ကိုရီးယားနှင့် ပလပ်စတစ် ဆာဂျူရီ

By 12:36 AM


ကိုရီးယားနိုင်ငံမှာ မနှစ်က တစ်နှစ်လုံးအတိုင်းအတာအရ plastic / cosmetic procedure case ပေါင်း ခုနှစ်သိန်းခန့် ရှိပါတယ်။  အမျိုးသမီး ဦးရေရဲ့ ၁၅ - ၃၀ ရာခိုင်နှုန်းခန့်ဟာ မျက်နှာအစိတ်အပိုင်း ပြုပြင်ထားတဲ့ သူတွေဖြစ်ကြပါသတဲ့။

အမေရိကန်လို နိုင်ငံကြီးမျိုးမှာတောင် ကိုရီးယားနိုင်ငံနဲ့ ယှဉ်လိုက်တဲ့ အခါ cosmetic procedure ပြုလုပ်တဲ့ အရေအတွက် ပိုနည်းနေပါသေးတယ်။ အနောက်နိုင်ငံတွေမှာ အလှအပဆိုင်ရာ ပြုပြင်ခွဲစိတ်မှုခံတဲ့ နာမည်ကြီး အနုပညာရှင်တွေဆို ဝိုင်းဝန်းပြောဆိုကြပေမယ့် ဒီမှာတော့ အနုပညာရှင်များသာမက၊ နိုင်ငံရေးသမားများပါ ပြုပြင်ခွဲစိတ်မှု လုပ်ကြပါတယ်။



 မြေအောက်ရထားမှာ ကြော်ငြာထားတဲ့ ပလက်စတစ် ဆာဂျူရီ ဆေးခန်း ကြော်ငြာပါ။
  အထူးတလည်ရိုက်နေတော့ လူတွေက ဘုရှိုးရှိုးသွားတယ်။


 ပြုပြင်တဲ့သူတွေအထဲမှာ အသက်၃၀အောက်အရွယ်တွေက အများဆုံးပါဝင်ပါတယ်။ တစ်နှစ်တာ ကာလထဲ အထက်တန်းစာမေးပွဲဖြေ အပြီး တက္ကသိုလ်မခင်အချိန်လေးမှာ ပိုပြီးလုပ်ကြပါတယ်။ အဲဒီ ရာသီမှာ cosmetic surgery ဆေးရုံ ဆေးခန်းတွေက ကလေးတွေ  နှာခေါင်းရိုးထည့်တာ နဲ့ မျက်ရစ်ဖော်တာ  နှစ်မျိုးလုပ်ရင်  အမေတွေကိုလည်း အထက်တန်းစာမေးပွဲ အတွက် အပင်ပန်းခံရကျိုး နပ်အောင် မျက်နှာတင်းစေတဲ့ဆေး botox ထိုးတာကို discount ချပေးကြပါတယ်။

အများဆုံးလုပ်တဲ့ ခွဲစိတ်မှုတွေက (Rhinoplasty) နှာခေါင်းရိုးထည့်တာ  ၊ (Double- eyelid surgery) မျက်ရစ်ဖော်တာတွေပါ။ တခြားနိုင်ငံမှာ လုပ်လေ့မရှိတဲ့ ပါးရိုးမို့အောင် ခွဲစိတ်တာ၊ မေးရိုးပြင်တာနဲ့ ခြေသလုံးသေးအောင် ခွဲစိတ်တာလည်း အမျိုးသမီးတွေကြားမှာ ရေပန်းစားကြပါတယ်။

 ကိုရီးယားမှာ ခွဲစိတ်တာက အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီးဈေးသက်သာတယ်ဆိုပေမယ့် အာရှနိုင်ငံတွေထဲမှာတော့ ဈေးကြီးတဲ့ထဲမှာ ပါပါတယ်။ 

                             Girls Generation မှ Sunny

မပြန်ခင်လေး လုပ်သွားရင် ကောင်းမလား? အကုန် ဝိုင်းရိုက်ကြမှာ ကျိန်းသေပါပဲ။ :D
ဘုရားပေးတဲ့ ရုပ်လေးပဲကောင်းပါတယ် နော?

ကျန်းမာရွှင်လန်း ကြပါစေရှင်။


Source
http://www.asianplasticsurgeryguide.com/korea/a_korean.html
http://mtvk.com/2010/11/25/korean-students-are-rewarded-with-plastic-surgery-after-finishing-entrance-exams/













You Might Also Like

17 comments

  1. တချို့ ပြောတာက ဘွဲ့ ပညာမရှိဘဲ လုပ်ငန်းအတွေ့ ကြုံ နဲ့  ခွဲစိတ်တာတွေ ရှိတယ်ဆို ဟုတ်လား
    စိတ်ချရတဲ့ နေရာလေး စုံစမ်းပြီး တင်ပေးပါလား။

    ကြုံရင် စုံစမ်းချင်သား

    လှသထက် လှမယ် ဆိုရင် ဒို့ မိန်းခလေးတွေသာ မက ယောက်ျားလေးတွေပါ ပါသေး ဆိုတော့ အားလုံး စိတ်ဝင်စားနေကြမှာဘဲ
    ကျေးဇူးဘဲ

    ReplyDelete
  2. ဘယ်နားပြုပြီး...
    ပြင်ရင်ကောင်းမလဲနော်း))
    (ဘုရားပေးတဲ့ဒီရုပ်လေးဘဲကောင်းပါတယ်ကွယ်။
    ထောက်ခံပါတယ်။ :D)

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  3. I have heard such plastic surgery is so common in Korea..
    May be that's firmly rooted in their mindset..
    -m

    ReplyDelete
  4. မြတ်ရေ လမင်းလည်းနှခေါင်းလေးဘာလေပြင်ရင်
    ကောင်းမလာလို့ :P ဟီဟီကြောက်ပြန်တယ်:D

    ReplyDelete
  5.ိကိုးရီးယား လာချင်စိတ်တောင်ပေါက်သွားပြီ
    ကြော်ငြာမြင်တာနဲ့ တို့လည်း သူတို့လို လုပ်ရကောင်းမလား စဉ်းစားမိတယ်
    ပိုက်ဆံစုလိုက်ပါဦးမယ်လေး))

    ReplyDelete
  6. အင်း.... သဘာဝအတိုင်းလေးဘဲကောင်းပါတယ်း)
    camomilla

    ReplyDelete
  7. ဂလိုကြီးလား..အစစ်အတု ဘီလို ခွဲရပါ့

    ReplyDelete
  8. အိုး... မိန်းကလေးဦးရေ ၁၅-၃၀ % က ပြုပြင်ကြတယ် ဆိုတော့ တော်တော်များတာပဲနော်။ သူတို့က ဒီလို လုပ်တာ ထမင်းစား၊ ရေသောက်လိုပဲ သဘောထားလား မသိဘူးနော်။ ဟီးး အစ်မသာဆို အဲ့လိုကြီး မျက်နှာပြင်ပြီးရင် ကိုယ့်ပုံကို မှန်ထဲကြည့်ပြီး ကိုယ်မဟုတ်သလို ခံစားမိမှာပဲ။ ဘုရားပေးထားတဲ့ ရုပ်ရည်လေးပဲ ကောင်းတယ်လို့ ပြောတဲ့ မြတ်ကြည်လေး အဆိုကို ထောက်ခံသွားတယ် (◕‿◕)

    ReplyDelete
  9. အဲ့လို ခွဲစိတ်တာတော့ အားမပေးဘူး... မိတ်ကပ်နဲ့လည်း လှအောင် ပြင်လို့ရနေတာပဲကို နော့လေ.

    ReplyDelete
  10. မြတ်ကြည်လေးတော့ လုပ်ဖို့ မလိုပါဘူး နဂိုတိုင်းဘဲ ချစ်စရာကောင်းပါတယ် စကင်ဒီနေးဗီးယန်းနိုင်ငံတွေမှာတော့ သိပ်အလုပ်မဖြစ်ဘူး ဆိုရမယ် - အမျိုးသားရဲ သူငယ်ချင်းက အဲဒီအလုပ် ( plastic surgery ) လုပ်တာလေ - သူပြောပြတာတော့ ဖြစ်ပေါ်လာမဲ့်အလုပ်လာအပ်တဲ့သူကို ( ခွဲစိတ်ချင်သူကိုပေါ့)အကျိုးဆက်ကို ရှင်းပြရတယ်တဲ့ အဲဒီမှာဘဲ မလုပ်တော့တာများပါတယ်တဲ့ ကုန်ကျစရိတ်ကလည်း တအားဈေးကြီူးတော့ ရုပ်ပြစားရတဲ့ သူတချို့တောင် တခြားနိုင်ငံသွားလုပ်ကြတယ်ဆိုဘဲ - သူ့အလုပ်ကတော့ ကျန်းမာရေးအရ လိုအပ်တဲ့ သူတွေ ကို ဘဲ လုပ်ပေးရတာများပါတယ်တဲ့ အဲဒါကျတော့ အစိုးရက ငွေစိုက်ပေးတယ်လေ။

    ReplyDelete
  11. အနော်လဲကြီးနေတဲ့နှာခေါင်းခွဲဦးမှပဲ..:P

    ReplyDelete
  12. ဟီး အဲ့ဒါကြောင့် ကိုရီးယားမလေးတွေ အများစု က ချစ်စရာလေးတွေ ဖြစ်နေတာာ ပြီးတော့ ရုပ်ခပ်ဆင်ဆင်လေးတွေနော်..မြတ်ကြည်ရေ ပြင်မယ်ဆိုလဲ မသိမသာ လေးတော့ ပြင်လို့ ရတယ် လုံးဝ အပ်ချလောင်းဆိုပြီး ပြောင်းလိုက်တာမျိုးကျတော့ ခံစားလို့ မရဘူးရယ်နော်..ဒီမှာတော့ စီလီကွန်ထည့်တာ အများဆုံးလုပ်တယ် သူတို့က မျက်နှာအဓိက မဟုတ်ဘဲ ရင်သားအဓိက သမားတွေ လေ..သူတို့ ဘရာက အိမ်မက်တို့ ဦးထုပ်လုပ်လို့ ရတယ် ဟားဟား ..( ကြားရင်တော့ ဝိုင်းရိုက်လိမ့်မယ်)
    ချစ်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  13. မြတ်ကြည်က လှပြီးသားပဲ..မလိုပါဘူး..

    ReplyDelete
  14. ဟုတ်တယ် ညီမစန်းထွန်းပြောသလိုပဲ မြတ်ကြည်က နဂိုနေလှပြီးသားဟာကို။ ဒါမဲ့ သူတို့ပြင်ထားတာတော့ လှသားးDးDးD

    ReplyDelete
  15. ညီမရေ...
    အစ်မဖတ်ဖုးတာက အရွယ်ရောက်ပြီးသူ ရာခိုင်နှုန်းတော်တော်များများက ဆာဂျရီလုပ်ထားတော့ ကိုရီးယားက အမျိုးသားတွေ အိမ်ထောင်ဖက်ရွေးဖို့ စိတ်ပူနေကြတယ်တဲ့။ ဘာလို့ဆိုတော့ အိမ်ထောင်ပြုပြီးလို့ သားသမီးရလာရင် မွေးလာတဲ့ ကလေးတေါက မိခင်ရဲ့ ပင်ကိုယ်ဗီဇနဲ့ ရုပ်ရည်တွေထွက်လာလို့ ကလေးတွေ ရုပ်ဆိုးရပြန်တယ်တဲ့။ ဒီကလေးတွေ ကြီးပြင်းလာပြန်တော့ ဆာဂျရီပြန်လုပ်နဲ့ ဂျာအေး သူ့အမေရိုက်နေမယ်ထင်တယ်နော်။ တကယ်က ပင်ကိုယ်အလှသည်သာ အကောင်းဆုံးပါ။

    ReplyDelete
  16. ဆာဂျရီ လုပ်တော့ပါဘူး ညလေးရယ် ။ အရှိအတိုင်း ရုပ်ဆိုးဆိုးနေတာပဲ ကောင်းပါဒယ် .. အဟိ..

    ReplyDelete
  17. ညီမ မြတ်ကြည်ရေ

    နှာခေါင်း ကို ဆေးထည့်ပြီး ချွန်အောင် လုပ်ရင် ဘယ်ဈေးလောက်ရှိလဲ ဆိုတာ မေးပေါးပါလား။
    မြတ်ကြည်အားမှပါ။ ဟီဟိ
    ရှဲရှဲနော်။

    ReplyDelete