Sites to make slideshow online နဲ့ တစ်သိန်းပြည့် လက်ဆောင်
Photo slideshow လှလှ လေးတွေ လုပ်တာ ဝါသနာပါတဲ့ သူတွေ အတွက်ပါ။
Template ဒီဇိုင်းနဲ့ တင်ပြပုံလေးတွေ တော်တော်လှပါတယ်။ Account မဖွင့်ချင်သူတွေ facebook နဲ့ sign-in လို့ရပါတယ်။ ထည့်ချင်တဲ့ ဓာတ်ပုံတွေကို social network တွေနဲ့ ချိတ်လို့ရသလို၊ ကိုယ်ထည့်ချင်တဲ့ သီချင်းကိုလည်း computer မှ တစ်ဆင့် upload လုပ်လို့ရပါသေးတယ်။
Link ချိတ်နိုင်ရုံမက၊ ဘလော့တွေမှာ embed လုပ်နိုင်၊ download ဆွဲ နိုင်ပါတယ်။
မကောင်းတဲ့ အချက်က premium မဟုတ်တဲ့ အတွက် ၃၅ စက္ကန့်တာပဲ ပေးပါတယ်.
ဒါလေးက မြတ်ကြည် မန္တလေး ပြင်ဦးလွင် သွားတုန်းက ပုံတွေကို slideshow လုပ်ထားတာပါ။။ အဲဒီတုန်းက ဆံပင်အရှည် အလိပ်ကြီးကောက်ထားတာ ပြန်လိုချင်နေတယ်။ :D
Slideshow ပုံစံလေး သဘောကျတယ်ဆို လိပ်စာက www.animoto.com :)
Slideshow လုပ်လို့ရတဲ့ တခြား sites တွေကတော့-
www.kizoa.com
www.photoshow.com တွေရှိပါတယ်။
...................................................................
ဟိုနေ့က တစ်သိန်းပြည့် လက်ဆောင် ဘာများ ဖြစ်မလဲ လို့သိချင်ကြမှာပေါ့နော်။ Estee Lauder က Signature shadow Quad Truffle လေးပါ။
လက်ဆောင်ကို Florida မှ မ Jewel သို့ ပို့ပေးလိုက်ပါပြီရှင်။
လာပြီး ရေးပေးကြလို့ ကျေးဇူးပါနော်။ :)
စာဖတ်သူများအတွက် သာယာတဲ့ နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။
10 comments
မြတ်ကြည်ဆံပင်ရှည်နဲ့ပုံ ကြည့်သွားတယ် :D :D
ReplyDeleteတသေ့ပြောင်းတုံးက အမှတ်တရလုပ်သလားလို့... တသေ့ပြိန်းသွားတာ ဂုဏ်ယူပါတယ် မြတ်ကြည်
ReplyDeleteတသေ့ပြန်း၊ ဆယ်သေ့ပြန်းတွေကျမှ လက်ဆောင်ယူတော့မယ်...အဟိ
သားသားကို ဘာမှပေးဘူးပေါ့..ကြိတ်ချိုးမှာနော်
ReplyDeleteဒီလိုမှန်းသိရင် မအိပ်မနေစောင့်ပါတယ်
ReplyDeleteခုတော့ မိတ်ကပ်ဗူးနဲ့လွဲပြီ မဟုတ်ရင်
သင်္ကြန်မှာ လိမ်းစရာ မပူရတော့ဝူး
:(
ကျေးဇူးပါမြတ်ကြည်လေးေ၇။အဝေးကြိးကိုတကူးတကပို.ပေးတာအားလည်းနာတယ်ခင်လည်းခင်တယ်။အဲလိုအေ၇ာင်နုနုလေးတွေအ၇မ်းကြိုက်တာ။နောက်တပတ်ထဲမှာသွားစ၇ာတခုဂှိလို.မြတ်ကြည်၇ဲ.အိုင်း၇ှဲဒိုးခြယ်နည်းတွေပြန်ကြည်.ပြီးစောင်.နေတာ။ေ၇ာက်၇င်ထပ်ပြောမယ်နော်....
ReplyDeleteအဲ့ဒီဆံပင်အကောက်လေးနဲ့ကြည့်ရတာ ယဉ်တယ်
ReplyDeleteခုပုံစံလေးလဲလှပါတယ် ပိုနုတယ်
နှစ်သိန်းပြည့်ကောလက်ဆောင်ပေးအုံးမှာလားး)
ဝေးမြတ်ကြည်လေးရေ..
ReplyDeleteသူငယ်ချင်း ၂ ယောက်အတွက် မွေးနေ့ slideshow လုပ်ပေးမလို့ စဉ်းစားနေတာ အဆင်ပြေသွားတယ်.. ကျေးဇူးကွယ်..ဓါတ်ပုံလေးတွေ ကြည့်သွားတယ်..နော်.. အရင်ပုံစံလိုချင်ရင် အရှည်ပြန်ထားပြီး ပြန်ကောက်လေ. နဲနဲ တော့ စောင့်လိုက်ပေါ့းp
အိမ်မက်
မိတ်ကပ်ဗူး ပါလား... မိုက်ရှ်တယ် မိုက်ရှ်တယ်... အစ်မရေ..
ReplyDeleteသူများတွေတော့ ပြောကြတာပဲ
ReplyDeleteဆံပင်ရှည် ဘာလေးနဲ့
ကျွန်တော်ကျတော့ ပြောစရာမရှိဘူး
မြင်မှမမြင်ရတာ
မြန်မာပြည်ကွန်ကို အဲ့ဒါတွေ စိတ်ပျက်တာ
မိတ်ကပ်ဖူးနဲ့လွဲတာပဲ ဟီး
ReplyDeleteအဲတော့လည်း ဓာတ်ပုံကြည့်ပြန်တာပေါ့.. :P