Glossy Eye (short cut tutorial)

By 7:08 AM


ဒီတစ်ပတ်တော့ ရွှန်းစိုလှပတဲ့ မျက်ဝန်းရဖို့ အလွယ်တကူ ခြယ်သနိုင်တဲ့ နည်းလမ်းလေးကို စာဖတ်သူများအတွက် ရွေးချယ်ထားပါတယ်။ ပုံစံက မသိရင်အချိန်တော်တော်ယူပြီး ခြယ်သထားတဲ့ အသွင်ဖြစ်နေပေမယ့် လုပ်ရတာ လုံးဝ မခက်ခဲပါဘူး။ 

ဟိုရက်က မွှေနောက်ရင်း ရှာတွေ့ထားတဲ့ ကိုရီးယား မိတ်ကပ်ပညာရှင် ဂျန်ဂ်ဆဲမူးလ် ရဲ့ နည်းလေးပါ။


လိုအပ်တာက eye shadow ရယ်၊ lipgloss ရယ်ပါပဲ။ အောက်မှာပြထားတဲ့ ပမာဏလောက်ဆို မျက်လုံးနှစ်ဘက်လုံးအတွက် လုံလောက်ပါတယ်။


 လက်မှာ lipgloss ကိုတို့၊ shadow နဲ့ ရောပြီး cotton tip (ဂွမ်းနားကျပ်တံ) နဲ့ မျက်လုံးကို ခြယ်တာပါ။  


စီးကပ်ကပ် မဖြစ်ဘူးလားဆိုတော့ lipgloss ကို နည်းနည်းပဲသုံးရင် အဆင်ပြေပါတယ်။ လှလည်းလှတယ်။


မူရင်း tutorial video က ဒီမှာ ရှိပါတယ်နော်။ 
သူ့ရဲ့ ပင်မ site ကတော့ http://www.jungsaemmool.com/ ဖြစ်ပါတယ်။ 
ကိုရီးယားဆန်ဆန် သဘာဝကျကျ မိတ်ကပ်လေးတွေ သဘောကျတဲ့ ပျိုမေတွေအတွက် အသုံးဝင်တဲ့ tutorial လေးတွေ အများကြီးရှိလို့ စိတ်ဝင်စားရင် သွားကြည့်ဖို့တိုက်တွန်းပါရစေ။ :)

 ခွင့်ပန်ချက်

မြတ်ကြည် အခုတလော အဖိုးရယ်၊ အဖွားရယ် ဒီကို ဆေးစစ် ရောက်လာကြလို့ လိုအပ်တာတွေဝိုင်းလုပ်ပေး.. ဆေးစစ်ပြီးတော့ Pho Cheon ကို သွားလည်တာ ခုနမှ အခန်းပြန်ရောက်ပါတယ်။ လိုက်ချင်နေတာ.. ခေါ်တာနဲ့ မဆိုင်းမတွ :P

မနက်ဖြန်လည်း ခရီးထွက်ရပါဦးမယ်။ ဌာနနဲ့ ဂျဲဂျူးကျွန်းကို conference သွားတက်ပါမယ်။ အလဲ့.. မြတ်ကြည်ရေးတာ မပါပါဘူး။ မြတ်ကြည်က နောက် semester လောက်မှ။ အထုပ်အပိုးမပြင်ရသေးဘူး။ ဘလော့ရေးနေတာ။ ဟီးဟီး :D

ဘလော့တွေ မလည်ဖြစ်ပဲ ပျောက်နေရင် ခွင့်လွှတ်ပေးကြပါနော်။ တင်စရာပို့စ်လေးတွေ ရှာခဲ့ပါဦးမယ်။
အားလုံးကို အစဉ်သတိရလျက် -

:bye:

မြတ်ကြည်







You Might Also Like

8 comments

  1. ရပြန်ပြီနည်းနောက်တစ်ခု ဟီး မမလှလာလို့ကတော့အာဘွားးးးးးးးးးးလာပေးမယ်နော်:D

    ReplyDelete
  2. ပြန်လာရင်မုန့် ဝယ်ခဲ့ နော် :P

    ReplyDelete
  3. သူအလည်အပတ်တွေ များနေတယ် ဟိ :D

    ReplyDelete
  4. ကျေးဇူးပဲမြတ်ကြည်ရေ....စမ်းကြည့်ဦးမယ်။း)

    ReplyDelete
  5. တခါမှ မလုပ်ဖူး၊ နောင်လည်း လုပ်ဖြစ်မှာ မဟုတ်ပေမယ့် ပုံတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်သွားပါတယ် မမြတ်ကြည်ရေ..။း)

    ReplyDelete
  6. ချစ်စ၇ာနည်းလေးတခုထပ်၇လို.မှတ်သားသွားပါတယ်။ကို၇ီးယားမင်းသမီးလေးတွေမိတ်ကပ်ပြင်တဲ.ပုံကိုနဂိုထဲကစိတ်ဝင်စားနေတာနဲ.အတော်ပဲ။သူတို.လိုပြင်ထားမှန်းမသိသာပဲနဲ.လှတဲ.စတိုင်လေးတွေအ၇မ်းကြိုက်တယ်.....

    ReplyDelete
  7. ဂျဲဂျူကျွန်းကို တို့လဲသွားချင်တယ်
    မြတ်ကြည်ခြယ်ထားတဲ့ အရောင်လေးလှတယ်
    စမ်းကြည့်အုံးမယ် ဒီအပတ်း)

    ReplyDelete
  8. သူများကို လက်တည့်စမ်းကြည့်ရမယ် ဟဟ

    ReplyDelete