သုံးထပ်သားကင် နဲ့ ထမင်းသုပ် (must haves)

By 2:38 PM

ကိုရီးယားရောက်မှတော့ အကင်မစားပဲ ပြန်ရင်တော့ လာရကျိုးမနပ်ပါဘူး။  ဒီရောက်ရင်  ဆမ်းမ်ဂရော့ပ်ဆာလ် (삼겹살) က မစားမဖြစ် အစာထဲက တစ်ခုပါ။ (ဆမ်းမ် (삼) = ၃) သုံးထပ်သားကင်ပေါ့။



ဟိုတလောက ပြောတဲ့ ဂျဲဂျူး ဝက်သား နာမည်ကြီးတယ်ဆိုတာ အဲဒါကို အိုဂရော့ပ်ဆာလ် (오겹살) လို့ ခေါ်ပါတယ်။ (အို (오) = ၅) ငါးထပ်သား။ သူတို့ အခေါ်.. တကယ် ငါးထပ်ရှိမရှိတော့ မသိဘူး။ :D

  မြတ်ကြည် စားတဲ့ ဆိုင်မှာတော့ အရင် အကင်အိုးရဲ့ ဘေးပတ်ပတ်လည် မြောင်းထဲမှာ မုန်ညင်း ကင်မ်ချီလေးတွေ ထည့် ကြက်ဥခေါက်ထားတာကို ရေနွေးခရားနဲ့ ဖြည့်ပေးပါတယ်။ အသားက တော့ ကိုယ့် ဘာ့သာ ကင်ပေါ့။


ဒီမှာက အစားစားရင် မြန်မာပြည်လိုပဲ ဟင်းအရံပွဲလေးတွေ ချပေးတာ ချစ်ဖို့ ကောင်းတယ်။ ပဲပင်ပေါက်ကင်မ်ချီ၊  ရေညှိဟင်းချို ကြက်သွန်မိတ်ကို စိမ်ထားတာရယ် ဆလပ်ရွက်ကို ပဲငပိနဲ့ နယ်ထားတာရယ် လာချပေးတယ်။  


ဟိုလှန်ဒီလှန်နဲ့ မိနစ် ၂၀လောက်ဆို အသားလည်း ကျက်၊ ကြက်ဥလည်းကျက်။ :)



တွဲစားဖို့က ယုခ်ဟဲ ဘီဘင်မ်ဘပ် (육회비빔밥) ။ ဘီဘင်မ်ဘပ် ကိုတော့ တော်တော်များများ သိကြမယ်ထင်တယ်။ ကိုရီးယား ထမင်းသုပ်လို့ တချို့တလေ ခေါ်ကြတယ်။ ကြက်ဥ၊ ဟင်းသီးဟင်းရွက် အစုံပလုံ၊ အမဲသား အစိမ်း (ဒီဆိုင်မှာ) ကို အပုံလေးတွေပုံ.. နှမ်းဆီရယ်၊ ဆော့စ်ရယ်၊ ထမင်းရယ် ရောမွှေပြီးစားကြပါတယ်။ 


မရောခင် နဲ့ ရောပြီး



ကမ္ဘာ လူကြိုက် အများဆုံး အစားအသောက် ၅၀ ထဲမှာပါပါတယ်။ အစ်မ ကျူတီပြောတာ။ :P 


 လာမယ်ဆို ကျွေးပါမယ်။ ကျောင်းလမ်းပေါ်မှာပဲ။ ဆိုင်လေးက ဒီလို။ :)




မနက် ဆရာ့ကို သွားတွေ့ရတော့မှာမို့ ဒီမှာတင် ရပ်လိုက်ပါမယ်နော်။
သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။ :)

You Might Also Like

12 comments

  1. ဟုတ်ကဲ့။
    အကင်လည်းစားသွားတယ်။
    ကြက်ဥလည်းစားသွားတယ်။
    ဆရာနဲ့ တွေ့ ရင်လည်းအဆင်ပြေပါစေ..
    အိုင်အိုရာ

    ReplyDelete
  2. အင်း... ဂျေဂျူးမှာ စားဖူးတုန်းကတော့ ရေဗူးရယ်၊ တာဝါရယ်၊ ဟင်းရံပွဲ တွေကို အလကား ပေးတာ သဘော အကျဆုံး ပဲ ... အစား အသောက် လေးတွေ လာငမ်းသွားပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  3. သွားရည်ကျလိုက်ထှာာာ ဗိုက်ဆာသွားဒယ်


    မောင်ဘကြိုင်

    ReplyDelete
  4. ဘီဘမ်ဘက်တော့ ကြိုက်တယ် မြတ်ကြည်ရေ.......

    ReplyDelete
  5. သူရည်ယိုသွားပါတယ်......

    ReplyDelete
  6. မသိလို့ မေးကြည့်တာနော် ..
    ကိုးရီးယားမှာ ခွေးသား
    စားကြတယ် ဆိုတာ
    ဟုတ်လား ဟင် .. ၊

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. ဟုတ်တယ် အစ်မဆောင်း။ နယ်မြို့တွေမှာ စားကြတယ်။ ဆောင်းတွင်းဆို ခွေးသားက နွေးလို့ဆိုပြီး။

    ReplyDelete
  8. အစုံပါပဲလားနော်... ဗိုက်တောင်ဆာလာဘီ... :P

    ReplyDelete
  9.ုမြတ်ကြည်ဆီလာလည်ဦးမှပဲး))

    ReplyDelete
  10. ခွေးသားတော့စားချင်ဘူး.။ ကြောင်ဆိုစားချင်စားပစ်လိုက်ဦးမယ်.။

    ReplyDelete
  11. ထမင်းသုပ်တွေထဲမှာပြည်ကထမင်းသုပ်ကအကောင်းဆုံဘဲ။

    ReplyDelete
  12. အရမ်းကိုစားချင်တာပဲ အားပေးသွားပါတယ်အမ မြတ်

    ReplyDelete