Quality ကောင်းတဲ့ လက်သည်းဆိုးဆေးဆိုတာ (+Check check nail tutorial)

By 1:01 AM


စာဖတ်သူအားလုံးပဲ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးပါရှင်။ 

ဒီကာလ အတွင်းမှာ လက်သည်းခြေသည်းကို အရင်ကထက် ပိုပြီး စိတ်ဝင်တစား အလှဆင်လာကြတာမို့၊ သိထားသင့်မယ်ထင်တဲ့ Quality ကောင်းတဲ့ လက်သည်းဆိုးဆေး ရဲ့ ဂုဏ်သတ္တိများကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်ကလဲဆိုတော့ ဟိုးအရင် Revlon promotion ပွဲတုန်းက မှတ်ထားမိတာလေးတွေပါ။

လက်သည်းဆိုးဆေးကောင်း တစ်ပုလင်းရဲ့ ဂုဏ်သတ္တိ တွေက -

1)  ဆိုးလိုက်ရင် အရောင်ညီညီညာညာပျံ့ပါတယ်။ 
2)  လက်သည်းနဲ့ တသားတည်းဖြစ်သွားစေပြီး လက်သည်းကိုထူထူကြီးမဖြစ်စေပါ။ 
3) အချိန်ခဏလေးနဲ့ ခြောက်ပါတယ်။ 
4) ဆိုးထားရင် ကြာကြာခံပါတယ်။
5) ရေတော်ရုံစိုလို့ မပျက်ပါဘူး
6) Nail polish remover နဲ့  အလွယ်တကူ ဖျက်နိုင်ပါတယ်။
7) လက်သည်း ပြန်ဖျက်လိုက်ရင် ဝါပြီးကျန်ခဲ့တာ ကျွတ်ဆပ်တာမျိုး မရှိတာရယ်ပါ

Check Check Nail Kit

အခုတလော the face shop က ဝယ်လာတဲ့ Face it : Check Check Nail Kit လေးကို သဘောခွေ့နေပါတယ်။ ဆနွင်းမကင်း ကွက်လေးတွေဖော်ဖို့ အတွက် လက်သည်းနီ  အရောင် ဖျော့ဖျော့ ပုလင်းသုံးရောင်တွဲထား ပေးပါတယ်။  


စမ်းဆိုးကြည့်တာ လှတယ်။ :)


ဘူးအနောက်မှာ ဆိုးနည်း ပြထားပါတယ်။


Nail kit မှာပါတဲ့ အပြာနု၊ ပန်းရောင် အဝါ  အရောင်အပါးလေးတွေကို ထပ်လိုက်ရင် လိမ္မော်၊ အစိမ်း၊ ခရမ်းရောင် ရောင်စုံလေးတွေ ထွက်လာတာမို့ ဆိုးရတာ ပိုပျော်ဖို့ကောင်းပါတယ်။


လက်သည်းဆိုးတာ နှစ်သက် သဘောကျတဲ့ အစ်မ Baby တို့လို သူတွေ အတွက် ဈေးနှုန်းလည်း ချို၊ Quality လည်း ကောင်းတာမို့ ဝယ်ရင်ဝယ်လို့ရအောင် လက်တို့လိုက်ပါတယ်နော် :)

                   နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ အဆင်ပြေပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။

You Might Also Like

8 comments

  1. လှတယ်မြတ်ကြည်ရေ။ အစ်မလဲ ခြေသည်းနီဆိုးရတာ ၀ါသနာပါတယ်။ လက်သည်းကတော့ မဆိုးဖြစ်ဘူး။ အိမ်မှာ ချက်ပြုတ်နေတော့ ဗိုက်ထဲဝင်ကုန်မှာစိုးလို့ :D :D :D

    ReplyDelete
  2. အဲမလေမြတ်ကြည်ရေ လက်သည်းလေးဆိုးပြီ
    ချစ်သူကိုပြပါတယ် အလကားမိန်းကလေးတွေအလှကို
    ကြိုက်တယ်အပြောခံရလို့စိတ်တိုနေပါတယ်။။
    အားတဲ့နေ့ စိတ်ပါတဲ့နေ့လုပ်ကြည့်မယ်နော်
    အဲဘက်မှာပါတမီနည်းတော့ မြတ်ကြည်တို့လို့
    လှအောင်လုပ်တတ်ဘူးကွယ်..

    ReplyDelete
  3. လှတယ်ကွဲ့..း)
    တို့လဲလှချင်တယ် အဲ့လိုလေးစမ်းကြည့်အုံးမှ...

    ReplyDelete
  4. ၀ယ်ရအုံးမယ်း)
    ကျေးဇူးနော် ညလေး

    ReplyDelete
  5. မြတ်ကြည်တို့စိတ်ရှည်ချက် လန်ထွက်တယ်
    လက်သည်းကိုဖျက်လိုက်ဆိုးလိုက်လုပ်ရတာတော့စိတ်မရှည်ဘူးအေ .
း)))

    ချစ်တဲ့အမ

    ဂျာရစ်

    ReplyDelete
  6. မိုက်တယ်နော်..
    အဲ့ဒါ ဈေးကြီးလား.. face shop ကလက်သည်းဆိုးဆေး တခါမှ မသုံးဖူးဘူး

    ReplyDelete
  7. ဈေးကြီးလေလေ ကောင်းလေလေဟာကို ရေးကြီးထွင်ကျယ်လုပ်လို့ နင့်လက်ပေါ်ဆိုးထားတာက မညီမညာနဲ့ ဘေးကိုယိုထွက်နေတယ် မလှလိုက်တာအေ

    ReplyDelete