ဆံပင်ကျွတ်ခြင်း နဲ့ ဆောင်ရန် ရှောင်ရန်

By 7:54 AM



ဒီစရောက်တော့ ကျွန်မနဲ့ ကျောင်းတူတဲ့ ကလေးတွေက ဆံပင်ကျွတ်လွန်းလို့ဆိုပြီး ညည်းကြတယ်။ အဲတုန်းက ကိုယ်မကျွတ်သေးတော့ ဆရာကြီးလျှောက်လုပ်နေတာ။  နေတာ လ နည်းနည်းလည်း ကြာရော ကိုယ့်ကိုယ်ကိုတောင် လန့်လာတယ်။ ကျွတ်စကီး ရှီးနီးရှီးတာ။ ဒီနေ့ ကျွတ်ထွက်တဲ့ ဆံပင်စတွေကို လိုက်ကောက်သိမ်းရင်း တစ်ခုခုတော့ ရှာဦးမှပါလေလို့။ ဒါနဲ့ beautytips.net က  5 Hair Care Best Practices for Preventing Hair Loss and Promoting Hair Growth ဆောင်းပါးလေးကို သွား တွေ့ပါတယ်။



1) ပျိုမေတွေ gel၊ wax ၊ clay တို့သုံးတတ်တယ်ဆိုရင် အိပ်ရာမဝင်ခင် ဆေးကြောဖယ်ရှားပြီးမှ အိပ်သင့်ပါတယ်။ ခေါင်းနဲ့ခေါင်းအုံး ဖိထားသလို ဖြစ်နေတော့ အဲဒီ ဓာတုပစ္စည်းတွေ က ဦးရေပြားထဲသို့စိမ့်ဝင်ပြီး မွေးညင်ပေါက်လေးတွေပိတ်နိုင်တာရယ်၊ အသစ်ထွက်တဲ့ဆံပင်တွေ အတွက် မကောင်းတာရယ် ကြောင့်ပါ။

2) ဈေးကွက်ထဲမှာရှိနေတဲ့ shampoo အများစု ကျောဘက်ကိုကြည့်ရင် sodium laurl sulphate ပါတာကို တွေ့ရမှာပါ။ လတ်တလောနာမည်ကြီးနေတဲ့ Head & Shoulders ၊ Pantene ၊ Original source ၊ Herbal Essences မှာတောင် ပါဝင်ပါသတဲ့။ နေ့တိုင်းသုံးရင် ဆံပင်ကိုပျက်စီးစေရုံသာမက လူကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။



3) ဆံပင်ကိုစုစည်းထားတာက ဆံပင်ကို ဦးရေပြားနဲ့နီးနီးကပ်ကပ်မှာ ပေါက်ဖို့ဖြစ်စေပါတယ်။ အဲဒီတော့ သူတို့အတွက် အရင်လို ကုတ်တွယ်စရာ သိပ်မရှိတော့ပါဘူး။ ကျွတ်ထွက်ဖို့ ပိုလွယ်သွားပါတယ်။ စအကျွတ်နိုင်ဆုံးက hormone ဒဏ်ကို ပိုပြီးခံရတဲ့ အရှေ့မှာရှိတဲ့ ဆံပင်တွေ ဖြစ်ပါတယ်။

4) ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်စိုနေတဲ့အချိန်ခေါင်းမဖြီးပါနဲ့။ ဆံပင်တွေက စိုနေတဲ့အချိန်မှာ ပိုပျက်စီးလွယ်ကြပါတယ်။ အကောင်းဆုံးက မျက်နှာသုတ်ပဝါနဲ့ သုတ်ပြီး ခြောက်အောင်စောင့်ပါတဲ့။ leave-in-conditioner သုံးမယ်ဆိုလည်း ဦးရေထဲကို ပွတ်မသွင်းရပါဘူး။ ဆံပင်နှစ်ခွတွေရှိတယ်ဆိုရင်တော့ အရင်းထိရောက်လာတတ်တာမို့ ပုံမှန်တိပေးဖို့လိုပါမယ်။


5) အုန်းဆီနဲ့ သံပရာရည်ကို ပုံမှန် ရောလိမ်းပေးခြင်းဖြင့် ဆံပင် ကျွတ်တာ ကာကွယ်နိုင်သလို ဗောက်ဖြစ်တာကို လည်း သက်သာစေတယ် လို့ ဆိုပါတယ်။။ (မြန်မာ့ရိုးရာ အုန်းဆီကောင်းတာ အခုမှ သိတော့တယ် :) )

6) ခေါင်းများများဖြီးတာက ဆံပင်အသစ်ထွက်ဖို့အားပေးပါတယ်။ ဦးရေပြားထိအောင် အသင့်တင့် အားထည့်ပြီး ဖြီးသင်တာက အသုံးမဝင်တော့တဲ့ ဆဲလ်တွေကို ကြွေကျစေတဲ့အပြင် သွေးလှည့်ပတ်မှု အားကောင်းစေပါတယ်။ ဒါကြောင့်ပဲ ခေါင်းလျှော်ဆိုင်တွေမှာ နှိတ်ပေးတာ ထင်ပါရဲ့။



ပုံမှန်မှာတင် ဆံပင်က တစ်နေ့ကို အပင် 50 မှ 100 ထိကျွတ်တတ်ကြတာကြောင့် ဆံပင်ကျွတ်တယ်ဆိုတိုင်း စိတ်မညစ်ကြပါနဲ့လို့။ ပျိုမေတွေ (ကိုယ်အပါအဝင်) ဆံပင်တွေ အလွန်အကျွံ ကျွတ်တဲ့ ရန်မှ ကင်းဝေးပါစေလို့ ဆန္ဒပြုရင်း...





You Might Also Like

14 comments

  1. အောင်မလေးတော်..
    ရေငတ်တုန်းရေတွင်းထဲကျတာပါကလား :D
    မိစံကျွတ်လိုက်ပုံများကိုယ့်ကိုယ်ကိုယ်ကင်ဆာဖြစ်နေပြီ
    တောင်ထင်တာ :P
    ခုမှပဲဆေးတွေ့တော့တယ်တော်။အုန်းဆီတော့ပုံမှန်လိမ်း
    ဖြစ်ပါတယ်။လျှော်ရည်ကတော့ပါမောလစ်သုံးတယ်။
    အုန်းဆီနဲ့သံပုရာစမ်းသုံးကြည့်မယ်နော်..
    သြော်..ဒါနဲ့စကားမစပ်..
    ကြည်ကြည်ပြောတဲ့linkလေးလုပ်ထားတာအဆင်ပြေ
    တယ်သိလား။ကျေးကျေးပါနော်။
    ယောင်းမ..မတော်လိုက်ရပေမယ့်။ညီမတော့တော်ချင်ပါရဲ့..:P
    ခင်မင်စွာဖြင့်..

    ReplyDelete
  2. လုပ်ကြည့်အုန်းမှနဲ့ တူတယ်မြတ်ကြည်ရေ။
    အိုင်အိုရာ

    ReplyDelete
  3. ဗဟုသုတဖြစ်စေတဲ့ ပိုစ့်လေးပါ.. စင်္ကာပူမှာလည်း ဆံပင်အရမ်းကျွတ်တယ်..ရန်ကုန်မှာထက်.. ရေကြောင့် ထင်တယ်.. ကျေးဇူးပါဗျို့..

    ReplyDelete
  4. ဆံပင်တွေကျွတ်တာအရမ်းပဲ. တိုက်တိုက်ဆိုင်ဆိုင် ဒီစာကိုဖတ်ရတာ ကျေးဇူးပါ..but how to use
    the coconut oil and lime? mix together or separately?thanks a lot.

    ReplyDelete
  5. လာဖတ်ကြလို့ကျေးဇူးပါနော်။ မမအိုင်အိုရာ၊ ကန်ဒီ နဲ့ မိစံ တို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်ကဲ့ အုန်းဆီနဲ့ သံပရာက ရောလိမ်းရမှာပါ။ Daily application of Coconut oil mixed with lime or lemon juice can prevent hair loss, and at the same time ease dandruff လို့ဆိုပါတယ်။

    ReplyDelete
  6. စင်ကာပူက ပိုးတွေ သတ်ပြီးသား ဖြစ်အောင်ပိုးသတ်ဆေးတွေ ထည့်ထားပါတယ်။ အဲဒါလဲ ဆံပင်ကျွတ်စေတဲ့ အကြောင်းတစ်ချက် ဖြစ်ပ်တယ်။
    ရေကူးကန်ထဲ ရေကူးလေ့ ရှိရင် ရေကူးကန်ထဲက ကလိုရင်းဓါတ်ကြောင့် ဆံပင်ကျွတ်တတ်တာမို့ ရေကူးပြီးတိုင်း Paul Mitchell တံဆိပ် ကလိုရင်းဖယ်ရှားပေးတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။ ရေကူးခြင်းကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

    ပုံ/
    ရေချိုးပြီးတိုင်း ပေါလ်မစ်ချယ် ခေါင်းလျှော်ရည် သုံးသူ။

    ReplyDelete
  7. စင်ကာပူက ဘုံဘိုင်ရေ ဟု ပြောင်းဖတ်ပါရန်။

    ပုံ/
    အမှားမခံသူ။

    ReplyDelete
  8. 5) အုန်းဆီနဲ့ သံပရာရည်ကို ပုံမှန် ရောလိမ်းပေးခြင်းဖြင့် ဆံပင် ကျွတ်တာ ကာကွယ်နိုင်သလို ဗောက်ဖြစ်တာကို လည်း သက်သာစေတယ် လို့ ဆိုပါတယ်။။ (မြန်မာ့ရိုးရာ အုန်းဆီကောင်းတာ အခုမှ သိတော့တယ် :) )

    ဦးရေထဲ ဝင်အောင် လိမ်းရမှာလား မျက်ကျိ။

    ကိုဘွိုင်းဇ်.. ရေချိုးပြီးတိုင်း ပေါလ်မစ်ချယ် ခေါင်းလျှော်ရည် သုံးသူ ဆိုတာကို စဉ်းစားနေတာ.. ရေချိုးပြီးမှ ခေါင်းလျှော်ရည်သုံးတယ်ဆိုတာ.. ဆန်းသား..။ :D
    (ရေကူးပြီးတိုင်းလို့ ပြောချင်တာ ထင်ရဲ့။)

    ED

    ReplyDelete
  9. Ipad2မှ ဝဆွဲနှင့်ယပင့်နေရာတကျမရှိခြင်းကို အမှားမခံနိုင်သူ မှ ပြင်ပေးစေလိုပါသည်

    အလှအပကြိုက်သူ

    ReplyDelete
  10. ko boyz, paul mitchell ကောင်းတာကတော့ ကျွန်မ အဒေါ်ပြောဖူးလို့ကြားဖူးတယ်။ သူက ရောဂါကြောင့်ဆံပင်ကျွတ်တာ။ တိုးနစ် ဝယ်လိမ်းတာ အသစ်ပြန်ပေါက်တယ်လို့ ပြောပါတယ်။

    အစ်မ အီးဒီ၊ ညီမလည်း ဘယ်လိုလိမ်းရမယ်ဆိုတာ အတိအကျ မသိ၍ မရွှီးလိုက်တော့ပါ။ :P

    ReplyDelete
  11. ကျေးဇူးနော်.. တနေ့တနေ့ အခန်းထဲမှာ ဆံပင်အကျွတ်တွေကောက်ရတာ မောနေပြီ..

    ReplyDelete
  12. ကျေးဇူးတင်ပါ၏
    ဒီမှာလည်း မတရားကျွတ်နေလို့ လေနေတာ .. :D ကျွတ်မှာစိုးလို့ ဖီးတောင် မဖီးတာ .. ခုတော့ ဖီးတော့မယ် .. :D
    အုန်းဆီကောင်းတာတော့ သိပါတယ် .. အစစ်ကရှားတာက ခက်ပြန်ရော ..း)

    ReplyDelete
  13. ကျေးဇူး အထူးပါ ချစ်မကြီး
    ဒါက အဓိက ပြဿနာကို ဖြစ်နေရော
    ဆံပင်တွေ ပြန် ဂွတ်လာရင် ဆိုဂျူး အ၀လိုက်တိုက်မယ် ဟဲဟဲ

    ReplyDelete
  14. မေသူ၊ မမိုးခါးနဲ့ မြူးမြူး ဆံပင် ကျွတ်တာ အမြန်ဆုံးသက်သာပါစေရှင်။ :)

    ED လုပ်မယ်ဆို အုန်းဆီနှစ်ဆ၊ သံပုရာရည် တစ်စကို ဆံပင်အမြစ်ထိရောက်အောင် ထည့်ပြီး နှိပ်ပေးပါ။ သုံးလေးနာရီခြားပြီး၊ ခေါင်းလျှော်လိုက်ရင်ရပါပြီ။

    ReplyDelete