My little DIYs

By 8:31 AM ,


 မြတ်ကြည်က ပီစီပါစာလေးတွေ ကိုယ်တိုင်လုပ်ရတာ သဘောကျတယ်။ ကိုယ်ချစ်တဲ့ သူတွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးရင် ကိုယ်တိုင်လုပ်ထားတာလေး ပေးတတ်တယ်။ အဖေက တခါတလေ ဆုံးမတယ်။ ကိုယ်က အပင်ပန်း ခံလုပ်ပြီးမှ၊ သူများ တန်ဖိုးမထားရင် ကိုယ်လုပ်တာ အလကားဖြစ်တယ်တဲ့။ ဒါပေမယ့် မြတ်ကြည်ပေးတဲ့ သူတွေက တန်ဖိုးထားကြတဲ့ သူတွေချည်းပါပဲ။

ဒီပို့စ်မှာ မြတ်ကြည် လုပ်ထားတာလေးတွေကို ကြွားပါမယ်။ :)

အဒေါ် အတွက် ဖုန်းအိတ်

ခရစ်စတယ်လ် အစေ့လေးတွေကို ဗိုလ်ချုပ်ဈေးက ဝယ်ပါတယ်။ ကြယ်သီး ရောင်းတဲ့ အတန်းမှာရှိတယ်။ သူက ဒီတိုင်း ခရစ်စတယ်လ်ကြီးဆို ကြားမှာ ဟာပေါက်လေးတွေရှိတော့၊ ဘောစေ့လေးတွေနဲ့ တွဲထိုးတယ်။ လုပ်နည်း ထိုးပြချင်ပေမယ့် ဒီမှာ ဘယ်မှာ ဝယ်ရမှန်း မသိဖြစ်နေလို့။

ဒါကတော့ သူငယ်ချင်း အတွက် မွေးနေ့လက်ဆောင် 
 ကျောင်းမှာ အလုပ်သင်ဆင်းတဲ့ အခါ ဖုန်းအိတ်လေးတွေ ခါးမှာချိတ်ပြီး အလှပြကြတာပေါ့။ 

ပြီးတော့ စက္ကူခေါက်တာ ဝါသနာပါတယ်။ စက္ကူနဲ့ အရုပ်လုပ်တာ။ အရင်က ကွန်ပြူတာမှာ ဒေါင်း၊ ပရင့်ထုတ်၊ လိုက်လုပ်ကြည့်။ အရမ်း လက်ဝင်တာ ကျတော့ မဖြစ်ထွန်းတာ များတယ်။ :D


 နှင်းဆီပန်း >> (လုပ်နည်း)
 ချစ်ချစ်ကို လက်ဆောင်ပေးလို့ရတာပေါ့။ :)

ဒါက နောက်တစ်မျိုး

သိုးမွေးကတော့ မာဖလာ တစ်မျိုးပဲ ထိုးတတ်တယ်။ :P တည့်တည့်ဆိုတော့ လွယ်တယ်။

အစောကမှ ပြီးတဲ့ မာဖလာလေးပါ။ အပေါ်ထိုး၊ အောက်ထိုး ခြားသွားတာ။

နောက်ပို့စ် စာစီနေတုန်းမို့လို့ အချိန်သိပ်မခြားအောင် ဒါလေး ကောက်တင်လိုက်တာပါ။ ဘာပဲပြောပြော နောက်လဆို မြတ်ကြည် ဘလော့လေး ၁ နှစ်ပြည့်ပြီ။ အမှတ်တရ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတာ။ အကြံလေးတွေရှိရင် ပေးသွားပါဦးနော်။ :)

သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။



You Might Also Like

16 comments

  1. ဟန်းမိတ်တွေ သဘောကျသဗျား.... ၁ နှစ်ပြည့်တော့မယ့် ဘလော့ဂ်မှသည် နှစ်ပေါင်းများစွာ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ခင်ဗျာ။...

    ReplyDelete
  2. ချစ်စရာလေးတွေ.။ လုပ်တတ်ချင်ပေမယ့်.. ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ဘူး :)

    ReplyDelete
  3. ဖုန်းအိတ်လုပ်နည်းလေးစိတ်ဝင်စားတယ်ဆရာမရေး))))

    ချစ်တဲ့

    ဂျာရစ်

    ReplyDelete
  4. ပုတီးစေ့ လေးတွေ ထိုးတတ်ချင်တယ် ... :)

    Pyi Phyo

    ReplyDelete
  5. ကျွန်တော်လည်း hang made တွေကို
    သဘောကျပါတယ်
    အဲ့ဒီလို handmade လက်ဆောင်တွေတော့
    တစ်ခါမှမရဖူးသေးဘူး
    တစ်နှစ်ပြည့်မှာ ဘာအစီအစဉ်တွေ ရှိသေးသတုန်း
    အစ်မရေ
    ပျော်ရွှင်ပါစေ

    ReplyDelete
  6. ကန်ဒီလည်း Handmade တွေ သဘောကျတယ်.. နှင်းဆီပန်းလေး လုပ်ကြည့်ဦးမယ်
    အရမ်းလှတယ် :D

    ReplyDelete
  7. မြတ်ကြည်စာတွေကို အမြဲဖတ်ဖြစ်တယ် ။ ကွန်မန့်သာမရေးပေးဖြစ်တာ ။ ဒုတိယပုံ အိတ်လေးကို သဘောကျတယ် ထိုးနည်းအဆင်ပြေရင် တင်ပေးနော်။
    မာဖလာကရော တစ်ချောင်းထိုးနဲ့ထိုးတာလား နှစ်ချောင်းထိုးလား .. တစ်ချောင်းထိုးဆိုရင် အစပိုင်းလောက်ထိုးနည်းပြောပြပေးပါလား လိုက်ထိုးကြည့်ချင်လို့ :)

    ReplyDelete
  8. မာဖလာက ၂ချောင်းထိုး ချယ်ရီ။ ဖုန်းအိတ်က ပထမ အပြားလိုက် အရှည် ထိုးပြီးမှ နှစ်ဘက်ကို ပြန်သီတွယ်တာ။ သီရင်းနဲ့ ဘယ်နေရာ အရောင်ထည့်မလဲ ဆိုတာ မှန်းပြီး ထည့်သွားတယ်။ အစေ့ရှာကြည့်ပါဦးမယ်။ ရရင် လုပ်နည်း တင်ပေးပါမယ်နော်။ :)

    ReplyDelete
  9. မမရေ.. ကျေးကျေးပါနော်. သဲ လဲ ကြိုးစားထိုးနေတယ်.။ အရင်က သယ်ရင်းတွေကိုလက်ဆောင်ပေးရင် ဈေးမှာဝယ်တာလေ။ ခုတလော ကိုယ်တိုင်လုပ်တဲ့ ပုစိပေါက်စ hand made လေးတွေ နဲ့ ပေးချင်လို့ .. မမအတွက်လဲ လက်ဆောင်ထိုးပေးမယ်နော်.. တာ့တာ ပါ.
    သဲ အမြဲလာလည်ပါတယ်.. :)

    ReplyDelete
  10. မြတ်ကြည်ရေ
    ပုံလေးကညီမပုံလေးလား
    ချစ်ဖို့ကောင်းတယ်
    အဲလိုလုပ်ရတာလေးတွေအရမ်းကြိုက်တာ
    ငယ်ငယ်လေးကတဲက မျက်မှန်တပ်ရတော့ အဆင်မပြေဘူး
    ခုမြင်လိုက်ရတော့ အားကျတယ်ကိုယ်လဲလုပ်တတ်ချင်မိပြန်တယ်

    ReplyDelete
  11. ညီမလေးရေ..
    စာတွေကြိုးစားနေ အလုပ်တွေရှုပ်နေတဲ့ကြားက ချစ်စရာဘလော့လေးတစ်ခုကို အကြောင်းအရာမျိုးစုံနဲ့ ဝေဝေဆာဆာလေး ဖြစ်အောင်ဖန်တီးနိုင်တာကို ချီးကျူးပါတယ်..
    "Congratulation" ပါ..
    နောက်လည်း ဒီ့ထက်ပိုပြီးတင်နိုင်ပါစေ..
    ပညာရေးမှာလည်း ရည်မှန်းထားတာထက်ပိုပြီး အောင်မြင်ပါစေ...
    အမြဲအားပေးနေပါတယ်သမီးရေ..
    :)

    ReplyDelete
  12. အမလဲ အဲ့လိုမျိုးလေးတွေအရမ်းသဘောကျတယ်..
    နှစ်ချောင်းထိုး ထိုးတတ်ချင်လိုက်တာ...း(

    ReplyDelete
  13. ဖုန်းအိတ်လေးနဲ့  မာဖာလာလေး သဘောကျတယ်ဗျို့ ..Hand Made တွေ သိပ်သဘောကျ..တစ်နှစ်ပြည့်မှသည် စာတွေအများကြီး ရေးနိုင်ပါစေ..

    ReplyDelete
  14. ဒို့အစ်မတော် စိတ်ဓါတ်ခိုင်ယိုင်နေတယ်ကြားလို့
    နွေလဆီမှာတွေ့လိုက်တယ်။နှင်းဆီးပန်းခေါက်ကြည့်တာ
    အဆင်မပြေဘူး အစကထဲကကို ခက်နေတာ ဟူးးးးးးး
    တတ်ချင်ပေမဲ့ ပါရမီများမပါလေသလားကွယ်

    ReplyDelete
  15. သူလာဖတ်ပြီးပြီဆိုတော့ မဒမ့်ကို မာဖလာထိုးခိုင်းရမယ်..

    ReplyDelete
  16. တော်လိုက်တဲ့မြတ်ကြည်လေး။
    အို်င်အိုရာ

    ReplyDelete