာ ဖတ်ပြီး အားပါးတရ ပြုံးသွားပါသည်။

    ED

    ReplyDelete
  4.ုkore wave မှာမစီးမျောဘူးရင် ခေတ် မမှီဘူးဆိုရင် မကြည်တို့တော့ ခေတ်မှီမှာမဟုတ်ဘူးသိလား
    အွန်စော ဂျွန်စောဆိုတာ ကောင်းကောင်းမသိဘူး မကျင်စောတော့သိတယ်။း)
    ကိုရီးယားကားတွေပြတဲ့ အချိန် ရန်ကုန်မှာမရှိတာရယ် ဘ၀အတွက်ရုန်းကန်ခဲ့ရတဲံ့အချိန်တွေဆိုတော့ ညနေ လာတဲ့ ကားတွေ ပြီးလောက်မှ အိမ်ပြန်ရောက် ဆိုတော့ နောက်ပိုင်း မသိတော့ဘူး ။ ဒါပေမယ့် ခုပြန်ပြီး ကြိုက်တယ.် ကိုရီးယားမတွေ ဘယ်လောက်ပြင်တယ်ပြေြာေ့ပာ လှတယ် ကြိုက်တယ်။
    ခုနောက်ပိုင်းကြိုက်နေတာက shojou jidai ဆိုတာ
    taxi taxi ဆိုလားဘာာလားလေ ...း)

    ReplyDelete
  5. ပြောရရင်ရှက်စရာ၊ ညီမ ဒီ ပို့စ်ရေးမှ 2ne1 ကို ကောင်းကောင်းနားထောင်ဖူးတာ။ အစ်မပြောတာ ရှာပြီး နားထောင်ကြည့်လိုက်ဦးမယ်။

    ReplyDelete
  6. မချောက လှပါတယ်။ လှပုံချင်းမတူတာ။ အစ်မက ကျက်သရေရှိရှိလှတာ။ :)

    ReplyDelete
  7. ဟုတ်တယ် ကန်ဒီ လန်ထွက်လျှံကျ။

    ReplyDelete
  8.ှုI don't care ကိုတော့ နားထောင်ဖူးတယ်..ကိုရီးယားဖက်ရှင်ကိုလည်း ကြိုက်တယ်..:P

    ReplyDelete