မိန်းမသားတို့ရဲ့ First Impression
By 12:53 AM
Cosmopolitan magazine မှ  ဒီတစ်ပါတ် ဖော်ပြပေးတဲ့ ဆောင်းပါးမှာ Meeting your Match ရေးသားသူ Jackie Black (PhD) က ယောက်ျားသားတွေ က မိန်းကလေးတစ်ယောက်ကို  မြင်မြင်ချင်း တစ်ချက်ကြည့်ရုံနဲ့ သတိထားမိတဲ့ အချင်းအရာတွေရှိပါတယ်။ ပထမတွေ့တွေ့ချင်း စက္ကန့် အနည်းငယ်မှာတင် date လုပ်မယ် မလုပ်ဘူး  checklist ကို မသိစိတ်က စတင်အမှတ်ပေးကြ ပါတယ်တဲ့။
1) ဆံသားအထူ
ကျောက်ခေတ်လူသားတွေ ဆံပင် အုံ ထူတဲ့ အမျိုးသမီးတွေကို ရွေးချယ်သလိုပါပဲ။ ပုရိသ တွေရဲ့  ဦးနောက်ထဲကို ဆင့်ကဲ လက်ဆင့်ကမ်း လာတဲ့ instinct တစ်ခုက ဆံသားကောင်းပြီး ဆံပင်ရှည်တဲ့ မိန်းကလေးတွေဆို  ပိုပြီး သတိထားမိတတ်ကြပါတယ်။ ။ ဆံသားကောင်းတာနဲ့ကျန်းမာတာက ဆက်စပ်မှုရှိနေပါတယ်။
2)အပြုံးအစစ်
တစ်ခါတစ်လေ ကို စိတ်လိုလက်ရ ပြုံးလိုက်တဲ့ အခါ မျက်စိထောင့်နား လေးတွေ မသိမသာ တွန့်သွားတတ်ပါတယ်။ အပြုံးကို ကြည့်ရင် ယောက်ျားအများစုဟာ သက်တောင့်သက်သာနဲ့ တကယ်ပျော်လို့ပြုံးတာလား၊ ဒါမှမဟုတ် ဟန်လုပ်ပြုံးတာလားဆိုတာကို ကောင်းကောင်း ခွဲခြားတတ်ပါတယ်။
3)အသံ အနိမ့်အမြင့်
လေ့လာတွေ့ရှိချက်တွေအရ၊ pitch မြင့်တဲ့ အသံပိုင်ရှင် အမျိုးသမီးတွေက အမျိုးသားတွေ အပေါ် ပိုပြီး ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒါလည်း generation အဆက်ဆက် ပုရိသတွေ ဦးနောက်ထဲရိုက်ထည့် ထားတဲ့ instinct တစ်ခုပါပဲ။ pitch မြင့်တဲ့ အသံက နုပျိုခြင်းကို သွယ်ဝိုက် ဖော်ပြတယ် လို့ဆိုပါတယ်။။
4) ခါး : တင် အချိုး
 ခါး : တင် အချိုး  ( waist to hip ratio) pear shape ထက် apple shape  တွေနဲ့bad cholesterol ဆက်စပ်နေတယ်ဆိုတဲ့ တွေ့ရှိချက်က နောက်မှထွက်ပေါ်လာတာပါ။ ဒါတွေမတိုင်ခင် ကတည်းက အမျိုးသားတွေဟာ ခါးသေးရင်ချီ အမျိုးသမီးတွေကို နှစ်သက်ကြတာပါပဲ။ သူတို့အတွက် baby လေးတွေကို ကျန်းကျန်းမာမာနဲ့မွေးပေးနိုင်မယ့် ပိုင်ရှင်မျိုးပေါ့။
5) အသားအရေ
ဝင်းဝါစိုပြေတဲ့ အသားအရေဟာ စိတ်ကြည်လင်ရွှင်လန်းမှုကို ဖော်ပြပါတယ်။စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေဟာ အသားအရောင် ညစ်တာတို့၊ ဝက်ခြံထွက်တာတို့ ဖြစ်တတ်ပါတယ်။
6) အတုအယောင်
မျက်တောင်အတုတပ်တာတို့၊ hair extension ဆက်တာတို့ က turn down points တွေပါ။ ဒီမိန်းကလေးက  high maintenance လိုတယ် လို့ အော်ပြောနေသလိုပါပဲ။
7) မျက်လုံး
လူချင်းတွေ့ရင် မျက်လုံးကို ပိုပြီး ကြည့်မိတတ်ကြပါတယ်။ ဒါကြောင့် eye makeup ကိုလည်း လှလှပပ ချယ်သ ထားရင် သတိထားမိကြမှာပါ။
ဒီဆောင်းပါးလေးကတော့ ဒီမျှပါပဲ။ ကျွန်မ အာဒမ်နဲ့ပတ်သက်၍ ကဏ္ဌ လေး ကို မတင်တာကြာပြီမို့ အပြောင်းအလဲ လေးဖြစ်အောင် တင်လိုက်ပါတယ်နော်။ ပျိုမေတို့ အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်။
You Might Also Like
6 comments
  1. ဝက်ခြံပျောက်တဲ့ နည်းရေးပေးဦး
    ချစ်တဲ့
    မမပွင့်
    ReplyDelete
  2. ဟုတ် ရေးမယ် မမပွင့်။ ညီမ ဒီ တစ်ပတ်ရအောင်တင်ပေးမယ်နော်။
    ReplyDelete
  3. ဒီမိန်းကလေး high maintenance လိုတယ်...
    ဟီးဟီး.. သဘောကျတယ်.. အဲ့စာသားလေး...
    ReplyDelete
  4. ဒိတ်တာသဘောကျတဲ့သူငယ်ချင်းကို ပြောပြချင်တယ်။
    အိုင်အိုရာ
    ReplyDelete
  5. ပြင်ထားအုံးမှပဲ
    ReplyDelete