ဂျဲဂျူးရေ ကိုယ်လာပြီ - Teddy Bear Museum & Camellia Hill

By 10:34 AM


မြန်မြန်လေး သွားလိုက်ပါမယ်နော်။ ^^

 နောက်တစ်နေရာက Teddy Bear ပြတိုက်ပါ။ အဲဒီရောက်ရင် သွားမယ်လို့ကို အားခဲထားတာ။ ပါလာတဲ့ တရုတ်က ကလေးကလားဆိုတော့ မဝင်ပါဘူး။ သူ့ဘာသာသူ ကားပေါ်မှာစောင့်ပါတယ်။ ကိုယ်လည်း ဝင်ကြေးပေးပြီးမှတော့ တန်အောင်ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ :D

နံရံကပ်လေးတွေ

 

ပုံစံငယ်လေးတွေ စုံလို့ပါပဲ။ 
ဇာတ်ဝန်ခန်းလေးတွေ၊ အထင်ကရ အဖြစ်အပျက်တွေ၊ နာမည်ကြီး ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင် ဇာတ်ကောင် တွေ၊ နာမည်ကြီး ပန်းချီကားတွေကို teddy bear လေးတွေနဲ့ သရုပ်ဖော်ပေးထားပါတယ်။


Charlie Chaplin ဇာတ်ဝင်ခန်း
superman 
လပေါ်ကို
Berlin တံတိုင်းဖြိုတုန်းက
Mother Teresa

ကွန်ဖြူးရှပ်၊ ဂန္ဒီ နဲ့ ဂျန်ဂစ်စ်ခန်

ပရက်စ်လေ

Princess Hour
^^တန်ဖိုးကြီး 125 karat Teddy^^

Swarovski crystals တွေနဲ့ ဆင်ယင်ထားတဲ့ Teddy

 ပြတိုက်အပြင်ဘက်မှာ ဓာတ်ပုံရိုက်စရာ နေရာလေးတွေလည်း လုပ်ပေးထားပါတယ်။


ရိုက်ပေးတဲ့သူရှိတုန်းလေး :P

ရိုက်ထားတာတော့ အများကြီးပါပဲ။ တချို့ပုံတွေက မှန်ပုံးထဲကို ရိုက်ရတော့ အလင်းပြန်တာရယ်၊ ပြချင်တာလေးတွေ အများကြီးကျန်သေးတာကြောင့်ရယ် ခြိုးခြံ လိုက်ပါတယ်။ :D

....... 

နောက်ထပ် ခြေဦးဆန့်လိုက်တာကတော့ Camellia ပျိုးခင်း တောင်ကုန်း ပါ။ ကိုယ်လည်း စာအုပ်ထဲမှာ ပြထားတာတွေ့တော့ တရုတ်ကိုပြ၊ တရုတ်ကလည်း သွားမယ်ဆိုတာနဲ့ သွားကြပါတယ်။


အဝင်ဝဆိုင်းဘုတ် မှာ မြင်တွေ့ရမယ့် ပန်းတွေကို အခုလို ပြထားပါတယ်။ 
ကံဆိုးချင်တော့ တကယ်တမ်း ပြထားတဲ့ camellia ပန်းတွေ မိုးရွာလို့ ကြွေ ကုန်တာနဲ့ ဘာမှ မကျန်တော့ပါဘူး။ ဒီတော့ တွေ့သမျှ ပန်းလေးတွေကို ရိုက်ပြီး မှတ်တမ်းတင်လာခဲ့ပါတယ်။


ရှားရှားပါးပါးတွေ့ခဲ့တယ် ...
နှစ်ပွင့်:P

                     

.........

ပန်းခြံတစ်ခုလုံးသာပတ်လိုက်တယ်။ ဘာမှလည်း သိပ်မတွေ့၊ တရုတ်ကလည်း ဗိုက်ဆာလို့။ မနက်က ပေါင်မုန့်ဝယ်စားတာ သူက မကြိုက်လို့ဆိုပြီး မစားဘူး၊ အခုတော့ ဆာပြီ။ ကားမောင်းသမားက သာမန်ဆိုင်လေးတစ်ဆိုင်ကို ခေါ်သွားပေးပါတယ်။ ကျွန်းဆိုတော့ seafood ပေါမှပေါ။

 မြတ်ကြည်က bibimbap ပဲစားမယ်လို့မှာ တော့ တရုတ်က မျက်နှာငယ်လေးနဲ့။ အဲဒါနဲ့ ကြိုက်တာမှာ၊ စားမယ် လို့ဆိုမှ ဝမ်းသာအားရ သူကြိုက်တာမှာပါတယ်။ မြတ်ကြည်လည်း မသိဘူး။ လာချပြီး တည်မှ။ အားလားလား... အကုန်လုံးကို ကိုယ့်အရှေ့မှာ ပြုတ်ပစ်တာ။ ကြည့်ရတာ စိတ်မချမ်းသာဘူး။ တရုတ်ကတော့ ဖြီးနေတာပဲ။ ဘယ်ကတည်း က စားချင်နေတယ် မသိဘူး။

အသည်းငယ်သူများ မကြည့်ရ

 ကောင်းသလားဆိုတော့ ကောင်းတာပေါ့။ ဟင်းခတ်မှုန့်ထည့်စရာ မလိုပဲ ချိုနေတာပဲ။ တန်လည်းတန်တယ်။ ဒါပေမယ့် ငရဲကြီးတာပေါ့။

ဒီတစ်ခေါက်တော့ ဒီမှာခဏ ဖြတ်ထားလိုက်ပါဦးမယ်။ 
အားပေးကြပါဦးနော် :)

You Might Also Like

8 comments

  1. န ဟန်ဂျီအင်း မပါသေးဘူး ပြန်လိုက်အုံးမယ်နော မမမြတ်ကြည့်..ခိခိ

    ReplyDelete
  2. မောင်တလုံးလည်းနော်သူဟန်ဂျီအင်းပဲလိုက်ကြော်ငြာနေ
    တော့တာပဲ မြတ်ကြည်ညီမရေ ပုံလေးတွေအတွက်
    ကျေးဇူးပါနော်...

    ReplyDelete
  3. သမီးရေ..
    ဓါတ်ပုံလေးတွေကြည့်ရတာကောင်းလိုက်တာ..
    အပိုင်းလိုက် အပိုင်းလိုက်နဲ့မို့ တကယ့်ကိုရီးယားကို ကြည့်နေရသလိုပါပဲ..
    :D
    စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ..

    ReplyDelete
  4. ဒီမှာလည်း Camellia တွေပွင့်နေတယ်။ သိပ်လှတယ်။
    တစ်နေ့ ကသူငယ်ချင်းအိမ်မှာ အနီရောင်လေးတွေပွင့်နေလို့ ခူးပြီးပန်းအိုးထိုးခဲ့ပေးသေးတယ်။ အရွက်ကလည်းသိပ်လှတယ်နော်။
    ခရီးမှာပျော်ရွှင်ပါစေ.....
    အိုင်အိုရာ

    ReplyDelete
  5. ပန်းလေးတွေ တော်တော်လှတယ် မြတ်ကြည်ရေ..
    ဗီဒီယိုတော့ ကြည့်ပြီးလန့်သွားတယ်း)

    ReplyDelete
  6. ခရီးသွားဆောင်းပါးတွေ ကို ပိုဖတ်ဖြစ် ပါတယ်
    Jeju orange တွေ တုံးတဲ့ အချိန်ထင်တယ်.

    Thanks

    ReplyDelete
  7. ဒါလေးတွေကိုအကြိုက်ဆုံးပဲ ရမ်းမိုက်တယ်
    တယ်ဒီတွေများရီးပဲ မစ်တတာဘင်း သာဒီအထဲကို
    ပို့လိုက်ရင်တော့ လွယ်ဝူးနော်

    ReplyDelete
  8. Teddy လေးတွေက ချစ်စရာလေး..ပန်းတွေ ကြွေသွားတာ နာတာပဲ..နောက်မို့  ဓာတ်ပုံလှလှလေးတွေ ကြည့်ရမှာ

    ReplyDelete