နှုတ်ခမ်းတွေ ခြောက်နေပါသလား?

By 2:42 AM



 ပုံမှန်ဆို နှုတ်ခမ်းမှာ အစိုဓာတ်ကို ထိန်းပေးတဲ့ အဆီလွှာတစ်ခုရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် အဲဒီ အဆီ နည်းပါးသွားတဲ့ခါ အစိုဓာတ်ကို မထိန်းသိမ်းနိုင်တော့ပဲ နှုတ်ခမ်းခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ခန္ဒာကိုယ် ရေဓာတ်နည်းတဲ့ အခါ၊ ဆောင်းရာသီ၊ လေ ကြောင့်လည်း နှုတ်ခမ်းခြောက်တတ်ပါတယ်။ နောက်တစ်ခုက လျှာမကြာခဏ သပ်တာက နှုတ်ခမ်းပေါ်က အစိုဓာတ်ကို ပိုပြီး အငွေ့ပြန်စေပါတယ်။

ခြောက်သွေ့ကွဲအပ်လွယ်တဲ့ နှုတ်ခမ်းပိုင်ရှင်တွေ အတွက် Wikihow က How to get rid of Chapped lips ပို့စ်လေးကို ရှာတင်ပေးလိုက်ပါတယ်။

1) ရေများများ သောက်ပါ။


2) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများ စားပါ။ ခန္ဒာကိုယ်မှာ အက်ဆစ် များနေရင် နှုတ်ခမ်း ခြောက်တတ်ပါတယ်။ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ က စားပေးခြင်းဖြင့် အက်ဆစ်ဓာတ်ကို ထိန်းညှိ ပေးပါတယ်။ 


3)  ရေကြက်သီးနွေးလေး စိမ်၊ ပြန်ညှစ်ထားတဲ့ မျက်နှာသုတ်ပဝါကို ညင်ညင်သာသာ ပွတ်ပေးခြင်းဖြင့် ခြောက်သွေ့တဲ့ နှုတ်ခမ်း အပေါ်ယံလွှာကို ဖယ်ရှားနိုင်ပါတယ်။

4) Exofoliate လုပ်မယ်ဆို သကြားနည်းနည်းရယ်၊ Vaseline နည်းနည်းရယ် ကို ရော၊ သွားတိုက်တံနဲ့ စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ အကုန်ပြီးရင် အစိုဓာတ်ပြယ် မသွားအောင် lip balm လေး တင် လိုက်ရင် ရပါပြီ။



5) ညကို lip balm လေးဆိုးပြီး အိပ်ပါ။ အဲဒါဆို မနက်ကျရင် နှုတ်ခမ်းတွေ ခြောက်မနေတော့ပါဘူး။


6) ဈေးကွက်ထဲမှာ medicated chapsticks လေးတွေလည်းရှိပါတယ်။

7) lipbalm အများစုမှာ petroleum jelly ပါကြပါတယ်။ ပုံမှန်လူဆို ဘာမှမဖြစ်ပေမယ့် မတည့်တဲ့သူတွေ အတွက်ဆို နှုတ်ခမ်းက ယားလာတာတို့၊ အဖုအပိန့် ထွက်ပြီး ရောင်လာတာတို့ဖြစ်တတ်တာကြောင့် မတည့်တဲ့သူတွေ အနေနဲ့ organic lip balm တွေကို ရှာသုံးကြည့်ပါ။


ဒီနည်းလေးတွေက နှုတ်ခမ်းခြောက်တတ်တဲ့ ပျိုမေတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

အလှတွေ ပိုနိုင်ကြပါစေ။

You Might Also Like

6 comments

  1. နှုတ်ခမ်းခြောက်တဲ့ပျိုမေတွေအတွက်ပဲတဲ့
    ပျိုမောင်ဒွေလဲလုပ်ချင်ဒယ်

    ReplyDelete
  2. လွယ်လွယ်ကူကူ Chap Stick ပဲအိတ်ထဲဆောင်ပြီးသုံးနေတာဘဲမြတ်ကြည်လေးရေ။
    တခါတခါသိပ်ခြောက်တဲ့နေ့ အေးတဲ့နေ့ တွေမှာ မပါသွားရင်တော့နှုတ်ခမ်းတွေတောင်ကွဲချင်လို့ နေရခက်လိုက်တာ။
    ဒါနဲ့ ခြောက်ပြီးနာတာတာဖြစ်လာတာနဲ့ ချက်ပ်စတစ် ဆိုးရတယ်။ မြတ်ကြည်လေးတို့ စီမှာလည်းအေးတော့ဆောင်ထားရမယ်ထင်တယ်နော်။
    မြတ်ကြည်ပြောထားသလို ရေသောက်တယ်။ အသီးအနှံစားတယ်။ ချက်ပ်စတစ် လူးတယ်။ သွားတိုက်တံနဲ့ တော့မလုပ်ဖူးပါဘူးကွယ်။း)
    ကျေးဇူးမြတ်ကြည်လေးရေ။
    အိုင်အိုရာ

    ReplyDelete
  3. Lip balm တော့ ပုံမှန်ဆိုးဖြစ်တယ် မြတ်ကြည်ရေ

    ReplyDelete
  4. အမလဲ အမြဲလိုလိုနှုတ်ခမ်းခြောက်လို့စိတ်ညစ်နေတား(
    ရေလဲတတ်နိုင်သလောက်များများသောက်တယ်
    အသီးအနှံလဲစားတယ်
    Lip balm လဲအမြဲဆိုးရတယ်
    ကျန်တာတော့မလုပ်ဖူးသေးဘူး
    စမ်းကြည့်မယ်နော်
    ကျေးဇူး

    ReplyDelete
  5. ငယ်ငယ်တုန်းကဆို နှုတ်ခမ်းခြောက်ယုံမက ကျီးကန်းပါးစပ်လဲ ဖြစ်ဖူးတယ်။ မေမေက ဂရေစလင်းလေး တို့ပေးတယ်။ အခုတော့ ကျန်းမာရေးနဲ့ ညီညွတ်နေလားမသိ၊ အဲ့လိုမဖြစ်တော့ဘူး..။

    ReplyDelete
  6. စိုလိုက်၊ ခြောက်လိုက်နဲ့ Vaseline နှုတ်ခမ်းအလှဆီ ဆောင်နေရတယ်..

    ReplyDelete