ကိုရီးယား တိုင်းရင်းသား ကျေးရွာ 한국 민속촌

By 2:02 AM


မြတ်ကြည်တို့မြို့ကိုရောက်ရင် လည်စရာပတ်စရာထဲက တစ်ခုပေါ့။ မြတ်ကြည် ဒီကို ရောက်ရောက်ချင်းတုန်းက အဲဒီကို အရင်ဆုံးရောက်တာပဲ။ အဖေနဲ့ အမေက မြတ်ကြည်အတွက် အဲဒီက ဆိုင်လေးမှာ ဒီလက်ဆောင်လေး လုပ်ပေးပြီး ထားခဲ့တာ။


နောက်တော့ ကိုရီးယား ဘာသာစကား သင်တန်းက သူငယ်ချင်းတွေနဲ့ ထပ်ရောက်ဖြစ်တယ်။ အသိအစ်မ စုံတွဲ လာလည်တော့လည်း နောက်တစ်ခေါက်။ လည်စရာပတ်စရာတွေကတော့ အများကြီးပါပဲ။ ဓာတ်ပုံရိုက်လို့ကောင်းတယ်။ ချန်ဂင် (လာပြန်ပြီ) ဇာတ်ဝင်ခန်းတော်တော်များများကို ဒီထဲမှာပဲ ရိုက်ပါတယ်။

ကျောင်းကညီမလေး ပုံကို အလင်းအမှောင်ပြန် ကလိထားတာ။ 


အတန်းထဲက တရုတ်မလေး ၃ ယောက်

ပုခုံးပေါ်တင်တာကို ခါးသွားပတ်တာ ရယ်နေရတယ်။ :D

အပြစ်ပေးပစ်မယ် :P

စမ်းချောင်းကို ဖြတ်ကူး ..

မြတ်ကြည် လက်ရာ :)


အစားအသောက်လည်း တော်တော်ကောင်းတယ်။ ကိုရီးယား ပန်ကိတ် (파전) အဲဒီမှာစားတာ အရသာ အရှိဆုံးပဲ။ အစားအသောက်ဆိုရင် အရှေ့နားမှာရှိတဲ့ ဆိုင်ထက် နောက်နားမှာ အပြင်မှာထွက်ချက်တဲ့ ဆိုင်က ပိုကောင်းတယ်။

 အရှေ့ဆိုင်

ရိုးရာဆိုင်လေးတွေ၊ ထူးထူးဆန်းဆန်းလေးတွေလည်း ရှိတယ်။ 

ကိုယ့်အရှေ့မှာ ငှက်သိုက်မုန့်ကို လက်နဲ့ ၂ မိနစ် အတွင်း လုပ်ပြတာ *must see*

စာရွက်ပေါ်မှာ ဖြစ်ချင်တာကိုရေး၊ အလိပ်ကလေးခေါက်ပြီး နောက်က နေရာမှာသွားချိတ်ရင် ဆုတောင်းပြည့်တယ် ပြောတာပဲ။

ရွာရဲ့ အစောင့်အရှောက်

  Performance time


ရိုးရာ မင်္ဂလာဆောင်

လယ်စိုက် အက

      ခေါင်းမှာ ကြိုးအရှည်ကြီးတပ်ပြီး ခေါင်းခါခါ က တာ။ သူတို့အစား ခေါင်းမူးလိုက်တာ။

ရိုးရာအက၊ မြင်းအလှစီးပြတာ၊ ကြိုးတန်းပေါ် မျိုးစုံလုပ်ပြတာနဲ့ ရိုးရာမင်္ဂလာဆောင် ကြည့်ချင်ရင် ၁၀:၃၀ မှာ တစ်ကြိမ်၊ ၂ နာရီမှာ တစ်ကြိမ် ကြည့်လို့ရပါတယ်။ 

ဝင်ကြေး

 ဈေးတော့ နည်းနည်းကြီးတယ်။ တစ်ယောက်ကို ၁၅၀၀၀။ 

  လာလည်မယ်ဆို အကောင်းဆုံးရာသီက နွေဦး ပန်းတွေပွင့်နေတဲ့အချိန်ရယ် ဆောင်းဦးရွက်ကြွေ အချိန်ပါ။ 

သင်တန်းတုန်းက အတွဲဖြစ်ဆုံး ဂျပန်မလေး (နွေဦးတုန်းက)

Suwon ရောက်ရင် လိုက်ပို့ပေးပါမယ်။ စရိတ်ကတော့ ကိုယ့်စရိတ်ကိုယ်စိုက်ပေါ့။ ဟီးဟီး :D

အဲဒါနဲ့ ရန်ကုန်ကနေ ကိုရီးယား (အင်ချွန်း) ကို တိုက်ရိုက်လေကြောင်း ရနေပါပြီ။ ပျမ်းမျှ ၅နာရီပဲကြာပါတယ်။

စာဖတ်သူများအတွက် သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။


You Might Also Like

15 comments

  1. မြတ်ကြည်လေးနဲ့ တူတူလျှောက်လည်ချင်လိုက်တာကွာ။
း)
    အိုင်အိုရာ

    ReplyDelete
  2. နောက်တော့မှ ကိုရီးယားသွားတဲ့ပုံတွေတင်ပြီး ညီမလေးကိုမေးရအုံးမယ်...
    “မ“ တို့သွားတုန်းက tour နဲ့သွားတာလေ..
    ဖြစ်ချင်တော့ english guide ရမယ်ဆိုပြီး ဟိုရောက်တော့.. chinese guide ဖြစ်နေလို့ “မ“ တို့နှစ်ယောက် ခေါ်ရာလိုက်၊ ကျွေးတာစားနဲ့ သိပ်နားမလည်လိုက်ဘူး..

    ReplyDelete
  3. :D ဒီက အင်္ဂလိပ်လို ပြောတဲ့ ဂိုက်တွေလည်း အင်္ဂလိပ်လို ပြောရင် နားမလည်ကြပြန်ဘူး။ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တာ ရှားတယ်။

    ReplyDelete
  4. မမ၊ လာလည်ရင် ခေါ်လိုက်နော်။ :)

    ReplyDelete
  5. ပျော်စရာကြီးကွယ်..လျှောက်လည်ရတာတော့ပျော်ပါတယ်..ပိုက်ပိုက်ကုန်တာလေးပဲညစ်တာ:)အဲတော့ဘလော့ပေါ်ရောက်တော့လည်တယ်ကွယ်...ဒါလည်းလည်တာပဲနော်..ညီမ

    ReplyDelete
  6. လာလည်ချင်လိုက်တား)

    ReplyDelete
  7. သူငယ်ချင်းတွေ အများကြီးနဲ့ လျှောက်လည်ရတာ ပျော်စရာကြီး..၊ အခုလို ရိုးရာဓလေ့တွေ၊ တိုင်းရင်းသား အသုံးအဆောင်တွေ အကြောင်း လေ့လာရတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်နော်...။

    ReplyDelete
  8. ပျော်စရာကြီး :D :D

    ReplyDelete
  9. လာလည်သွားတယ်
    ကျွန်တော် Suwon ရောက်ခဲ့တယ်
    မြတ်ကြည် ရှိမှန်းမသိလို. ၀င်မလည်လိုက်ရဘူးဗျာ
    Seoul ကိုတော့ တော်တော်နှံ့ခဲ့တယ် (ထင်တာဘဲ)

    ReplyDelete
  10. ကိုရီးယားကိုပါ အလည်တစ်ခေါက် အမနဲ့ အတူ လျှောက်သွားခဲ့ပါတယ်............

    ReplyDelete
  11. လာလည်ရင်
    အဲ့ဒီ့နေရာတစ်ခုပဲ ကိုယ့်စရိတ်ကိုယ် စိုက်ရမှာမလား ..
    ကျန်တဲ့နေရာတွေ သွားရင် မြတ်ကြည် ဒကာခံမှာပေါ့ နော် .. အဲ့သဘောပေါ့ .. :D
    ဟုတ်တယ် ဟုတ် .. :D
    နောက်နှစ်ထဲမှာ ကိုးရီးယား လာမယ့်လို့
    စိတ်ကူးးထားတယ်လို့ ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  12. ကိုရီးယားရုပ်ရှင်ကားတွေကြည့်ပြီး ရောက်ဖူးချင်နေတာ..ပျော်စရာကြီး မြတ်ကြည်ရေ..

    ReplyDelete
  13. တစ်ခါတစ်ခေါက်စိတ်ကူးနဲ့တော့ရောက်ခဲ့ဖူးရဲ့ လက်တွေ့ကတော့ဘယ်သောခါမှ.....

    ReplyDelete
  14. suwon ကနေဘာကားစီးပြီးသွားရလဲဗျ သိချင်လို့ပါ

    ReplyDelete
  15. Suwon Station ကနေ ဘတ်စကား အစိမ်း ၃၇ စီးရင် ရောက်ပါတယ်။ ဟန်းဂုမင်စုက်ချွန်း မှာ ဆင်းပါ။

    ReplyDelete