စာရေးသူအကြောင်း တစေ့တစောင်း
By 11:05 AM
ဒါလေးက စိတ်ပြေလက်ပျောက်တင်တဲ့ ပို့စ်လေးပါ။ မြတ်ကြည်ဆိုတာ ဘယ်လိုပုံစံမျိုးတုန်း? သိချင်ကြသည်ရှိသော် ဒါလေးကို ဖတ်ကြည့်ကြပါလို့။ လူချင်းမတွေ့ဆုံကြသော်ငြား စိတ်ထဲကတော့ မှန်းကြည့်လို့ရတာပေါ့နော်။
External Appearance
1) ငယ်ငယ်က အသားညိုသည်ဟုပြောရင် အော်ငိုတတ်သူ
2) တရုတ်လားလို့ မေးတဲ့သူများလည်းရှိသည်
3) အရပ်ရှည် (ဟုတ်၏၊  5 ပေ 7 လက်မ (170 စင်တီ)
4) ခါးကိုင်းသည် (သတိမထားလျှင်)
5) မာနကြီးသည် (မသိသူဆို)
6) ရယ်လိုက်ရင် ဘက်သိပ်မညီ (ငယ်ငယ်က စက်ဘီးတိုက်ထားသောဒဏ်)
7) ဒီကလူများက ပိန်သည်ဟုပြောကြသည် (123 lb)
8) အလှဆုံး အစိတ်အပိုင်း = ခြေထောက် (ထို့ကြောင့်အမြဲသ ထားသည်)
9) ပုခုံးကျယ် (ရေအလွန်ကူး၍)
10) ဆံပင်အရှည်ထားရန်ကြိုးစားနေသည်
 Character        
1) မိန်းမဆန်သူ
2)  စိတ်ဆတ်သည် (စိတ်ကထောင်းကနဲဖြစ်ရင်၊ မျက်နှာချက်ချင်းပျက်သည်)
3) ရှေ့မကြည့်နောက်မကြည့်
4) တိုလီမုတ်စလျှောက်ဝယ်တတ်သူ (အထူးသဖြင့် ဖိနပ်)
5) ကပ်စီးနည်းလည်းသူ့ပြင်မရှိ၊ လက်ဖွာလိုက်လည်း ဝေသံသရာ
6) မိသားစုကိုအလွန်ချစ်သူ (ချစ်သူအပါအဝင်)
7) ဘာလုပ်လုပ် deadline မတိုင်ခင် ကြိုပြီးအောင် လုပ်သူ
8) ဇွဲကြီးသူ (တခါတလေ)
9) social မမ (အဖေပေးသော နာမည်)
10) သူများကိစ္စ အားတက်သရော ဝင်ပါသူ (ခဏခဏ ကြားညပ်ခံရသည်)
11) အပြင်ထွက်ခင် အဝတ်သုံးခါလဲပြီး နောက်ဆုံး ထူးမခြားနား ဝတ်စုံဖြင့် အိမ်မှထွက်သူ
12) စားကောင်းကောင်းမကောင်းကောင်း ဟင်းအလွန်ချက်ချင်သူ
13) ဓာတ်ပုံရိုက်ရင် သူမတူအောင် ပဲပေးသူ
မိသားစုနဲ့ သူငယ်ချင်းတွေ ဝေဖန်လေ့ရှိတဲ့ ကျွန်မရဲ့ အသွင်အပြင်နဲ့ အကျင့်စရိုက်တွေပါ။ ( ပြန်ကြည့်တော့ မကောင်းတာက များနေတယ် :D )။ ဒါလေးဖတ်ပြီး မခင်မင်တော့ဘူးရယ်လို့ မလုပ်လိုက်ပါနဲ့။
 :)
စာဖတ်လာသူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
You Might Also Like
18 comments
  1. အတည့်လည်းကြည့်ပရစေမျက်ဂျီး
    <3
    ReplyDelete
  2. နောက်ကြုံရင် တင်ပေးမယ် အသီး :D
    ReplyDelete
  3. ဟဲဟဲ.. ဒီလိုလေးဖတ်ရတာလည်း တမျိုးပျော်စရာလေးပဲ... :D
    ReplyDelete
  4. ချစ်စရာ အမူအကျင့်လေးတွေနဲ့  ချစ်စရာ ညီမလေးတယောက်ပါလား... :-)
    ReplyDelete
  5. ၅ပေ၇လက်မ
    အိုးအရည်ကြီးပါလား
    အစ်မကကိုယ့်အရပ်ကို ရှည်တယ်အောက်မေ့နေတာ
    ၅ပေ ၅ခွဲလေ ဟိဟိ
    ဒါဆို ကိုယ့်ထက်ရှည်သူပေါ်လာပြီ..
    မျက်နှာလေးကလည်း ချစ်ရာလေး
    တစ်ကိုယ်လုံးပုံလဲ တင်ပါဦး
    ဒီအရပ်နဲ့ ဒီဘော်ဒီဝိတ်နဲ့ဆို တကူးတက ဝိတ်ချဖို့မလိုတော့ဘူး
    သိပ်ကောင်းတာဘဲ
    ReplyDelete
  6. အယ်တော့်.. ဒါက ဘယ်သူလေးတုန်း
    တွေ့ဘူးသလိုလိုပဲး))
    တူများကိစ္စတွေအားတက်သရောဝင်ဖျက်
    အဲလေ
    အကူလိုရင်တောင်းမယ်နော် ဟီးး
    ချစ်ခင်စွာဖြင့်
    မိစံ
    ReplyDelete
  7. ကန်ဒီနဲ့ မသက်ဝေ ... အားပေးကြလို့ ကျေးဇူး။
    မချော ... ကြည့်မယ်ဆို ပြမယ် ပြမယ်
    မိစံ... အကူအညီလိုရင်ပြော၊ ဝင်ရှုပ်ပေးမယ် :P
    ReplyDelete
  8. ပဲကျိ အဲလေ မှားလို့ မျက်ကျိ .. သိပ်လှ
    ReplyDelete
  9. လူပုံကို သေချာမြင်ရပြီ။ တခါမှဝင်မမန့်ဖူးဘူး။ ဒါပေမဲ့ အမဆီမှာတော့ လင့်ချိတ်ထားတာမို့ အသစ်တင်တိုင်းတော့ ၀င်ဖတ်ပါတယ်။
    ReplyDelete
  10. အစ်မရေ၊ လင့်ခ် ချိတ်ပေးထားလို့ကျေးဇူးပါနော်။ လိုအပ်တာရှိလည်း အကြံပေးပါဦး။
    ReplyDelete
  11. မမြတ်ကြည်က ဆေးကျောင်းကလား...
    သူငယ်ချင်းတွေထဲမှာ cute_teen နဲ့ netlica ဆိုတာ ရှိလားဟင်...
    အရင်က friendster ထဲမှာ တွေ့ဖူးသလားလို့ပါ...
    ဆုကဗျာနဲ့ ရုပ်ဆင်တယ်နော်...
    =)
    ReplyDelete
  12. ဟုတ်။ တွဲနေကျ တစ်ဂိုဏ်းတည်းသားတွေ။ :)
    ReplyDelete
  13. eyeshadow ဆွဲတာ အရောင်အမျိုးမျိုးနဲ့ လုပ်ပြပေးပါမမ လုပ်တတ်ဝူး လှချင်လိုက်တာလဲစက်စက်ယိုပဲ မီးက အဟီးးး
    ReplyDelete
  14. ပဲလေးရေ၊ မြတ်ကြည်က အလှပြင်တာ သိပ်မဖြစ်ထွန်းဘူးတော့။ ရွှေဗျူးတီးမှာတော့ မကဗျာရေးတာ အလှပြင်နည်း တော်တော်စုံတယ်။ သွားလည်ကြည့်နော်။ http://www.shwebeauty.com
    ReplyDelete
  15. စာရေးသူအကြောင်း တစေ့တစောင်းလေးကို ဖတ်သွားပါတယ်။
    ReplyDelete
  16. အို ၅ ပေ ၇ လက်မ တောင်..
    အဲ့လို အရပ်ရှည်ချင်တာ ..း))
    ခင်မင်လျှက်
    ဆောင်းနှင်းရွက်
    ReplyDelete
  17. မကောင်းပါဘူးအစ်မရယ်၊ ဂလန်ဂလားနဲ့ :)
    ReplyDelete