ဝက်ခြံ အမာရွတ်တွေကို သက်သာစေမယ့် AC+ Spot care patch
Nature Republic မှာ lotion သွားရှာရင်းနဲ့ Problematic skin spots တွေကို intensive care ပေးပြီး သက်သာလျှော့ချစေတယ် လို့ရေးထားတာတွေ့လို့ စိတ်ဝင်စားတာနဲ့ အစမ်းဝယ်လာတာပါ။
အသုံးပြုပုံပြုနည်းက သူ့မှာပါတဲ့ အဝိုင်းပြားလေးတွေကို ဖလင်ပေါ်ကခွါပြီး မျက်နှာပေါ်က ပြသနာ ဖြစ်နေတဲ့ နေရာလေးတွေအပေါ် လိုက်ကပ်ရုံပါပဲ။ မကပ်ခင် မျက်နှာသစ်၊ ဘာမှမလိမ်းဖို့ အကြံပြုထားပါတယ်။ တစ်ထုပ်မှာ အဝိုင်းပြားလေး ၁၂ ပြားပါတယ်။
သူ့ကို ၈နာရီကနေ ၁၂နာရီအထိကပ်ပေးရမှာဖြစ်ပြီး အာနိသင်အကောင်းဆုံးရချင်ရင် အိပ်ယာမဝင်ခင် ကပ်ဖို့ ညွှန်းထားပါတယ်။
Result
ကျွန်မကတော့ လွန်ခဲ့တဲ့ရက်က ဝက်ခြံပေါက်လို့ နီပြီး အမာရွတ်ကျန်တဲ့နေရာလေးတွေ ကပ်ပြီး အိပ်လိုက်ပါတယ်။ စိတ်ထဲမှာတော့ " ဟုတ်ရောဟုတ်ရဲ့လား၊ ဖြစ်ချင်မှဖြစ်မှာပါလေ" ဆိုပြီး ...
မနက်နိုးနိုးချင်း မှန်ပြေးကြည့်တာ တော်တော်သက်သာနေတာတွေ့ပါတယ်။
အဲဒါနဲ့ ဓာတ်ပုံပြေးရိုက်တော့တာပဲ။ :D
အကြာကြီးစွဲလိမ်းစရာမလိုပဲ တစ်ညထဲနဲ့ သက်သာတာဆိုတော့ အဆင်ပြေတာနဲ့ စာဖတ်သူတွေအတွက် လမ်းညွှန်လိုက်ပါတယ်။
ဝက်ခြံ အကြောင်းပတ်သက်လို့ကတော့ ဒီလင့်လေးကို သွားကြည့် ပါနော်။
http://www.thanakharmay.com/2011/08/blog-post.html
ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂါတို့ရဲ့အမြင် (Tag Post)
ငါးထောင်တန်ဖုန်းအပေါ် အမြင်ကတော့ မြတ်ကြည်သူငယ်ချင်းရေးထားတဲ့ ဒီပို့စ် လေးနဲ့ တော်တော်ထပ်တူကျပါတယ်။ မရေးခင် သေချာသိရှိနားလည်အောင် ရှာဖွေလေ့လာတတ်တဲ့ သူ့ကိုလည်း မချီးကျူးပဲမရေနိုင်ပါဘူး။ အစကနေ ဖတ်ကြည့်စေချင်ပါတယ်ရှင်။ :)
13 comments
မြတ်ကြည် အဲ့ဒါက ဆေးရောပါတာလား..
ReplyDeleteကန်ဒီလည်း အဲ့လိုဟာသုံးဖူးတယ်။ ကန်ဒီသုံးတဲ့ဟာရဲ့ သဘောကကျတော့ ၀က်ခြံ အဆံတွေဘာတွေထွက်ပြီးလို့ ထွက်လာတဲ့အရည်ကြည်တွေကို စုပ်ပေးတဲ့သဘော။ မနက်လင်းရင် အဲ့ဟာလေးမှာ သူစုပ်ထားတာတွေ တွေ့ရတယ်။ အမာရွက်ပေါ်မှာတော့ မြတ်ကြည်ပေါ်သလို တခါမှ မကပ်ဖူးဘူး။ Just curious :D
မဆိုးဘူးညီမလေးရေ။ အသုံးဝင်မှာ သေချာတယ်။ တစ်ခါတစ်လေကျတော့ သွားစရာလာစရာ အခမ်းအနားရှိရင် အမာရွတ်နဲ့ စိတ်ညစ်ရတယ်
ReplyDeleteဓါတ်ပုံထဲကမော်ဒယ်ကလှတယ်နော်။
ReplyDeleteချစ်သူအတွက်လမ်းညွန်ရမယ်
ReplyDeleteမြတ်ကြည်ရေ ကျေးကျေး
ပေါက်စကိုလည်း လက်တို့ဦးမှ...
ReplyDeleteအဲဒါက မှဲ့ခြောက်ရော ပျောက်လား မမ.. ညီမ မျက်နှာမှာ မှဲ့ခြောက်တွေ ရှိလို့ သုံးလို့ရလား သိချင်လို့.. သူက ခဏပဲ ပျောက်တာလား.. အမြဲ ကပ်ပေးနေရတာလား...
ReplyDeleteသုံးကြည့်ဦးမှ..ကျေးဇူး မြတ်ကြည်
ReplyDeleteငါးထောင်တန်ကဖတ်မရဘူး ဘိုဖြစ်လဲ ဆရာမရယ်း((
ReplyDeleteညီမလေးရေ... မျက်နှာပေါ်က dark spot ခေါ်မလား (အမည်းကွက်လေးတွေ) သက်သာစေတဲ့ နည်းလေးများရှိရင် ရှယ်ပေးပါဦးနော်။ အမ မျက်နှာမှာ (အထူးသဖြင့် နှာခေါင်းနေရာ) မှာ အဲလို အမည်းကွက်လေးတွေ ပေါ်လာလို.။ Garnier dark spot corrector လေးတွေဝယ်သုံးတာ ၂တောင့်ကုန်တဲ့အထိ ဘာမှမထူးလာလို. မသုံးဖြစ်တော့ဘူး ညီမရေ...။ thank you!!! :)
ReplyDeleteဒီမှာ မရှိဘူး.. ဟိုတလောက ဝက်ခြံတွေ အရမ်းပေါက်ထားတာ.. လိုချင်တယ်
ReplyDeleteပွင့်
မြတ်ကြည်လေး... လူလည်ကျထားတယ်ပေါ့ ...း)
ReplyDeleteချစ်ခင်တဲ့
camomilla
အမရေအမသူငယ်ချင်းရဲ့online shopမှာအဲဟာလေးတင်ခိုင်းပါလား
ReplyDeleteပြောလိုက်မယ် ညီမလေး :D
ReplyDelete